အပိုင်း (၂၀,၂၁,၂၂) PGC MM

အပိုင်း(၂၀)_အရေးပေါ်ကယ်ဆယ်မှု


မြင်းလှည်းကြီး သွားနေရင်းနှင့် တောင်ကုန်းနားသို့ရောက်သော , ရပ်တန့်သွားပြီ, ယာဉ်မောင်းမှ အံ့ဩစွာနှင့်ပြောလိုက်သည်,

“လေးစားလှပါသော ဝမ်းဖေး, အရှေ့မှာ ပြသနာတစ်ခု တက်နေတယ်၊ လူတစ်ယောက်က မြေကြီးပေါ်မှာလှဲနေတယ်၊ ကျွန်တော်တို့….ပတ်သွားသင့်တယ် ထင်တယ်”


ဟန်ယွင်ရှီးသည် လိုက်ကာ ကိုမတင်ပြီးကြည့်သော အပြာရောင် အင်းကျီနဲ့ လူငယ်တစ်ယောက် မြေကြီးပေါ်တွင် လှဲလျောင်းနေသည်ကိုတွေ့လိုက်သည်။ ထိုလူ၏မျက်နှာအား သူမ မမြင်ရသော်လည်း , ထိုလူမှ လက်ထုတ်၍ အကူအညီတောင်းနေသည်ကို မြင်နေရသည်။ သူမ၏ နဂို ပါရှိသော ဆရာဝန် ပင်ကိုစရိုက်နှင့် သူမ၏ သတိလွယ်သော ပုံစံတို့ကြောင့် ချက်ချင်းပင် လှည်းပေါ်မှ ဆင်းလိုက်လေသည်။ သမားတော် တစ်ယောက်အနေနှင့် သေရေးနှင့်ရှင်ရေးအား အတွေးတခုတည်းနှင့်ပင် ကောင်းကောင်းသိသည်။ ထို့ကြောင့် လှည်းသမားလဲ သူမအား မတားနိုင်သည့်အပြင် သူမနောက်သို့ လိုက်ပါသွားလေသည်​၏


“လေးစားရသော ဝမ်းဖေး, ဒီလိုကိစ္စတွေနဲ့စိတ်ရှုပ်မခံပါနဲ့၊ ဒီလူက ရာဇဝတ် သားဖြစ်နေရင် ဘယ်လိုလုပ်မလဲ?” ဟု လှည်းသမားမှပြောလိုက်သည်။

“ကြီးမြတ်လှသော ဝမ်းဖေး ဒီနေ့က မင်္ဂလာဆောင်ပြီး ဒုတိယနေ့ပဲရှိသေးတာလေ! တော်ဝင်ကြင်ယာတော်ကြီး ယိ ကစောင့်နေပြီလေ၊ ပြန်ကြရ….”

မတတ်နိုင်တဲ့ အဆုံး လှည်းသမားလဲ မတောင်းပန်တော့ပဲရပ်လိုက်ရသည်။


ထို အပြာရောင် အဝတ်နှင့် လူအနားသို့ ကပ်လိုက်သည်နှင့် အဆိပ်ရှိကြောင်း အချက်ပြမှုသည် သူမခေါင်းတွင် ပေါ်ထွက်လာသည်။ အဆိပ်ရှိတယ်..နောက်ပြီး အဆိပ်အရမ်းပြင်းတယ်!

သူချက်ချင်းပင် ထိုလူအား ပက်လက်လှန်လိုက်သည်။ ထိုလူ၏မျက်နှာ မှာ သန့်ရှင့်စင်ကြယ်ပြီးလှပသော သိုင်းသမားအရောင်အဝါနှင့် သခင်လေးတစ်ယောက်၏ရုပ်ရည်ဖြစ်သည်။


“က...ကယ်…” သူ၏မျက်နှာ မှာ ဖြူစွတ်စွာနှင့် နုတ်ခမ်းများမှာလဲ ခရမ်းရောင်သန်းနေပြီဖြစ်သည်ဂ စကားပင်သေချာမပြောနိုင်ခင်မှာပဲ မူးမေ့သွားတော့သည်​။ လှည်းသမားသည် ထိုလူငယ်လေးအား ချက်ချင်းပင် သတိထားမိပြီး,

“လေးစားရသော ဝမ်းဖေး, ဒီဟာ..ဒီဟာ..အမတ်ကြီး မူရဲ့ သား, စစ်သူကြီး မူချင်းဝူ ပဲ!”


မူချင်းဝူ?


ဟန်ယွင်ရှီး၏ မှတ်ညဏ်တွင်လည်း ဒီလူအား မှတ်မိနေသည်။ ဒီလူသည် ထျန်းနင် တိုင်းပြည်၏ အရဲရင့်ဆုံးနှင့် အတော်ဆုံးသော် ငယ်ရွယ်သော စစ်သူကြီး၊ စစ်သူကြီး မူ၏ တစ်ဦးတည်းသော သားဆက်ဖြစ်သည်။ တိုင်းပြည်တွင်ရှိသော သူများထဲမှ ဒီလူသည် သူတစ်ပါးအကြောင်း ပွင့်လင်းမြင်သာစွာ ပြောသူဖြစ်သည်။ သတ္တိရဲစွမ်းပြည့်ဝပြီး ဆင်ခြင်တွေးဆတတ်သည်၊ တည်ကြည်ပြီး ခေါင်းအေးအေးနှင့် စဉ်းစားတတ်သူလဲဖြစ်သည်။ ချီးမြောက်မှုများကိုလဲ မှန်ကန်မှုများဖြင့် ဖယ်ရှားသည်​။ ကောလဟာလများ အရ သူ၏ဖခင် အစား သုံးကြိမ်တိုင်တိုင် မြောက်ပိုင်း လီ နိုင်ငံ နှင့် စစ်ချေမှုန်းရန် သုံးကြိမ်တိတိ စစ်ပွဲဝင်ခဲ့ဖူးသည်။ စစ်ပိုင်းဆိုင်ရာ ဝန်ကြီး အမတ်ကြီးများ ကြားတွင်လဲ လေးစားမှုကို ရယူထားသူဖြစ်သည်။


ဘယ်လိုဖြစ်လို့ ဒီလို လူတော်လူကောင်းတစ်ယောက်က ကုန်းကြားထဲမှာ အဆိပ်ခတ်ခံ နေရတာတုန်း?


ဟန်ယွင်ရှီးတွင် အသေးစိတ်ကျကျ စိုးရိမ်ရန် အချိန် မရှိ၊ သူမ အလျင်အမြန်ပင် သူမ၏ အဆိပ်ဖြယ် စနစ် (system) အား ဖွင့်လိုက်ပြီး ဤလူငယ်အား ကယ်ရန်ပြင်လိုက်သည်။ မကြာမီမှာပဲ၊ ယခု အဆိပ်ပြင်းသည် လုံဖေးယဲ့၏ အဆိပ်နှင့် ဆင်တူရိုးမား ဖြစ်နေသည်ကို သူမ သိရှိလိုက်ရသည်။ အဆိပ်၏ အကြောင်းအရာသည် သူမ၏ စနစ်ထဲတွင် မှတ်တမ်းတင် တည်ရှိသော်လည်း အဆိပ်ဖြယ်ရယ် ပါဝင်ဆေးပစ္စည်းမစုံပေ၊ သူမ အနီိးအနားတွင် သူမ၏ system အား အဆင့်မြှင့်ပေးရန် လူမရှိသည်ကို ညဉ်းညူမိသည်။


ဟုတ်ပြီ၊ အရမ်းတောင်းဆို သလိုဖြစ်သွားပြီ….


