မဂ်လာပါ။ ပျော်ရွှင်ချမ်းမြေ့ပါစေ။
Windows ၏ User account Password ချိုးဖျက်ပြီး Security ထိပါးခံရခြင်းကင်းဝေးစေရန်
Windows ရဲ့ User accounts တွေရဲ့ Password တွေကို Reset ပြန်လုတ်လို့ ရနေတာသိကြမှာပါ ။ CD ခွေလေးတစ်ချပ်နဲ့ windows password ကိုခြေဖျက်လိုက်နိုင်တာတခဏပါဘဲ ။ဒီကစ္စကိုဘယ်လိုကာကွယ်ထားရမယ် ဆိုတာစိတ်ထဲတွေးမထားမိဘူး။ မိတ်ဆွေများကလည်း windows password ကို reset ခြင်းကိစ္စကိုဘဲဖေါ်ပြကြတယ် ၊ ဘယ်လိုပိတ်ထားရမယ်ဆိုတာရေးထားတာမတွေ့မိဘူး ။ (ကျနော်ဘဲအရှာအဖွေ အဖတ်အရှု နည်းလို့ ထင်ပါတယ် )
တနေ့က မှ ဒီကိစ္စကိုလေးလေးနက်နက် ထားသင့်တယ်ဆိုတာကျနော်မိတ်ဆွေ တစ်ယောက်ကဘဲကျနော့်ကိုပညာပေးလိုက်ပါတယ် ။ကျနော် အပြင်ရောက်နေတုံးကျနော့် သူငယ်ချင်းအိမ်ကိုရောက်လာပါတယ် ။ကျနော်နဲ့ ချိန်းထားတာပါ ဘဲ၊ သူကကျနော့်ဆီကသူလိုအပ်တဲ့ softwaresတချို့ ရှိနေတော့ လိုခြင်ပါတယ်ဆိုလို့ ဝေငှ ဘို့ ကျနော် က အိမ်လာဘို့ချိန်းထားတာပါ။ ကျနော့် အမေကလည်း ကျနော့်သူငယ်ချင်းဆိုတော့ ကျနော် ကိုစောင့်ရင်းလွတ်လွတ်လပ်လပ် နေစေခြင်တဲ့ စေတနာနဲ့ ကျနော် အခန်းမှာစောင့်ခိုင်းစေပါတယ် ။
ကျနော် အပြင်က ပြန်ရောက်ရောက်ခြင်းဘဲ ..”ကဲ .သူငယ်ချင်းလိုခြင်တာပြော”လို့ ဆိုတော့ သူငယ်ချင်း က “ယူပြီးပြီ”တဲ့ ။ ကျနော့် အသက်အရွယ်နဲ့ အတွေ့ အကြုံ က ကျနော့်ရဲ့ မကြေနပ်စိတ်ကို ကျနော်မျက်နှာမှာမဖေါ်လိုက်တေါ့ပါဘူး ။ ကျနော့်ကွန်ပြူတာရဲ့စီဒီ Drive ထဲ က စီဒီတချပ်ခလုပ်နှိပ်ရင်းဆွဲထုပ်နေတဲ့ သူငယ်ချင်းကို ပြုံးပြုံးလေးကြည့် ပြီးလဘက်ရည်တိုက် စကားစမြည်လေးခဏပြော ၊ ပြန်သွားစေခဲ့ပါတယ် ။
ကျနော်ရဲ့ ကွန်ပြူတာကို passwords တွေ ချိုးဖျက်ဝင်ရောက်သွားတဲ့ သူငယ်ချင်းကြောင့် ယခုတင်ပြမဲ့ ကျနော် အသုံးပြုတဲ့ CompuSecဆိုတဲ့ Security software လေးကို ကျနော် ရေးပြပါမယ် ။ ကျနော်လိုမဖြစ်စေခြင်တဲ့ ဆန္ဒရယ် ၊ မိတ်ဆွေများရဲ့ Security ကိုအခြားလူမထိပါးစေနိုင်ဘို့ရယ်ပေါ့ဗျာ ။
CompuSec က Free ပေးထားတာပါ ။ သုံးရင်လဲဘာမှ ကြော်ငြာမှ မပါဘူး ။ update လည်းမလုတ်ခိုင်းပါဘူး ။ ကျနော်လည်းအင်တာနက်ထဲမွှေရင်းရှာရင်းရထားတာပါ ။ ဒီ CompuSec ရဲ့ install လုပ်ပုံလုပ်နည်းလေးတွေကိုအောက်မှာပုံလေးတွေနဲ့ ရှင်းပြသွားပါ့မယ် ။ Free CpmpuSec version 5.3.0 ကိုယူလိုက်ပါအုံး ။ ဆိုဒ်က (36MBလောက်) ရှိပါတယ် ။ ရလာမဲ့ RAR ဖိုင်လေးကိုသင်နှစ်သက်ရာနေရာမှာ ဖြည်လိုက်ပါ ။
အထက်ပါ ပုံအတိုင်းဖိုင်ဖြည်ပြီးရင် အနီးဝိုင်းပြထားတဲ့ setup.exe ဖိုင်လေးကိုကလစ်နှစ်ချက်နှိပ်လိုက်ပါ ။
