မဂ်လာပါ။ ပျော်ရွှင်ချမ်းမြေ့ပါစေ။
USB Drive Encryption
ကျနော် တို့ USB Drive မွ တပ်သုံးနေတဲusb stick လို့ခေါ်တဲ့USB flash drive (or) Flash USB Memory Stick လေးတွေမှာစုဆောင်းထားတဲ့ ဒေတာတွေ ကို တစ်ပါးသူတို့
လွယ်ကူစွာကူးယူခိုးယူလို့ မရနိုင် စေဘို့ USB Drive Encryption 1.0.0 လေးနဲ့ ကာကွယ်ထားနိုင်ပါတယ် ။ အရင်ကတော့ usb stick ကိုဘာမှကာကွယ်မှုမလုတ်ဘဲ ဒီအတိုင်းဘဲလွယ်လွယ်
ကူးသိမ်းလိုက်တာပါဘဲ ။ တလောကမှ မိတ်ဆွေ တစ်ယေါက်ကပညာပေးလိုက်လို့ usb stick တွေ ၊ SD ကဒ်တွေ ကိုကာကွယ်ရကောင်းမှန်းသိလာခဲ့တာပါ ။
ဒီအကြောင်းကို ကျနော် ရေးတင်ထားတဲ့ (Windows၏ User account Password ချိုးဖျက်ပြီး Security ထိပါးခံရခြင်းကင်းဝေးစေရန် ) မှာပြောဖြစ်ပါသေးတယ် ။
ထုံးစံအတိုင်းပေါ့ဗျာ ။ USB Drive Encryption 1.0.0ကို Download ဆွဲးလိုက်ပါအုံး ။ ဖိုင်ဆိုဒ် က (2.15MB) ရှိပါတယ် ။ ဆွဲပြီးရင် သူ့ ကို Install လုတ်လိုက်ပါ့မယ် ။ လြယ္ကူစြာ Install
လုတ်နိုင်မယ်ထင်လို့ အသေးစိတ် မပြောတော့ဘူးနော် ။ လိုအပ်ရင် မေးပါ ။ ရပါတယ် ။
Install လုတ်ပြီးပြီးခြင်းဘဲဖြစ်ဖြစ် ( LaunchWondershare USB Drive Encryption Box တွင် အမှန်ခြစ်မဖြုတ်ခဲ့ရင် ) ၊ Desktop ပေါ်က အိုင်ကွန်
ကိုဖွင့်လို့ဘဲဖြစ်ဖြစ် အောက်ပါအတိုင်း စပွင့်လာပါမယ် ။
သင့်ရဲ့ ကွန်ပြူတာမှာဘာ USB Memory Stick မွ တတ်မထားရင် အထက်ပါအတိုင်းတွေ့ရပါ့မယ် ။
သင် Encrypte လုတ်ခြင်တဲ့ USB Memory Stick တပ်လိုက်တာနဲ့ အထက်ပါအတိုင်း USB Drive ကိုလှမ်းဖတ်ပါလိမ့်မယ် ။ အဲ့ဒီအခါ အတက်ပုံမှာမှိန်နေတဲ့ Install ခလုတ်ကထင်ရှားလာတာ တွေ့ရပါ့မယ် ။ USB ရဲ့ space ရှိ တာကို Toral Size ဘယ်လောက် ရှိနေတယ် ၊ stick ရဲ့ Secure area ဘယ်လောက် ကို ယူသုံးမယ်ဆိုတာကို စာသားအနေဖြင့်ရော ၊ လိမ္မေ်ရောင် ဘားတန်းရှည်ဖြင့်ပါ ဖေါ်ပြပေးနေတာတွေ့ရပါမယ် ။ ပုံမှာ၀ိုင်းပြထားတဲ့ ဘားခလုပ်လေးကို မောက်နဲ့ဘေးဘယ်ညာရွှေ့ပေးခြင်းဖြင့် USB Memory Stick ရဲ့ Space ဘယ်လောက်ကို encrypte ယူထားသုံးမလဲ ဆိုတာကို ပြုပြင်လို့ ရပါတယ် ။ သင့်စိတ်ကြိုက်သတ်မှတ်ပြီးရင်တော့ Install ခလုတ်နှိပ်လိုက်ပါ ။
Install ခလုတ် နှိပ်ပြီးတဲ့နောက် user name နဲ့ password တောင်းတာတွေ့ရင် သင့် စိတ်ကူးထားတဲ့ အမည်နဲ့ လျှိ၀ှက် နံပါတ် ကိုရိုက်ထည့်ပေးပါ ။ ပြီးရင် OK-ပေးလိုက်ပါ ။
အဲ့ဒီအခါ USB Memory Stick မှာလိုအပ်နေတဲ့ data တွေရှိနေသေးရင် backup လုတ်ထားဘို့ သတိပေးပါတယ် ။ USB Memory Stick ထဲ့မှာ data တွေရှိနေရင် အကုန်ဖျက်ပြစ်ပြီး Format လုပ် လို့ Secure Area ကိုသင်ပေးတဲ့ space အတိုင်းနေရာပြင်ဆင်တော့မှာပါ ။
