မဂ်လာပါ။ ပျော်ရွှင်ချမ်းမြေ့ပါစေ။
Secure Folder အသုံးပြုခြင်း
မိတ်ဆွေ - သင့်ရဲကွန်ပြူတာကို User account password မထားလို့ဘဲဖြစ်ဖြစ် ၊ User account Password ခံထားသေါ်လည်း Passwore ချိုးဖေါက်ခံရလိုဘဲဖြစ်ဖြစ် သင် - လျှိ၀ှက်ထားခြင်တဲ့ folders များနဲ့ Data တွေကိုတပါးသူလွယ်ကူစွာခိုးယူလို့ မရနိုင်ရအောင် Secure Folder v 5.6 လေးနဲ့ ကာကွယ်နိုင်ပါတယ် ခင်ဗျာ ။
သုံးရတာလွယ်ကူမြန်ဆန် ပေါ့ပါးတယ် ။ သော့ခပ်ထားတဲ့ ဖိုဒါ အိုင်ကွန်လေးကလည်းချစ်စရာကောင်းတယ် ။ folder တွေ ကို Hide လုတ်ထားလို့လည်းရတယ် ။
တခါတလေကိုယ်တိုင် Hide လုတ်ထားပြီးမမြင်တာကြာလို့ မေ့သွားတတ်တဲ့ အကြင့်ရှိရင်လည်း ၊ ရိုးရိုး Lock လုတ်ထားလို့လဲရတယ် ။
သုံးကြည်ပါ ။ ပထမ Secure Folder v 5.6 ကို ဒီမှာ download ဆွဲယူထားလိုက်ပါအုံး ။ ဖိုင်ဆိုဒ်က (422KB) ဘဲရှိပါတယ် ။
ရရှိလာတဲ့ rarဖိုင်လေးကိုသင် ကြိုက်တဲ့နေရာမှာ ဖြည်လိုက်ပါ ။
ပြီးရင် secure folder.exe ကိုရမ်းလိုက်ပါ ။ လွယ်ပါတယ် ၊ မခက်ပါဘူး ၊ ပေါ်လာသမျှ Next လုတ်ပြီး Install လုတ်လိုက်ပါ ။ နောက်ဆုံး Finish ပေါ်တဲ့ထိပေါ့ဗျာ ။
Secure Folder ပွင့်လာခဲ့ရင် အပေါ်ကအတိုင်းရိုးရိုးလေးပါဘဲ ။ အဲဒီမွာ File > Password ပေးလိုက်ပါ ။ ဒါဆိုရင် Secure Folder ကိုခိုင်းလို့ရပါပြီ ။
Password ပေးတဲ့အခါမှာ Emailတွေ နဲ့ password Hint များကိုအကုန်ဖြည့်ပါ ။ ဘာလို့လဲဆိုတော့ password မေ့သွားတဲ့ အခါ Password Hint က
သင့်ကိုကူညီအမှတ်ရပေးစေပါလိမ့်မယ် ။
ပြီးရင် Tools > Options ခေါ်လိုက်ပါ ။ အောက်ပါအတိုင်းတွေရပါမယ် ။
Secure Folder ရဲ့ Options မှာမှင်နီနဲ ၀ိုင်းပြထားတဲ့အချက်ကို ပြောခြင်ပါတယ် ။
secure folder က သင့်ကွန်ပြူတာရဲ့ folder options ကိုလှမ်း commend လုတ်လိုက်တာပါ ။
ဘယ်အချက် ကို commend လုတ်သလဲဆိုရင် system files များကို Hide လုတ်မလားမလုတ်ဘူးလားဆိုတာကို Box ထဲမှာအမှန်ခြစ် ထည့်ခြင်း ၊ မထည့်ခြင်းနဲ့ ခိုင်းစေပါတယ် ။
ပြီးတော့ ကွန်ပြူတာရဲ့ folder options ထဲမွာ Hide protected operating system files ( Revommended) ဆိုတဲ့ ချက် Box နဲ့ စာတန်းကို ဖြုတ်ထားခြင်း ၊
မဖြုတ်ထားခြင်းနဲ့လည်းသက်ဆိုင်ပါတယ် ။ လိုအပ်လို့ system files များ Hide လုတ်ထားခြင်းကို ပြန်ဖေါ်စေခြင်ရင် ဒီ Secure Folder ရဲ့ Options ပါ အချက်ကိုသတိရနေစေခြင်လို့ပါ ။
ပြီးခဲ့ရင် Secure Folder ကိုပိတ်လိုက်ပါတော့ ။ ဆက်ပြီးကျနော်တို့ folder တွေကိုLock လုတ်ကြရအောင်လားဗျာ ။
သင် - Lock လုတ်ထားခြင်တဲ့ folder ကို Right Click ခေါက်ပြီး options ခေါ်လိုက်ပါ ။ အပေါ်ဆုံးနားမှာ [Lock/Unlock] with စာသားနဲ့ဖေါ်ပြတဲ့ secure folder ဆိုတာကို
Click နှိပ်လိုက်ပါ ။ အောက်ပါပုံကိုကြည့်နော် ။
Secure Folder က chack box သုံးခု နဲ့ Lock လုတ်မလား ၊ Hide လုတ်မလား ၊ Encrypt လုတ်မလား ။
သင်နှစ်သက်သလိုအမှန်ဖြစ်ပေးပြီး( မဲပေးသလိုပေါ့) Secure ခလုပ်ကိုနှိပ်ခြင်းဖြင့် Folder များကို Secure လုတ်နိုင်ပါပြီ ။
( ကျနော်ကတော့ Lock ဘဲလုတ်တယ် ၊ မမြင်တာကြာရင် မေ့တတ်လွန်းလို့ Hide ကို မလုတ်ထားဘူးဗျ) ။
Secure Folder ကိုကျနော် ကြိုက်တာက Password တစ်ခါပေးထားပြီးရင် ဖိုင် ကို Secure လုတ်တဲ့အခါ Password ထပ်ပေးစရာမလိုတော့ဘဲ
အမြန် Lock လုတ်လို့ရတာကိုသဘောကျတာ ။ Right Click >Secere -ဒါဘဲလေ ။
Lock လုတ်ထားတဲ့ folder တွေကိုလည်း ပြန်ဖြည်ရတာလွယ်ပါတယ် ။ Lock ဖြေခြင်တဲ့ folder ကို Right Click ခေါက် ။
[Lock/Unlock] with Secure Folder ကို ပြန်နှိပ် ။ အောက်ကပုံအတိုင်း Password တောင်းလာရင် ထည့်ပေးပြီး Insecure လုတ်လိုက် ပြေသွားရော ။
အား လုံးကိုကျေးဇူးတင်ပါတယ် ။ Data တွေ ခိုးယူခံရခြင်းက ကင်း ဝေးကြပါစေ ။