အထက်ကပုံအတိုင်းတွေ့လာခဲ့ရင် မျှားပြထားတဲ့ installation or remocal of compuSec components ကို နှိပ်လိုက်ပါ ။
အထက်ကပုံ က Accept ဆိုတဲ့ မှင်နီ ၀ိုင်ပြထားတာကို နှိပ်ပါ ။အောက်ပါအတိုင်းအညွှန်းပုံများကို ကြည့်ပြီးဆက်လက်လုတ်ဆောင်သွားပါ ။
Continue နဲ့ဆက်သွားပါ ။
Continue နဲ့ဆက်သွားပါ ။
အထက်ပါ အဆင့်ရောက်ရင် - Enter User ID ဆိုတဲ့ အနီနဲ့ ပြထားတဲ့ လေးဒေါင့်ကွက်ထဲမှာသင့်ရဲ့ အမည် (သို့) သင်နှစ်သက်ရာအမည်တစ်ခုခုကိုပေးပါ ။ စိတ်ကူးထဲ တဲ့ရာပေးပြီးတော့မှ မမှတ်မိတာမျိုးဖြစ်တတ်တာမို့ မှတ်မိတဲ့ အမည်ကိုပေးပါ ။ နောက်ပိုင်း logon ၀င်တဲ့အခါ အမြဲတန်းရိုက်ပေးရမဲ့ အမည်ဖြစ်လို့ပါ ။ အထက်ကပုံမှာဘဲ မှင်နီဝိုင်းထားတဲ့ Box တွေမှာသင်စိတ်ကြိုက် အမှန်ခြစ် - ထည့်ခြင်ထည့် - မတည့်ခြင်နေရပါတယ် ။ သင်ပေးတဲ့ password ကို ရက်ဘယ်လောက်ဘဲထားခြင်တာလဲ ။ သင်ပေးတဲ့ Password ကို Logon ဘယ်နှစ်ကြိမ် ၀င်ထိလက်ခံမှာလည်း ဆိုတာကလည်း သင့် စိတ်ကြိုက် ပြင်ဆင်ထည့်ပေါ့ဗျာ ။ကျနော် ကတော့ အလွတ်ထားလိုက်ပါတယ် ။ အောက်မှာကြည့်ဗျာ ။ ပြီးတော့ Continue ဆက်သွားပါတယ် ။
ဆက် Continue
ဆက် Continue
Continue ထပ်နှိပ်ပါတယ် ။
အထက်ပါ ပုံစာအညွှန်းအတိုင်ပေါ့နော် ။
ပုံပါ စာများကိုဖတ်ကြည့်ပါ ။
ပုံပါ စာများကိုဖတ်ကြည့်ပါ ။
ပုံပါ စာများကိုဖတ်ကြည့်ပါ ။
အထက်ပါ ပုံမှာဒီCompuSec Security ကိုစတင်သုံးဘို့အတွက် Password က start123 ပါ ။ ပြီးမှ ကိုယ်ကြိုက်တဲ့ Password ကို ပြန်ပြောင်းရမှာပါ ။ မှတ်ထားအုံးနော် ။
ထုံစံအတိုင်းပုံစာများနဲ့ ဆက်သွားပါ ။
ပုံပါ စာများကိုဖတ်ကြည့်ပါ ။
ပုံပါ စာများ ဖတ်ပြီး ဆက်သွားပါ ။
နောက်ဆုံး Finish ပြီးနောက် အောက်မှာဆက်ပြထားတဲ့ ပုံများကတော့ windows ပြန်တက်လာလာခြင်းတွေ့ရမဲ့ ပုံတွေပါ ။ screen ဖမ်းလို့ မရနိုင်လို့ ဓါတ်ပုံရိုက်ပြီးတင်ပြထားပါတယ် ။ ကင်မရာ မကောင်းလို့ ပုံတွေ ၀ါးနေတာကိုတော့ ခွင့်လွှတ်ပေးပါဗျာ ။
စတင်ပြီး User ID တောင်းပါတယ် ။ အထက်မှာသင်ပေးခဲ့တဲ့ အမည်ကို ပြန်ရိုက်ပေးပါ ။ ကီးဘုတ် က ကီးကိုရိုက်သာရိုက်လိုက်ပါ ။ User ID ဆိုတဲ့နောက်မှာအစက်ကလေးတွေ အဖြစ် ဖေါ်ပြပေးပါလိမ့်မယ် ။
User ID ဖြည့်ပြီးရင် အောင်ကအတိုင်း password တောင်းပါ့မယ် ။
Password ဖြည့်ခိုင်းခဲ့ရင် စောစောကသင်မှတ်ထားတဲ start123 ကိုရိုက်ပေးလိုက်ပါ ။
New password ပေးဘို့ ပြောပါတယ် ။ သင့်စိတ်ကြိုက် Password ပြောင်းပေးလိုက်ပါ ။