သူမ၏ အဆိပ်ဖြယ် system မှာ အပြီးအစီး စစ်ဆေးစကန်(scan) ဖတ်လိုက်သော အခါ သူ၏ဝမ်းဗိုက်တွက် ရှိသော ဒဏ်ရာတွက် အဆိပ်စုစည်းနေမှုအများဆုံး ဟူ၍ သတ်မှတ်လိုက်သည်။ ချက်ချင်း ကုသမှု လုပ်ဆောင်မှသာ အဆိပ်များကို ဖြယ်နိုင်မည်ဖြစ်သည်၊ နောက်ကျလျှင် ပိုမို၍ ခက်ခဲလာမည်ဖြစ်သည်။ ဟန်ယွင်ရှီး သိပ်မတွေးပဲ မူချင်းဝူ ရဲ့ အဝတ်များအား ချွတ်လိုက်သည်။ လှည်းသမားမြင်သော် လန့်ဖျန့်သွားပြီး ,

“လေးစားရသောဝမ်းဖေး, ဘာ..ဘာလုပ်နေတာလဲ?!”


“ပါးစပ်ပိတ်ထား! ဟိုဘက်လှည့်ပြီး မတ်တပ်ရပ်စောင့်ကြည့်နေ, ဘယ်သူ့ကိုမှ အနီးအနားမကပ်ခိုင်းနဲ့” ဟု အေးစက်စွာဖြင့် စိတ်မရှည်စွာ ဟန်ယွင်ရှီးပြောလိုက်သည်။ အမိန့်နာမခံမှုများကို သူမ လက်မခံနိုင်ပါ၊ အဝတ်များအား ဆွဲခွာပြီး ဟန်ယွင်ရှီး ဝမ်းဗိုက်မှ ဒဏ်ရာအား ရှာမတွေ့ခဲ့ချေ၊ သို့သော် သူမ system သည် မမှားနိုင်ပါ၊ သူမ ထပ်မံ၍ နေရာကို သိရှိရန် စကန်(scan) ဖတ်လိုက်ပြန်သည်။


သူမ၏ ထက်လှစွာသော မျက်လုံးများဖြင့်ကြည့်ပြီး ဝမ်းဗိုက်သို့ အနည်းငယ်ဖိကြည့်လိုက်ရာ သူမ၏ မျက်နှာထားသည် အံ့ဩမှုသို့ပြောင်းလဲသွားသည်။

အသားထဲမှာ နက်နက်နဲနဲစိုက်ထားတဲ့ အဆိပ်အပ်ပဲ, ဟိုးအတွင်း အင်္ဂါတွေကိုတောင် စိုက်ရင်စိုက်ထားနေမှာ။ ဒီလိုမျိုး အပ်တွေကို အသုံးပြုနိုင်တဲ့ သူက ရက်စက်ကြမ်းကြုတ်တဲ့သူမဟုတ်ဘူး သေချာပေါက် အဆိပ်ကျွမ်းကျင်သူပဲဖြစ်ရမယ်! သေချာပေါက် မူချင်းဝူနဲ့ ပတ်သတ်ပြီး ဇာတ်လမ်းရှိရမယ်၊


အတွင်းအင်္ဂါအစိတ်အပိုင်း သို့ရောက်နေသော အဆိပ်သည် တစ်နေ့ပြီးတနေ့ ခန္ဓာကိုယ်တွင်းပျံ့နှံ့နေသည်။ အစပိုင်းတွင် အဆိပ်မိသူသည် ကိုအပူတက်ခြင်းမှ တပါးဖျားတာခြင်းအလျင်း မရှိပေ။ အကယ်လို့ အတွင်းအင်္ဂါတွေ ပုပ်သိုးလာခဲ့လျှင် နတ်ဘုရားတောင် ကယ်ရန် ခက်မည်ဖြစ်သည်။ အင်္ဂါအစိတ်အပိုင်းတွေဆီကို အဆိပ်တွေမပျံ့နှံ့ခင် အဆိပ်အပ်ကို ဖယ်ထုတ်မှဖြစ်မယ်!


ဟန်ယွင်ရှီးသည် မူချင်းဝူ၏ ဝမ်းဗိုက်အား ဖိနှိပ်၍ လုပ်ကြည့်သော်လည်း မအောင်မြင်ပေ။ လျင်မြန်စွာဆုံးဖြတ်ပြီး သူမ ခွဲစိတ်ဓားတစ်ချောင်းအား ထုတ်လိုက်ပြီး သူ၏ဘေးဘက်တွင် ခွဲလိုက်သည်။ သို့သော် ထိုအချိန်မှာပင် ရဲမက်တစ်အုပ်စု ရောက်ရှိလာပြီး သူမအားဝန်းရံလိုက်သည်။ ခေါင်းဆောင် စစ်သားမှာ မူချင်းဝူ ၏ကိုယ်ရံတော် လီိချန်းဖုန် ဖြစ်သည်။ လီချန်းဖုန်သည် ဟန်ယွင်ရှီး၏ဓားကို မြင်၍ အလျင်အမြန် ကန်လိုက်သည်။


“သခင်လေး စစ်သူကြီိးကို လုပ်ကြံသတ်ဖြတ်သူပဲ! ဟေ့ကောင်တွေ သူမကိုချုပ်လိုက်!”

_____________

အပိုင်း(၂၁)_သုံးစားမရတဲ့ အမှိုက်မှာ သူမကိုယ်သူမခုခံ ပြန်ပြောခြင်း


လုပ်ကြံ သတ်ဖြတ်သူ?


“နေပါအုံး, ဘယ်လိုမျက်လုံးတွေနဲ့ကြည့်ပြီး ကျွန်မက ရှင်တို့ စစ်သူကြီးကို လုပ်ကြံတယ်လို့မြင်ရတာတုန်း?”

စိတ်တိုစွာဖြင့် ဟန်ယွင်ရှီးမေးလိုက်သည်။

ရှေးခေတ်က လူတွေလဲပဲ စိတ်ရင်းကောင်းရှိတဲ့လူတွေရဲ့ စိတ်ဓာတ်တွေကို ဖျက်ဆီးရတာကြိုက်တာလား?


လီိချန်းဖုန် သည် မြေကြီးမှ ဓားမြှောင်လေးအား ကန်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

“ငါတို့အားလုံး မျက်လုံးနဲ့ သေချာပေါက်မြင်ရတာ၊

ဒီမယ် မိန်းမ , မင်းကို ဘယ်သူ လွှတ်လိုက်လဲတော့မသိဘူး, သေဖို့သာပြင်တော့!”


