မဂ်လာပါ။ ပျော်ရွှင်ချမ်းမြေ့ပါစေ။
လိုခြင်တာကို ဓါတ်ပုံ ရိုက်မယ်
ကျနော် တို့တွေဟာ တခါတေလ Desktop ပေါ်မှာ မြင်လိုက်ရတဲ့ အရာ ကို ဓါတ်ပုံ တစ်ပုံ ဆွဲသိမ်းလိုက်သလိုမျိုး ပုံတူကူးယူခြင်တဲ့ဆန္ဒဖြစ်ခဲ့ရင် ကွန်ပြူတာလည်း မလေးတဲ့portable ဖြစ်တဲ့ ဒီ LightScreen ကို အသုံးပြုရပါတယ် ။ ကျနော်တို့ Internet ကြည့်ရင်း တွေ့လိုက်တဲ့ အရာတစ္ခုခုကို ဓါတ်ပုံဖိုင်အဖြစ် အမြန်ရယူခြင်တဲ့ အခါမျိုး နဲ့ ဓါတ်ပုံ (သို့) စာသားတွေကို Download ဆွဲတဲ့ အခါ လေးပင် ကြာမြင့်မှာ စိုးတဲ့ အခါမျိုးတွေမှာ ပေါ့ပေါ့ပါးပါး နဲ့ ဒီ LightScreen ကို သုံးကြည့်ပါလား ။
LightScreen (portable) ကို ပထမ ဒီမှာdownload ဆွဲပြီးယူလိုက်ပါအုံး ။ ဖိုင်ဆိုဒ် က ( 4.79MB )ပါ ။
သင် download ရလာတဲ့ LightScreen.rar ဖိုင် ကို C:\Program Files ထဲသွားပြီး ဖြည်လိုက်ပါ ။ဖြည်ပြီးရင် C:\Program Files\Lightscreen ကို
ဖွင့်လိုက်ရင် အောက်ပါအတိုင်းတွေ့ရပါမယ် ။
အထက္က မှင်နီ၀ိုင်းပြထားတဲ့ lightscreen.exe ဖိုင်ကိုကလစ်နှစ်ချက်ခေါက်ဖွင့်ဗျာ ။အဲ့ဒီအခါ Desktop ရဲ့ အလယ်တည့်တည့် မှာအောက်ကပုံလေးနဲ့ lightscreenစထွက်လာမယ် ။
အဲ့ဒီတော့ - Options ခလုပ်ပ်ကို နှိပ်ပြီးအောက်ကဆက်ပြထားတဲ့ ပုံတွေ ကဲ့သို့ သင်စိတ်ကြိုက်ပြောင်းလဲနိုင်ပါတယ် ။
ဒီနေရာမှာတော့ - Screen ဖမ်းရတာလွယ်ကူမြန်ဆန်ဘို့ Box လေးတွေမှာအမှန်ခြစ်ထားရင် ကောင်းမှာပါ ။
ဒီနေရာမှာတစ်ခုပြောခြင်တာက - screen ဖမ်းလိုက်တိုင်းကင်မရာခလုပ်နှိပ်သလိုမျိုးအသံကြားခြင်ရင် Sound cue Box မှာအမှန်လေးခြစ်ပေးပါ ။
ကျန်ရှိတဲ့ Options များကတော့ သင့် စိတ်ကြေနပ်သလိုဆောင်ရွက်နော် ။
ကျေနပ်ပျော်ရွှင်ကြပါစေ ။