UNHCR မှ ကြေညာထားသော လူလိမ်/လူညာနှင့် ပတ်သက်၍ သတင်း တင်ပြခြင်း

-------------------------------------------------------------------------

လူလိမ်၊ လူညာများကို သတိပြုရန်- RAHAMAN/SOE MYINT/ MIRZA ALIRahaman / Soe Myint / Mirza Ali ဟု အမည်ခံထားသူတစ်ဦးသည် UNHCR ရုံးဝင်းပြင်ပနှင့် တခြားနေရာများတွင် UNHCR အတု စာရွက်စာတမ်းများကို ရောင်းချနေကြောင်း UNHCR မှ သတင်းရရှိထားပါသည်။၎င်းသည် လိမ်လည်လှည့်ဖျားမှုတစ်ခုသာ ဖြစ်ပါသည်။UNHCR စာရွက်စာတမ်းများကို UNHCR ရုံးတွင် မှတ်ပုံတင်ပြီးမှသာ ထုတ်ပေးခြင်းဖြစ်ပြီး မည်သည့်အခကြေးငွေမျှ ပေးဆောင်ရန် မလိုပါ။အကယ်၍ တစ်စုံတစ်ဦးက UNHCR စာရွက်စာတမ်းများအတွက် ငွေတောင်းခံပါက ၎င်းသည် အတုအယောင် စာရွက်စာတမ်းသာ ဖြစ်ပါသည်။
**ကျေးဇူးပြု၍ အောက်ပါအချက်များကို မှတ်သားထားပါ**
  •  UNHCR သည် သင့်ထံမှ မည်သည့်အခါမျှ ငွေကြေးတောင်းခံမည်မဟုတ်ပါ။
  • မည်သူတစ်ဦးတစ်ယောက်ကမျှ ငွေကြေးရယူပြီး UNHCR စာရွက်စာတမ်းများ ထုတ်ပေးခြင်း၊ UNHCR လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရန် ကူညီပေးခြင်း သို့မဟုတ် သင့်အမှုတွဲကို မြန်ဆန်အောင် ဆောင်ရွက်ပေးခြင်းတို့ မပြုလုပ်နိုင်ပါ။
  • ထိုကဲ့သို့သော ဝန်ဆောင်မှုပေးမည်ဟု ကမ်းလှမ်းလာသူများအား ငွေကြေးမပေးပါနှင့်။
  • သင်၏ UNHCR အမှုတွဲအပေါ်  အဆင်ပြေအောင် လုပ်ပေးနိုင်သည်/လွမ်းမိုးမှုရှိပြီး ချက်ချင်းရနိုင်သည်ဟု ပြောဆိုလာသူများကို သင်၏ ကိုယ်ရေးအချက်အလက်များ မပေးပါနှင့်။
  • အကယ်၍ တစ်စုံတစ်ဦးက UNHCR ကတ်အတုများ ပြုလုပ်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် အခြားသူ၏ UNHCR ကတ်ကို အသုံးပြုနေခြင်းများကို သိရှိပါက mlslufrd@unhcr.org သို့ အီးမေးလ်ဖြင့် အကြောင်းကြားပေးပါ။
  • လိမ်လည်မှုများကို သတင်းပေးပို့ခြင်းကြောင့် သင်၏ UNHCR အမှုတွဲ ကြန့်ကြာသွားခြင်း သို့မဟုတ် သင့်အား လိမ်လည်မှုဖြင့် စစ်ဆေးမေးမြန်းခြင်းမျိုး ရှိမည်မဟုတ်ပါ။
  • UNHCR သို့ ပေးပို့လာသော လိမ်လည်မှုဆိုင်ရာ သတင်းပေးပို့ချက်အားလုံးကို လျှို့ဝှက်ထားရှိမည်ဖြစ်ပြီး သင်၏ သဘောတူညီချက်မပါဘဲ မည်သူ့ကိုမျှ ထုတ်ဖော်ပြောကြားမည်မဟုတ်ပါ။
* မလေးရှားနိုင်ငံရှိ ဒုက္ခသည်အသိုက်အဝန်းအတွင်း အမြတ်ထုတ် လိမ်လည်နေမှုများအကြောင်း အသေးစိတ်သိရှိလိုပါက "Beware of Scam" စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-https://refugeemalaysia.org/support/beware-of-scams/မှတ်ချက် - UNHCR ၏ ကြေညာချက် အချက်အလက်များအား Member အဖွဲ့ဝင်များ သိရှိစေဖို့ ပြန်လည် ဘာသာပြန်၍ မျှဝေခြင်း ဖြစ်သည်။ARRC Info_____________________________________________________________________