သခင်မ၏ အမည်ဂုဏ်ပုဒ်ကို ဖော်ပြချင်သော်လည်း အချိန်မသင့်၍ထမပြောသော လှည်းသမားအား ထိုစစ်သားတို့က ချုပ်ထားသည်။ထိုကြောင့် လှည်းသမားက စိုးရိမ်တကြီးနှင့် ထအော်လိုက်သည်။

“ အထင်လွဲတာ! ဒါအထင် လွဲတာပါ! ကျွန်တော်တို့တွေက ဒီအတိုင်းဖြတ်သွားတာပါ! လမ်းမှာ စစ်သူကြီိးကို တွေ့တော့ ကျွန်တော့် သခင်မလေးက ကယ်ဖို့ လုပ်နေတာပါ၊ သူမမှာ တခြားမကောင်းတဲ့စိတ်မရှိပါဘူး၊ တကယ့် တရားခံက ပြေးသွားတာကြာပါပြီ၊”


လီိချန်းဖုန် သည်မျက်ခုံးကိုပင့်၍ ဟန်ယွင်ရှီးအားကြည့်ပြီး နှာတစ်ချက်ရှုံ့လိုက်သည်,

“မင်းသူ့ကို ကယ်ချင်ရင် ဘာလို့ ဓားကိုသုံးနေမှာလဲ? ဘယ်သူ့ကို လိမ်ဖို့ စဉ်းစားနေတာတုန်း? လာစမ်း သူမကို ချုပ်လိုက်”


“ငါသူ့ကို ဓားမြှောင်သုံးပြီးကယ်တာက သူ့ရဲ့ ဝမ်းဗိုက်ထဲမှာ အဆိပ်အပ်တစ်ချောင်း စိုက်နေလို့၊ အကယ်လို့ အချိန်မှီမကယ်လိုက်နိုင်ရင် ဖြစ်လာမယ့်အကျိုးဆက်တွေက မင်းလိုအစောင့်သာသာ လူက တာဝန်ယူနိုင်မယ့်ဟာမျိုးမဟုတ်ဘူး”

ဟု ဟန်ယွင်ရှီိး အတည်ပေါက်ပြောလိုက်သည်။


[** ‘ငါ’ ဟုပြန်ထားရခြင်းမှာ ဟန်ယွင်ရှီးရဲ့ ခက်ထန်မှုနှင့် အစောင့်များစစ်သားများထက် အဆင့်ရာထူး ကြီးမြတ်တယ်ဆိုတာကို သိသာထင်ရှားစေရန်ပါ]


လီိချန်းဖုန် လဲ အနည်းငယ် တုန်လှုပ်သွားသည်။

လွန်ခဲ့သော လေးနာရီလောက်က သခင်လေး စစ်သူကြီးသည် သူလျှိုတစ်ယောက်အား လ်ိုက်၍ ပျောက်သွားခြင်းဖြစ်သည်။ အမှန်တကယ်ဖြစ်ပျက်ခဲ့သည်များကိုတော့ မည်သူမျှမသိပေ၊ သူ၏ လက်မှ ဓားမြှောင်အား ကြည့်လိုက်သော်လည်း သူမစွန့်စား ရဲပါ၊ ဤကိစ္စမှာ သူ ကိုင်တွယ်၍ မရသော ကိစ္စဖြစ်သည်။


“မင်းပေါက်ကရတွေပြောမနေနဲ့၊ သူမကို အိမ်တော်ကြီးကိုခေါ်လာခဲ့၊ ဖြစ်ပျက်ခဲ့သမျှကျန်တဲ့ ကိစ္စတွေကို စစ်သူကြီးနဲ့ဆက်ဖြေရှင်းမယ်!”

လီိချန်းဖုန် သည် မူချင်းဝူ၏ လက်မောင်းအား ဆွဲထူပြီး အလျင်အမြန် လမ်းလျှောက်ထွက်သွားသည်။


“မင်းနောင်တရ လိမ့်မယ်!”

ဟန်ယွင်ရှီး အော်လိုက်သည်။

ဒီိအကောင်စုတ်! မူချင်းဝူ အဆိပ်မိနေပါတယ်ဆိုမှ ဘယ်လိုလုပ် သူ့ကို နေရာက ရွှေ့ ရဲတာလဲ? သူ့ရဲ့ အင်္ဂါတွေဆီ အဆိပ်လည်ပတ်မှုကို ပိုမိုမြန်စေလိမ့်မယ်လေ၊ ကောင်းပြီ သူမ စစ်သူကြီးအိမ်တော်ကိုပဲလိုက်သွားရမှာပေါ့၊ သူမဘာ အမှားမှ မလုပ်ထားတာကို ဘာမှ ကြောက်နေစရာမှ မလိုတာ။ အ့လို မျိုး ဖြောင့်မတ် မှန်ကန်တဲ့နေရာမျိုးကတော့ သူမကို နှိပ်စက်ပြီး မဟုတ်တရုတ်တွေ ဝန်မခံခိုင်းလောက်ပါဘူးနော်?


တကယ်တမ်းကျတော့, သူမ မူအိမ်တော်ကို အထင်ကြီးမိသွားတာပဲ၊ မူအိမ်တော်ရဲ့ မိသားစုဝင်တိုင်းက စစ်တပ်တွင်ပါဝင်သည်။ သူတို့အားလုံးသည် ကြမ်းတမ်းပြီး ခက်ထန်သည် ။ပါးစပ်ထက် လက်ကို သုံးရတာ ပိုနှစ်သက်သည်။

မူချင်းဝူ အား အခန်းထဲသို့ ပို့ပြီးသော် ဆင့်ခေါ်ခံထားရသော နန်းတွင်းတော်ဝင်သမားတော်သည် အလျင်ပြေးဝင်သွားသည်။

ဟန်ယွင်ရှီီးနှင့် လှည်းသမားမှာ မျက်ခုံးမွှေးထူထူ မျက်လုံးကြ်ီိးကြီးနှင့် မုတ်ဆိတ်မွှေးအထူကြီးရှ်ိသော စစ်သူကြီး မူ ရှိရာ ခန်းမအလယ်တွင် နေနေရသည်။

ဟန်ယွင်ရှီးအား လက်ညိုးထိုး မျက်စောင်းထိုး၍ မေးလိုက်သည်,

“ပြောစမ်း, မင်းကို ဘယ်သူလွှတ်လိုက်တာလဲ?!”


ဘယ်သူလွှတ်လိုက်တာလဲ?


သူမ က လူသတ်သမားတို့ သူလျှိုတို့နဲ့တူနေလို့လား?

ဒီကို ခေါ်လာတာကိုတောင် သူမ မငြင်းဆန်ခဲ့တာကို?

ဒီိ ခေါင်းမာတဲ့လူကတော့ မူချင်းဝူ ကို သိပ်မကြာခင်မှာ အသက်တိုအောင်လုပ်တော့မှာပဲ၊

ဟန်ယွင်ရှီးသည် စိတ်မတိုသေးပဲ တည်ငြိမ်စွာပြောလိုက်သည်,

“ကျွန်မ နောက်ဆုံးအကြိမ်ပြောမယ်, ကျွန်မက သူ့က်ိုကယ်ဖို့လုပ်နေတဲ့ ဖြတ်သွားဖြတ်လာလူတစ်ယောက်ပဲဖြစ်တယ်၊ ရှင်တို့ရဲ့ သခင်လေး စစ်သူကြီးက အဆိပ်မိပြီး အရေးပေါ်အခြေအနေရောက်နေတယ်၊ သူအခုအချိန်မှ အကုမခံရဘူးဆိုရင် ဖြစ်လာမယ့် အကျိုးဆက်တွေက စိတ်ကူးမရတဲ့အခြေအနေတွေတောင်ရောက်သွားလိမ့်မယ်”


“ဟာသပဲ! ငါမင်းလို မိန်းမမျိုးတွေ အများကြီးတွေ့ဖူးပါတယ်၊ မင်းက သက်သေကြီး ရှိနေရက်နဲ့တောင် အငြင်းပွားရဲတယ်?”

​စကားပြောရင်းနှင့် စစ်သူကြီးမူသည် ဟန်ယွင်ရှီးနားကပ်လာပြီး သူ၏ လက်မှ ကြာပွတ်အား ဆူညံစွာ ဘေးနားလူများမှကြောက်ရန် ခါနေသည်။ ဟန်ယွင်ရှီိးသည် တည်ငြိမ်၍ ငြိမ်သက်သော အကြည့်များဖြင့် အကြောက်တရားမဲ့စွာ ရပ်နေလေသည်။ အေးစက်စွာဖြင်​့ စစ်သူကြီးမူ ၏မျက်လုံးများကို စိုက်ကြည့်နေသည်။ စစ်သူကြီးသည်ယခုလို သတ္တိရှိသော မိန်းမမျိုးနှင့် တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဒါပေမယ့် ဘာဖြစ်လဲ?


“မင်းဆက်လိမ်နိုင်မလား ကြည့်ကြသေးတာပေါ့!”

သူ၏ ကြာပွတ်အား မြှောက်၍ သူမအား ရိုက်ချလိုက်သည်။


ဟန်ယွင်ရှီး မရှောင်ပေ။ သူမ ရှောင်နိုင်မည် မဟုတ်မှန်းသိသည်။ သိုဖြစ်၍ သူမ၏ လက်မောင်းမှ အရေပြား ပြဲသည်အထ်ိ ကြာပွတ်ဖြင့် ချခံလိုက်သည်။ သို့သော် သူမ မျက်ခုံးပင် မတွန့်ပဲ စိုက်ကြည့်နေသည်။


“ရှင်နောင်တရလိမ့်မယ်!”


“မင်းကို နောင်တရအောင်အရင်လုပ်မှာ!” ဟူ၍ ပြောပြီး စစ်သူကြီးမူသည် သူမအား ထပ်၍ ထပ်ရိုက်လိုက်သည်။ ထိုအချိန်မှာပင် လီချန်းဖုန်သည် တော်ဝင်သမားတော် ဂု အားခန်းမ အတွင်းသို့ပြန်ပို့နေလေသည်။ တော်ဝင်သမားတော် ဂုပေယွဲ့ သည် အသက်နှစ်ဆယ်ကျော်သာရှိသေးသော လူငယ်တစ်ဦးဖြစ်သည်။ သို့သော် သူသည် နန်းတွင်းသမားတော်များအားလုံး၏ ခေါင်းဆောင် ဖြစ်သည်။သူသည် ရှုပ်ထွေးလွန်းလှသော နန်းတွင်းသမားတော်ဆောင်၏ ဝတ်စုံကို မဝတ်ဆင်ပဲ ရိုးရှင်းသော အဖြူရောင် ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။ သန့်ရှင်းတည်ကြည်ပြီး ကျင့်ကြံမှုနှင့် ပြည့်စုံလှသည်။ သူသည် မပြုံးလျှင်တောင် အနွေးဓာတ်လေးများပါရှိသော တည်ငြိမ်အေးချမ်းသော မျက်နှာပိုင်ရှင် ဖြစ်သည်။ သူသည် ဆရာဝန် ထက် ကျောင်းသား ပညာရှိနှင့်တူသော သူဖြစ်သည်။


စစ်သူကြီး မူသည် ဟန်ယွင်ရှီးအား မုန်းလှသောအကြည့်ဖြင့်ကြည့်ပြီး ဂုပေယွဲ့ ဘက်သို့အပြေးသွားလိုက်ကာ ကြမ်းတမ်းစွာဖြင့်မေးလိုက်သည်,

“မြန်မြန်ငါ့ကိုပြောပါအုံး, ငါ့သား အဆင်ပြေရဲ့လား?”


“သူကိုယ်အပူတက်ပြီး ကိုမာ(coma) ဝင်သွားပြီ၊ ကျွန်တော်သူ့အခြေအနေကို နှစ်ရက်လောက်စောင့်ကြည့်ဖို့ လိုတယ်”

ဟု တခုခုအားစဉ်းစားတွေးတေားနေဟန်ဖြင့် မျက်မှောင်အနည်းငယ်ကျုံ့ကာ ဂုပေယွဲ့ပြောလိုက်သည်။


“ဒါပေမယ့် သူကဘာဖြစ်တာလဲ? သူ မူးမလဲခင် အကောင်းကြီးရှိသေးတယ်လေ! အခုပြောပါအုံး!”

စစ်သူကြီးမူသည် ကျယ်လောင်စွာအော်လ်ိုက်သည်မှာ ဂုပေယွဲ့အား ဝါးမြိုမတတ်ပင်ဖြစ်သည်။


စစ်သူကြီးသည် စစ်တပ်အားထိန်းချုပ်သူဖြစ်သော်လည်း, ဂုပေယွဲ့ မှာ ဒုတိယအဆင့် မှူးမတ် ဖြစ်ပြီး ရှင်ဘုရင်၏ ကိုယ်ပိုင် သမားတော်ဖြစ်သည်။ သူမည်သို့ ခံစားရသည်ဖြစ်စေ သမားတော် ဂုအား ယခုလို မအော်သင့်ပါ။ ဂုပေယွဲ့သည် မတတ်နိုင်သောရုပ်ဖြစ်သော်လည်း တရေးတယူမပြောပါ။ သို့သော် သူပွင့်လင်းစွာဖြင့် ပြောလိုက်သည်,


“သူ့မှာ ဘာဒဏ်ရာ ဒဏ်ချက်မှ မရှိဘူး. သူ့ရဲ့ သွေးခုန်နှုန်းကလဲ ပုံမှန်ပဲ၊ အ့တာကြောင့် ကျွန်တော်လဲ အဖြေရှာမရလို့ နှစ်ရက်လောက် စောင့်ကြည့်ဖို့ပြောတာပါ”

ဂုပေယွဲ့သည် သမားတာ်များ၏ ခေါင်းဆောင်ဖြစ်သည်။ အကယ်လို့ သူ၏ဆေးစစ်တမ်းဆ်ိုပါက အခြားသူများထပ်စစ်ရန်မလိုအပ်ပေ။ စစ်သူကြီးမူသည် စိတ်လဲမရှည် ပျော်လဲမပျော်ရွှင်ပေ။


“ကောင်းပြီ, တော်ဝင်သမားတော်ဂု က်ို ဧည့်သည်ဆောင်ကိုခေါ်သွားလ်ိုက်၊ သူဒီမှာ နှစ်ရက်လောက်ဆက်နေလိမ့်မယ်”


ထိုအချိန်မှာ ဟန်ယွင်ရှီးမှ ကျယ်လောင်စွာ ထရီလိုက်သည်,

“ဟာသပဲ! တကယ့်ကို ကြီးလိုက်တဲ့ဟာသပဲ!

​ကြီးကျယ်လှတဲ့ ရှင့်လို သမားတော်ခေါင်းဆောင်ကတောင် သူက အဆိပ်မိထားတယ်ဆိုတာ မပြောနိုင်ဘူး၊ ရှင်သူ့ကို နောက်နှစ်ရက်အထိ ဆက်စောင့်ကြည့်မယ်ဆိုရင်၊ ကျွန်မပြောရဲတယ် ရှင် မူချင်းဝူကို သေတွင်းထဲရောက်အောင်ကူညီနေတာပဲ”


နေရာတခုလုံးသည် သည် ထိုစကားများကြောင့် တိတ်ဆိတ်သွားသည်။ အကုန်လုံး ဟန်ယွင်ရှီးအား ကြည့်ကုန်ကြသည်။ ဂုပေယွဲ့လဲ ဟန်ယွင်ရှီးအား ကြည့်လိုက်ပြီး ပထမဆုံးအကြိမ် သတိထားမိလိုက်သည်။ သူကိုယ်တိုင်လဲ အဆိပ်မိတာဖြစ်မည်ဟု မှန်းမိသော်လည်း မသေချာ၍ ထုပ်မပြောခြင်းဖြစ်သည်။


“မင်း! မင်းငါ့သားကို ကျိန်ဆဲရဲတယ်!”

စစ်သူကြီးမူသည် ဒေါသများပေါက်ကွဲထွက်ကုန်ပြီး သူမ အားထပ်မံ၍ ကြာပွတ်ဖြင့်ရိုက်ရန် ပြင်လေသည်။


သို့သော် မြင်းလှည်းဆရာသည် ဆက်၍ သည်းမခံနိုင်တော့ပဲ အော်လိုက်သည်,

“စစ်သူကြီးမူ, ခင်ဗျား သူမကို ရိုက်ချင်တိုင်းရိုက်လို့မရဘူး! သူမက ချင်ဝမ်ဖေး!”


အာ?


ချင်ဝမ်းဖေး?


စစ်သူကြီးမူ ၏ကြာပွတ်သည် လေပေါ်တွင်သာ လည်နေပြီး မြေပေါ်သို့ပြန်မကျတောချေ၊ အခန်းတခုလုံးလဲ လန့်ဖျန့်ကုန်သည်။

ဘယ်လိုလုပ်ဖြစ်နိုင်ရမှာလဲ?


“မင်းဘာပြောလိုက်တယ်?”

ဒီတခါတော့ စစ်သူကြီးမှ လှည်းဆရာအား ပြန်အော် ကလှည့်ဖြစ်သည်။


“လေးစားရပါသော စစ်သူကြီးရယ် , ဒါက ချင်ဝမ်ဖေးပါ၊ ဒီမနက်ပဲ သူမ အရှင့်သား ချင်ဘုရင်နဲ့အတူ နန်းတွင်းမှာ အရိုအသေပေးဖို့ သွားခဲ့တာ၊ အပြန်လမ်းမှာ သခင်လေး စစ်သူကြီး မြေကြီးပေါ်မှာ လဲကျနေတာကိုတွေ့တာပါ။ လေးစားရတဲ့ ချင်ဝမ်းဖေးက စစ်သူကြီးကို လုပ်ကြံသတ်ဖြတ်သူမဟုတ်ပါဘူးဗျာ! သေသေချာချာ ဆုံးဖြတ်ပေးပါ စစ်သူကြီးရယ်!”

ဟု လှည်းဆရာမှာ အော်လိုက်သည်။

သူ့အား မယုံကြည်မှာစိုး၍ ချင်ဘုရင် အိမ်တော် တံခါးဂိတ် ဝင်ခွင့် တံဆိပ်ပြားအားထုပ်ပြလိုက်သည်။

တစ်ယောက်ယောက်က ဝမ်ဖေးကိုရိုက်လိုက်ရင် သူဘယ်လိုလုပ် အိမ်တော်ရောက်ရင် ရှင်းပြချက်ပေးရမှာလဲ?


ချင်ဘုရင်အိမ်တော်၏ တံဆိပ်ပြားကိုတွေ့သော် အခါ မတတ်နိုင်၍ လှည်းသမားအား ယုံသွားကြသည်။ ထို့နောက်သူမ ၏ လက်မှ ဒဏ်ရာအားပြန်မြင်သွားကြပြန်သည်။ တစ်ယောက်ပြီးတစ်ယောက်၏ မျက်နှာထားများမှာ ရှုပ်ထွေးကုန်သည်။ အဲ့တော့ ဒါက ဟန်အိမ်တော်ရဲ့ အသုံးမကျတဲ့အမှိုက်, နောက်ပြီး မင်္ဂလာဝေါယာဉ်ကနေ သူ့ဘာသူ ဆင်းချလာတဲ့ သတို့သမီး….ချင်ဝမ်းဖေး ဟန်ယွင်ရှီးပေါ့?


ဟန်ယွင်ရှီးသည် သူမ မည်သူဖြစ်သည်ကို အလျင်အမြန် ဖော်ပြလိုစိတ်မရှိပါ။ ချင်ဝမ်းဖေး ဟုသော နာမည် ဂုဏ်ပုဒ်သည် သူမအား အထူးအခွင့်အရေး အာဏာများပေးသလို ကန့်သတ်မှုများလဲရှိသည်--- အထူးသဖြင့် သူမ လို မထင်မရှား ဖြစ်သော ဝမ်းဖေးတစ်ယောက်အတွက်ကန့်သတ်မှုပိုများသည်။

ဒါပေမယ့် အခုလို ဖော်ပြလိုက်ပြီဆိုတော့ ဒီကလူတွေအကုန်လုံး ရိုသေသင့်လောက်ပြီပေါ့?


သို့သော် စစ်သူကြီးမူသည် ကြာပွတ်ကို ဆက်လက်၍ ကြမ်းတမ်းစွာရိုက်ချမည်ဟု မည်သူမျှ မထင်ပါ။ သူမအား မထိသော်လည်း , လန့်သွားစေသည်။


“ချင်ဝမ်းဖေး ဖြစ်တော့ရော ဘာဖြစ်လဲ? စစ်သူကြီးကို လုပ်ကြံတယ်ဆိုတာ န်ိုင်ငံတော်ကို ပုန်ကန်မှုပဲ! ပြောစမ်း မင်းကို လွှတ်လိုက်တာ ဘယ်သူလဲ?”

စစ်သူကြီးမူ ၏မျက်နှာပင် အမုန်းများနှင့် ပြည့်နက်နေသည်။ မိစ္ဆာနှင့်ပင် တူနေသည်။အကယ်လို့ တစ်ယောက်ယောက်က သူ့အဖိုးတန်သားကို ထိခိုက်ရင် ချင်ဝမ်းဖေး မပြောနဲ့ ချင်ဘုရင်တောင် သူ မမှုပါ။ နောက်ပြီး ဒီမိန်းမက ချင်ဘုရင် နှစ်သက်သဘောကျတာလဲခံရတာမဟုတ်ပဲ။ မင်္ဂလာနေ့မှတောင် ချင်ဘုရင် ပေါ်လာတာမဟုတ်ပဲ၊ အ့တော့သူမ မှာ တကယ့် အာဏာ ဘယ်ရှိမလဲ၊ ဒီလို ဘားမှမရှိတဲ့ နာမည်ဂုဏ်ပုဒ်နဲ့ ဘယ်သူက သူမကိုကြောက်မှာလဲ?


ဟန်ယွင်ရှီး သည် ယခုလိုအဖြစ်များကိုမမျှော်မှန်းမိပေ။ သို့သော် သူမ မတုန်လှုပ်သွားပါ။ စစ်သူကြီးမူ၏ စိတ်တိုနေသောအကြည့်များအောက်တွင် သူမ၏ အသံသည် အေးစက်ခက်ထန်လှသည်,

“ကျွန်မရှင်နဲ့ စကားတွေထပ်မပြောချင်တော့ဘူး၊ နောက်ဆုံး တစ်ကြိမ်ပဲထပ်ပြောလိုက်မယ် , ရှင့်သားက အဆိပ်မိထားတာ၊ နှစ်နာရီ အတွင်းမီာ အဆိပ်ကို အချိန်မှီ မကုရင် ကျွန်မပြောရဲတယ် နတ်ဘုရားတောင် သူ့အသက်ကို ကယ်နိုင်မှာမဟုတ်ဘူး!”


“ဟားဟား!” စစ်သူကြီးမူသည် ကျယ်လောက်စွာရီလိုက်သည်။

“နားထောင်စမ်း! မင်းတို့အကုန် သူမ ပြောတာကြားလား? ဟန်အိမ်တော်ရဲ့ အသုံးမကျတဲ့ အမှိုက်ကတောင် ဆေးစစ်တတ်နေပြီတဲ့? နေက အနောက်ကနေတောင် ထွက်တော့မှာပဲဟေ့!”


စစ်သူကြီးမူသည် ဂုပေယွဲ့အား ပြုံး၍ကြည့်လိုက်သည်,

“တော်ဝင်သမားတော် ဂု, သူမ ပြောတာကြားတယ်မလား၊ သူမရဲ့ ဆေးစစ်ချက်က မင်းနဲ့ တခြားစီးပဲ၊ သုံးစားမရတဲ့အမှိုက် နဲ့ သမားတော်ခေါင်းဆောင် နဲ့, ဘယ်သူ့စကားကို အတည်ယူရမလဲ?”

ယခု စကားများသည် ကဲ့ရဲ့ မှုများစွာဖြင့် ခန်းမအတွင်းရှိ လူအများအား ရယ်မောသွားစေသည်။ သို့သော် ဂုပေယွဲ့သည် ဟန်ယွင်ရှီးအား ကြည်​့၍ မရယ်ပေ။ သူ၏ မျက်ခုံးများသည် အလွန် တွန့်ထိုးနေ၍ တခုခုအား စဉ်းစားနေဟန်ဖြစ်နေသည်။ သိပ်မကြာခင် စစ်သူကြီး မူသည် ရယ် ခြင်းကိုရပ်လိုက်သည်။


“လာစမ်း ဒီမိန်းမကို ခေါ်ထုတ်သွားစမ်း! သခင်လေး စစ်သူကြီး နိုးလာရင် နန်းတွင်းထဲခေါ်သွားပြီး သူမကို ဒဏ်ခတ်ခိုင်းရမယ်!”


ဟန်ယွင်ရှီး သည် ဆက်၍သည်းမခံနိုင်တော့ပေ။ သူမ ခက်ထန်စွာမျက်စောင်းထ်ိုးကြည့်လိုက်သည်။ ခက်ထန်လွန်းလှသည်မှာ သူမနားကပ်လာသည့် အစောင့်များပါ နောက်သို့ ဆုတ်လိုက်ရသည်အထိပင်ဖြစ်သည်။ ဒီလူတွေက မူချင်းဝူ အသက်ကို ဖြုန်းတီးနေတာပဲ! သူမ စစ်သူကြီးမူအား ကြောက်စရာကောင်းအောင် စိုက်ကြည့်၍ နေရာတစ်နေရာတွင် ဝင်ထိုင်လိုက်သည်။


“တော်ဝင်သမားတော်ဂု , ရှင် သခင်လေးစစ်သူကြီးရဲ့ ချက်ကနေ စွမ် ၂ စွမ် * (၂ လက်မ) အကွာအဝေး ဖြစ်တဲ့ အထူးသဖြင့် ကြီးကျယ်တဲ့စိတ်ဝိညာဉ်* ရယ် မှေးမှိန်တည်ငြိမ်ချက်* စတဲ့ ခန္ဓာကိုယ် အပ်စိုက်မှတ်တွေကို သေချာ စမ်းကြည့်၊ အပ်ကိုသုံးပြီး အဆိပ်ရှိကြောင်းစမ်းလိုက် , ကျွန်မ လိမ်တယ် မလိမ်ဘူးဆိုတာကိုရှင်တွေ့လိမ့်မယ်”


[**တရုတ်အပ်စိုက် ဆေး ကုထုံးတွင် ကိုယ်ခန္ဓာရှိ အပ်စိုက်မှတ်လေးများကို အမည်နာမတွေပေးထားလေ့ရှိပါတယ်, အတတ်နိုငိဆုံးတော့ မြန်မာလိုခေါ်လို့ကောင်းအောင်ပြန်ထားပေးပါသည်]


သို့သော် အဝါရောင်တောက်တောက် အဝတ်များကို ဝတ်ဆင်ထားသော လှပသော မိန်းမ တစ်ယောက်သည် စိတ်ကြီးဝငိနေသော မျက်လုံးများဖြင့် လမ်းလျှောက်ဝင်လာသည်။ သူမသည် ဟန်ယွင်ရှီး၏ မင်္ဂလာပွဲနေ့က သူမ၏ ဇာပဝါအား ပြုတ်ကျအောင် ပစ်ခဲ့သော သူဖြစ်သည်။