ဒီနေရာမှာတစ်ခုပြောခြင်တာက - ခုပေးတဲ့ password က windows တက်တိုင်းရိုက်ပေးရမဲ့ password ပါ ။ အပေါ်မှာကျနော်တို့ password တစ်ခုပေးခဲ့ပါတယ် Reset password ဆိုတာလေ ၊ အဲ့ဒါကယခုပေးတဲ့ password မေ့သွားခဲ့ရင် recovery သဘောမျိုးလုတ်ရမဲ့ reset code ဖြစ်တဲ့ password ပါ ။ အဲ့ဒီတော့ ကျနော်တို့ မှတ်ထားရမှာ က ---
User ID လို့ခေါ်တဲ့ user name ရယ် ၊
Reset Password လို့ ခေါ်တဲ့ reset code ရယ် ။
ယခုပေးမဲ့ Logon အမြဲဝင်ရမဲ့ password ရယ် ပါ ။
ခုပေးလိုက်တဲ့ password ကို verify လုတ် ဘို့ ထပ်ရိုက်ခိုင်းပါတယ် ။ မှန်အောင်လဲ ပြန်ရိုက်လိုက်အုံးနော် ။ Password ပေးပြီးခဲ့ရင်တော့ windows တက်လာပါပြီ ။
အောင်ပါပုံအတိုင်း Logon တက်လာပါမယ် ။
အထက်ပါ ပုံမှာ သင့်ကွန်ပြူတာ user account ကို password ပေးထားတဲ့အတိုင်း-
User အမည်တို့ ၊ Password တို့ ၊ Domain တို့ကတက်လာကတည်းက ဖြည့်ပြီးသားပေါ်လာမှာပါ ။
အဲ့ဒီတော့ ကျနော်တို့ အမြဲတန်းဒီအဆင့် ကိုမြင်ခြင်တယ်ဆိုရင်တော့ Logon ဆိုတဲ့ ခလုတ် ကို နှိက်ပြီးဆက်သွားပါ ။
နောင် စက်ဖွင့်တိုင်းဒီအဆင့်ကိုကျော်သွားခြင်တယ် ဆိုရင်တော့ Logon & Save ဆိုတဲ့ ခလုတ်ကို နှိပ်ပါ ။အဲဒီအခါ အောင်ပါအတိုင်းဆက်တွေ့ရပြီး windows ပွင့်လာမှာပါ ။
ကဲဗျာ .. မိတ်ဆွေတို့ရဲ့ ကွန်ပြူတာကိုလုံခြုံ စိတ်ချစွာသုံးစွဲ နိုင်ပါစေဗျား ။
ထပ်ပြီးညွှန်းလိုက်ပါရစေအုံး - -
ဒီ CompuSec က သင့်ရဲ့ data တွေကိုလည်း Encrypt နဲ့ Decrypt လုတ်ပေးနိုင်ပါတယ် ။ Removable ဖြစ်တဲ့ usb stick တွေ SD ကဒ်တွေကိုလည်းEncryption\Decryption လုတ်ပေးလို့ရပါတယ် ။
ဒီCompuSecရဲ့ user manual - သုံးစွဲပုံကိုသေချာကျနစွာဖတ်ခြင်တယ်ဆိုရင် FREE CompuSec( User Manual )- PDF ဖိုင် ကို download ဆွဲလို့ ဖတ် ကြည့်ပါဗျာ ။
ဒါမှ မဟုတ် ယခုကျနော် ရေးထားတဲ့ Free CompuSec v 5.3.0 ရဲ့ install လုတ်တာကို PDF ဖိုင်အနေနဲ့ဖတ်ခြင်တယ်ဆိုရင် အောက်မှာ PDF ဖိုင်တင်ပေးထာပါတယ် ။ download လုတ်နိုင်ပါတယ် ။
ခုပေးတဲ့ဟာက FREE CompuSec® Version 5.3 (32-Bit Version) ပါ ။ FREE CompuSec® Version 5.3 (64-Bit Version) လည်းရှိပါတယ် ။သင် နှစ်သက်ရာဆွဲယူပါဗျာ ။
စာကြွင်း ။ ။ ကျနော် ပြောတဲ့ ဒီ CompuSec ထက် ကောင်းတဲ့ app များရှိခဲ့ရင်ဖြစ်စေ ၊ ဒီCompuSecကိုလည်း Crack လုတ်လို့ရတယ်ဆိုရင်ဖြစ်စေ ၊ ကျနော်ကိုအသိပေးကြပါအုံးနော် ။
အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ ။