ကိုလိုနီခေတ်တွင် ၁၉၂၃ ခုနှစ်တွင် အစိုးရ အလယ်တန်းကျောင်း ( သတ္တမတန်းကျောင်း ) အဖြစ် စတင်ဖွင့်လှစ်ခဲ့သော အမျိုးသားကျောင်းဖြစ်သည်။ အမှတ်(၁) အစိုးရအထက်တန်းကျောင်း ၊ နိုင်ငံတော်တန်းမြင့်ကျောင်း ၊ အဆင့်မြင့်တန်းကျောင်း ဟု အမည် အမျိုးမျိုး ခေါ်တွင်ခဲ့ပြီး ၁၉၈၃~၁၉၈၄ ခုနှစ်မှ ယနေ့အထိ အမှတ်(၁) အခြေခံပညာ အထက်ကျောင်းဟု ခေါ်ဆို သတ်မှတ်ခဲ့ပါသည်။
ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ အမှတ်( ၁) အခြေခံပညာ အထက်တန်းကျောင်းကို ၁၉၂၃ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ အစိုးရ အလယ်တန်းကျောင်း ( သတ္တမတန်းကျောင်း ) အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ မြစ်ကြီးနားမြို့တွင် သက်တမ်း အရင့်ဆုံး စာသင်ကျောင်းဖြစ်သည်။
၁၉၂၈ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ အစိုးရ အထက်တန်းကျောင်း အဖြစ် တိုးမြှင့်ခဲ့ပါသည်။
၁၉၄၂ ခုနှစ်တွင် ဒုတိယ ကမ ္ဘာစစ်ကြီးကြောင့် ကျောင်းကို ခေတ္တရပ်စဲထားခဲ့သည်။
၁၉၄၅ ခုနှစ်တွင် အစိုးရ အထက်တန်းကျောင်း အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
၁၉၅၂ ခုနှစ်တွင် လက်ရှိ ပင်မအဆောင်ကြီးကို ဆောက်လုပ်ပြီးစီးခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ၊ မူလတန်းပိုင်းကို လက်ရှိ အ.လ.က (၆) နေရာတွင် အ.မ.က(၆) အနေနှင့် သီးခြားဖွင့်လှစ်ခဲ့ပြီး အ.ထ.က(၁) တွင် အလယ်တန်းနှင့် အထက်တန်းကိုသာ သင်ကြားပေးခဲ့သည်။
၁၉၇၄~၁၉၇၅ ခုနှစ် ပညာသင်နှစ်မှ စတင်ပြီး အ.ထ.က(၁) ကို အကြိုသက်မွေး ပညာသင်ကျောင်း အဖြစ် သတ်မှတ်ခဲ့ြ့ပီး ပဉ္စမတန်းမှ အဌမတန်းအထိ ကျောင်းသားများကို စက်မှုလက်မှုပညာနှင့် ကျောင်းသူများကို အချက်အပြုတ် အချုပ်အလုပ် အိမ်တွင်းမှုပညာရပ်များကို ကြိုသက် ဆရာ ဆရာမ များသီးခြား ခန့်အပ်ပြီး သင်ကြားပေးခဲ့သည်။
အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အဖြစ် ၁၉၈၃ ခုနှစ်တွင် စတင် ခေါ်ဝေါ်ခဲ့ပါသည်။
၁၉၈၃~၁၉၈၄ ခုနှစ် ပညာသင်နှစ်တွင် မူလတန်းပိုင်းကိုလည်း ပြန်လည်ထည့်သွင်း ဖွင့်လှစ်ခဲ့သည်။ ၁၉၈၅~၁၉၈၆ ခုနှစ်ပညာသင်နှစ်တွင် အမှတ်(၁) အစိုးရအထက်တန်းကျောင်း ( သိပ္ပံ ) ဟု သတ်မှတ်ပြီး သိပ္ပံဘာသာတွဲ ကျောင်းသား ကျောင်းသူများကိုသာ လက်ခံသင်ကြားပေးခဲ့သည်။ ၁၉၈၆~၁၉၈၇ ခုနှစ် ပညာသင်နှစ်တွင် ဝိဇ္ဇာ/ သိပ္ပံ ကျောင်း အဖြစ် ပြန်လည် သတ်မှတ်ပြီး ဝိဇ္ဇာ နှင့် သိပ္ပံ ဘာသာတွဲ ကျောင်းသား ကျောင်းသူများကို သင်ကြားပေးခဲ့သည်။
ခေတ်အဆက်ဆက် ပညာရေး အစီအစဉ်များအရ အမှတ်(၁) အစိုးရအထက်တန်းကျောင်း ၊ နိုင်ငံတော်တန်းမြင့်ကျောင်း ၊ အဆင့်မြင့်တန်းကျောင်း ဟု အမည် အမျိုးမျိုး ခေါ်တွင်ခဲ့ပြီး ၁၉၈၃~၁၉၈၄ ခုနှစ်မှ ယနေ့အထိ အမှတ်(၁) အခြေခံပညာ အထက်ကျောင်းဟု ခေါ်ဆို သတ်မှတ်ခဲ့သည်။