စစ်သူကြီးမူ၏ သမီး မူလျိုးယွဲ့ ဖြစ်သည်။ မြို့တွင်းရှိ အခြားသော မိန်းမများကဲ့သို့ ပင် သူမသည်လည်း ချင်ဘုရင် မည်သူနှင့်မျှ လက်ထပ်မည်ကို မလိုလားသော သူဖြစ်သည်။ သူမကိုယ်တိုင် ချင်ဘုရင် နှင့် လက်မထပ်နိုင် ရင်တောင် သူမနေရာတွင် အခြားမိန်းမ ဖြစ်ခွင့်မပေးချင်သူဖြစ်သည်။


[TN: omg, သူနဲ့တန်တာကျလို့ ]


သုံးစားမရသော ဟန်ယွင်ရှီးလိုအမှိုက်သည် ချင်ဘုရင်အား ခိုးသွားယုံတင်မ​က သူမရဲ​့ အစ်က်ိုတော် ကိုပါလုပ်ကြံနေသည်။ သူမအလွှတ်မပေးပါ! မူလျိုယွဲ့သည် ဝင်လာသည်နှင့် စစ်သူကြီးမူ၏ လက်ကိုက်ိုင်ကာ ဟန်ယွင်ရှီး အား ရန်စသလိုဖြင့် ကြည့်လိုက်သည်။


“အဖေ , မြန်မြန် သူမကို တရားရုံး က်ိုပို့လိုက်တော့လေ, သူမ အစ်ကိုတော်ကို ဓားနဲ့ ရွယ်နေတာ လူတိုင်းမြင်တာပဲကို! ဘာလို့ သူမနဲ့ စကားပြောပြီး အချိန်ဖြုန်းနေမှာလဲ? သုံးစားမရတဲ့ အမှိုက်မ က ဆေးပညာရပ်ကိုဘာသိမှာလဲ?”


ဟန်ယွင်ရှီးသည် ဒီအမျိုးသမီးနှင့် ဘယ်လို ရန်စမျိုးရှိခဲ့သည်ကို သေချာမသိပေမယ့် အန္တရယ်ရှိသော ရန်ဘက်ဟု ခံစားနေရသည်။ သူမ၏ ခေါင်းတခုလုံး ပေါက်ကွဲ လုမတတ် ဖြစ်နေသည်အထိ သူမ အချိန်များကို တွက်ချက်ကြည့်နေသည်။ မူချင်းဝူ၏ အဆိပ်များသည် သူ၏အတွင်းအင်္ဂါအတွင်းသို့မကြာမီ ပျံ့တော့မည် ဖြစ်သည်။ စစ်သူကြီးမူလဲ ဟန်ယွင်ရှီးအား မယုံပေ, ထို့ကြောင့် အစောင့်များအားအော်လိုက်သည်။


“မင်းတို့ကောင်တွေ ဆန်ပုံးတွေလိုရပ်နေမှာလား? မြန်မြန်သူမကို ခေါ်သွားစမ်း!”


“နေအုံး!” ထိုအချိန်တွင် ဂုပေယဲ့သည်ရုတ်တရက်လှမ်းအော်လိုက်သည်။


သူကိုယ်တိုင်လဲ ကြီးကျယ်တဲ့စိတ်ဝိညာဉ်* ရယ် မှေးမှိန်တည်ငြိမ်ချက်* ဟူသော အပ်စိုက်မှတ်များကိုသိသည်။ ထို အမှတ်များသည် သာမန် အမှတ်များမဟုတ်ပေ ၊ ဆေးနယ်ပယ်အား နက်နက်နဲနဲ ကျော်လွန်သူသာမဟူတ်လျှင် မသိပေ, အမှတ် နာမည်တင်မဟုတ်ပေ နေရာအတိအကျလျှင်ပင်မသိနိုင်ပေ။ ချက်အပေါ်က ၂ လက်အကွာ ဟု ဟန်ယွင်ရှီးမှာ အတိအကျ ထောက်ပြနိုင်သည်။ ပို၍ ထူးခြားသည်မှာ ထိ​ုအမှတ်နှစ်မှတ် သည် အဆိပ်နှင့်ပက်သက်လျှင် အလွန် ကူးစက်လွယ်သော နေရာများဖြစ်သည်။ ထိုနေရာများကို စမ်းသပ်ခြင်းမှာ အကောင်းဆုံးပင်ဖြစ်သည်။


ဤအမှတ်များ​ကို ဟန်ယွင်ရှီး သိခြင်းသည် သူမသည် သုံးစားမရသော အမှိုက်မဟုတ်ပေ။ သူမ၏စကားများသည် သံသယ ရှိစရာဖြစ်သော်လည်း ဂုပေယွဲ့ကိုယ်တိုင်လဲ မူချင်းဝူ အဆိပ် မိ မမိ ဝေခွဲမရဖြစ်နေပြီးဖြစ်သည်။ အဆိပ်ဖြေခြင်းနှင့်ပက်သက် ၍ သူ၏အရည်အချင်းများသည် မပြည့်မှီပေ ထို့ကြောင်​့ သူသေချာ၍ ဆေးစစ်ချက် မထုပ်ပေးနိုင်ပါ။ အခုအချိန်တွင် ဟန်ယွင်ရှီးအားတကြိမ်တခါယုံကြည်လိုက်ရုံဖြင်​့ အကျိုးအမြတ် မဖြစ်ဟု မထင်ပါ။


“စစ်သူကြီးမူ, လေးစားရပါသောဝမ်းဖေး ပြောတာ ဖြစ်နိုင်ချေရှိပါတယ်၊ ကျွန်တော်အခုပဲ စမ်းသပ်ကြည့်လိုက်အုံးမယ်” ဟုပြောကာ ဂုပေယွဲ့ အပြေးသွားသည်။


မူလျိုယွဲ့ သည် သူ၏လမ်းကို ကာလိုက်သည်။

“ရှင်သွားလို့မဖြစ်ဘူး၊ တော်ဝင်သမားတော် ဂု! သူမက ဟန်အိမ်တော်ရဲ့ သုံးစားမရတဲ့အမှိုက် ဆိုမသိတဲ့သူ ဘယ်သူရှိလဲ? အဆိပ်တွေ အပ်စိုက်မှတ်တွေ အကြောင်း ကို သူကဘာနားလည်မှာလဲ? ဟာသပဲ!”


