ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ ဧရာရပ်ကွက် ၊ ပြည်ထောင်စုလမ်းနှင့် ဆွမ်ပရာဘွမ်လမ်းထောင့်တွင် တည်ရှိပါသည်။
ဧရိယာ အကျယ်အဝန်းမှာ ၁ဝ.၁၄၁ ဧက ( အလျား ပေ-၇ဝဝ x အနံ ပေ-၆၄ဝ )ရှိပါသည်။
ကိုလိုနီခေတ်တွင် ၁၉၂၃ ခုနှစ်တွင် အစိုးရ အလယ်တန်းကျောင်း ( သတ္တမတန်းကျောင်း ) အဖြစ် စတင်ဖွင့်လှစ်ခဲ့သော အမျိုးသားကျောင်းဖြစ်သည်။ အမှတ်(၁) အစိုးရအထက်တန်းကျောင်း ၊ နိုင်ငံတော်တန်းမြင့်ကျောင်း ၊ အဆင့်မြင့်တန်းကျောင်း ဟု အမည် အမျိုးမျိုး ခေါ်တွင်ခဲ့ပြီး ၁၉၈၃~၁၉၈၄ ခုနှစ်မှ ယနေ့အထိ အမှတ်(၁) အခြေခံပညာ အထက်ကျောင်းဟု ခေါ်ဆို သတ်မှတ်ခဲ့ပါသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းကို စတင် တည်ထောင်ခဲ့သည့် ၁၉၂၃ ခုနှစ်မှ လက်ရှိအချိန် အထိ နှစ်အလိုက် တာဝန်ယူခဲ့ကြသော ကျောင်းအုပ်ကြီးများ၏ အမည်စာရင်း...