သေချာတယ်ဆိုရင် ထပ်ပြီး OK လုတ်ပေးပါ ။
progressဘားမွာ 100% ပြည့်ပြီးတဲ့နောက် Secure Area သတ်မှတ်ပြီးကြောင်းအထက်ပါအတိုင်း Info ထုပ်ပေးပါတယ် ။ OK ပါဘဲ ။
သင် encrypted လုပ်ခြင်တဲ့ USB Memory Stick ရဲ့ Secure Area သတ်မှတ်ပြီးတာနဲ့ password ခလုပ်တွေ ၊ Uninstall ခလုပ်တွေ ထင်ရှားလာတာကို တွေ၇ပါ့မယ် ။ ပြီးတော့ သင့်ရဲ့
USB Memory Stick ထဲမွာ Secure Area.exe ဆိုတဲ့ file တခုတွေရပါ့မယ် ။ အဲ့ဒါဟာသင်သတ်မှတ်လိုက်တဲ့ data တွေ လျှိ၀ှက်မဲ့ နေရာပါ ။ အဲ့ဒီ Secure Area.exe ကိုဖွင့်လိုက်ရင်
အမည် နဲ့ password တောင်းမယ် ။ Register လုတ်ဘို့လည်းပြောပါလိမ့်မယ် ။
User name နဲ့ password ဖြည့်ပြီး Register လုတ်လိုက်ပါ ။
အထက်ကအတိုင်းသင်ကြိုက်တဲ့ Email ထည့်ပါ ။ Code က ိုSerial.txt ဖိုင်ထဲကကူးယူထည့်ပါ ။ ပြီးရင် Register ခလုတ်နှိပ်လိုက်ပါ ။ Register လုတ် ။
successful ဖြစ်တယ်ဆိုတာ info ထုပ်ပေးတာတွေ့ရင် OK -
အဲ့ဒီနောက် အောက်ပါပုံအတိုင်းလက်ယျာဘက် အောက်ဒေါင့်မှာရှိတဲ့ Notification area မှာသော့ပုံ Icon လေးပေါ်လာပြီး Z-Drive အဖြစ် secure area
ရပြီဖြစ်ကြောင်းပြောပါလိမ့်မယ် ။ သင့်ရဲ့ My Computer မှာလည်း Drive letter( Z ) နဲ့ Drive name ( Secure Area ) ဆိုတာအသစ်ပေါ်လာမယ် ။
သင့် ရဲ့ data များကိုအသစ်ပေါ်လာတဲ့ Z drive မှာသိမ်းဆဲခြင်းဖြင့် သင့်ရဲ့ USB Memory Stick ကိုလုံခြုံစိတ်ချာစွာထားသုံးနိုင်ပါပြီးဗျာ ။ အဲ့ဒီ Z drive ကို remove လုတ်ခြင်ရင်လည်းလက်ယျာဘက် အောက်ဒေါင့် Notification area က သောပုံ Icon လေးကိုလက်ယျာကလစ်တောက် ၊ Close Secure Area လုပ်ရင်ရပါပြီ ။
တကယ်လို့များ- သင့်ရဲ့ USB Memory Stick ထဲ့ secure area ဆိုတဲ့ သော့ပုံ file ကိုသင်ကမှားဖျက်မိလိုက်လို့ဘဲဖြစ်စေ။
Antivirus Program တခုခု က virus ပါလို့မှာယွင်းသတ်မိသည်ဖြစ်စေ ၊ မတုန်လှုတ်လိုက်ပါနဲ့ ၊ ပြန်လည် Recovery လုတ်လို့ ရပါတယ် ။
ကျနော် ဆို USB Memory Stick ထဲမွာ encrypted ဖိုင် ရှိနေတာမသိစေခြင်တဲ့အခါမျိုးတွေမှာအဲ့ဒီဖိုင်ကိုခဏဖျက် ထားပြီး
ကိုယ်သုံးခြင်မှာ ပြန် ဖေါ်ထုပ် သုံးမိတာလည်းရှိပါတယ် ။
အထက်ပါပုံကို ကြည့်ပါ ။ သင်ရဲ့ USB Memory Stick ထဲ့မှာဖျက်ထားတဲ့ secure area ဖိုင် ရှိနေတယ်ဆိုရင် Recover the access to the secure area? - No ဆိုတဲ့စာသား ကYes လို့ ပြောင်းသွားပြီး Recover ခလုတ်ကမှိန်နေရာကအရောင်တောက်လာတာတွေရပါ့မယ် ။ အဲ့ဒီ Recover ခလုတ်ကို နှိပ်လိုက်ရင် user name နဲ့ password တွေတောင်းမယ် ၊မှန်မှန်ကန်ကန်ဖြည့်ပေးနိုင်ရင် သင့်ရဲ့ secure area ကို ပြန်လည်ရရှိပါပြီ ။
အားလုံးရွှင်လန်းချမ်းမြေ့ပါစေ ။