“မိန်းကလေး, လူတစ်ယောက်ရဲ​့ အသက်က အချိန်နဲ့ အမျှတန်ဖိုးရှိပါတယ်၊ အထူးသဖြင့် အဆ်ိပ်မိနေတဲ့အခါ အရေးကြီးပါတယ် ၊ ကျေးဇူးပြု၍ ပြဿနာမရှာပါနဲ့”

ဟု ဂုပေယွဲ့ အတည်ပေါက်ပြောလိုက်သည်။


** ဂုပေယွဲ့ [Gùběiyuè (顾北月)]

Gu(ဂု) သည် ‘လှည့်ကာကြည့်လိုက်ပါ’ ဟုအဓိပ္ပာယ်ရှိသော မျိုးရိုးနာမည်ဖြစ်ပြီး , Beiyue (ပေယွဲ့) သည် “မြောက်ပိုင်းရှိ လမင်း” ဟုအဓိပ္ပာယ်ရပါသည်။

[လမင်းလေးလို အေးမြ ကြည်လင်သော ဂုပေယွဲ့ကို တွေးကြည့်လိုက်ကြပါ! <3]

_______________

အပိုင်း(၂၂)_ပြန်လည်တ်ိုက်ခိုက်ခြင်း, အပ်စိုက်မှတ်များတွင် အပ်ကိုအသုံးပြုခြင်း


ဂုပေယွဲ့၏ စိုးရိမ်ကြီးလှသော မျက်နှာကိုမြင်လိုက်သော် စစ်သူကြီးမူသည် အလွန် လန့်သွားသည်။ သူ့သား၏ အသက်သည် သူ့အတွက် အရေးအကြီးဆုံးဖြစ်သည်။ ဂုပေယွဲ့သည် တော်ဝင်သမားတော်ခေါင်းဆောင် ၊ ရှင်ဘုရင်၏ ကျန်းမာရေးအားကြည့်ရှုစောင့်လျှောက်ရသော သူဖြစ်သည်။ ထို့ကြောင့် သူ၏စကားများသည် အမှန်တကယ်ဖြစ်သည်။ မူလျိုယွဲ့ သည် ဟန်ယွင်ရှီးအားမယုံကြည်ချင်ပေ၊ သူမသည် ဟန်ယွင်ရှီးအား တရားရုံးအား အလျင်အမြန်ပို့ပြီး ဗရုန်းဗရင်း ဖြစ်အောင်ဖန်တီးရန် အသင့်ဖြစ်နေလေသည်။


“ကျွန်မ မရဘူးလို့ပြောရင် မရဘူးပဲ!”


စစ်သူကြီးမူသည် ရုတ်တရက် ထပြောလိုက်သည်,

“လျိုယွဲ့ , ဘေးဖယ်စမ်း!”


“အဖေ!” မူလျိုယွဲ့သည် ဝန်လေးနေသည်။


“ဘေးဖယ်စမ်း!” စစ်သူကြီးမူသည် စိတ်တိုလာသည်။


မူလျိုယွဲ့ သည် နောက်ဆုံးတွင် ခြေတလှမ်းလောက် ဆုတ်ပေးလိုက်သော်လည်း သူမ၏ လက်မှာ ဂုပေယွဲ့ ၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ထားသည်။ ရုတ်ခနဲ ဆရာဝန် ကသူမအား ခါချလိုက်သည်မှာ ဘေးမှကြည့်သူများပင် အံ့ဩသွားသည်။ ထို့နောက် လူနာရှိရာ အခန်းထဲသို့ ပြေးဝင်သွားသည်။ သူ၏ ထွက်ခွာမှုသည် မကြာခင်တွင် အလျင်အမြန် ပြန်ရောက်လာသည်။ သူ၏မျက်နှာသည် ဖြူဖတ်ဖြူလျောနှင့် လေးနက်သော မျက်နှာဖြင့် လက်တွင်လည်း မဲနက်နေသော အမဲရောင် အပ်နှစ်ချောင်းအား လူတိုင်းမြင်ရန် ကိုင်ဆောင်လာသည်။


[ *အပ်တွင် မဲနေခြင်းသည် အဆိပ်ရှိသည့် လက္ခဏာဖြစ်သည်]

အဆိပ်! အလွန့်အလွန် ပြင်းတဲ့အဆိပ်!


စစ်သူကြီးမူ သည် သူ၏ခုံမှ ခုန်ထွက်သည်အထိ လန့်ဖျန့်သွားသည်,

“သူတကယ်ပဲ အဆိပ်မိထားတာ?”


မူလျိုယွဲ့လည်း မယုံကြည်နိုင်ပေ၊ သူမ၏ခေါင်းကို ခါကာ ကြောင်နေသည်။ သို့သော် အလျင်အမြန် ပင်, သံသယ ပြည့်သော မျက်နှာဖြင့် ,

“ဟန်ယွင်ရှီး , အ့တာ နင့်ရဲ့ အဆိပ် ဟုတ်တယ်မလား? မဟုတ်ရင် နင်ကဘယ်လိုလုပ် သိမှာလဲ?”


ဟန်ယွင်ရှီးသည် ဒီလိုငတုံးမ အား ကြည့်ရတာ ပင်ပန်းလာပြီဖြစ်သည်, သူမ ထကာ ,

“ရှင်တို့တွေ ဆက်ပြီးအချိန်ဖြုန်းချင်ရင် , ကျွန်မလဲ မသိတော့ဘူး!”

သူတို့တွေ အချိန်ဆွဲတာကြာပြီဖြစ်သည်၊ ထို့အပြင် သူမတွင် အဆိပ်ဖြေဆေးလဲမရှိပေ၊ တော်တော်ရှုပ်သော ကိစ္စဖြစ်လာပြီသည်။


“ဟန်ယွင်ရှီး, မင်းကို ငါဒီတခါယုံလိုက်မယ်, မြန်မြန် ငါ့နောက်လိုက်ခဲ့!”

စစ်သူကြီးမူ၏ သူ့သားအပေါ်စိုးရိမ်မှုသည် သူ့နှလုံးသားပင် လောင်ကျွမ်းစေနိုင်သည်။ သူကိုယ်တိုင်ပင် အရှေ့မှ ဦးဆောင်သွားသည်။


ဟန်ယွင်ရှီးသည် ပေါ့ပါးစွာ သက်ပြင်းတချက် ချလိုက်ရင်း တော်ဝင်သမားတော်ဂု ၏ ခံ့ညားထည်ဝါသော မျက်ခုံးများကို ရုတ်တရက်မြင်မိလိုက်သည်။ သူမ မတတ်နိုင်ပဲ ဒီလူအပေါ်တွင် ကောင်းသော ထင်မြင်ချက်များကို ခံစားမိလိုက်သည်။ လူများ အာရုံမပြုသည့်အချိန်တွင် သူမ တိုးတိတ်စွာ ဆေးနှင့် အထောက်အကူ ပစ္စည်းများကို သူမ၏ အဆိပ်ဖြယ် system မှ ထုပ်ယူလိုက်သည်။ လူအများလဲ သူမ ဤပစ္စည်းများကို ဘယ်ကရလဲ မသိသော်လည်း အလုပ်ရှုပ်လွန်း၍ မေးရန် အချိန် ပင်မရပေ။


“တော်ဝင်သမားတော်ဂု နဲ့ စစ်သူကြီးမူ နေလို့ရပါတယ်၊ ကျန်တဲ့လူတွေကတော့ အကုန်ထွက်သွားပေးပါ ကျွန်မကို မနှောက့်ယှက်ပါနဲ့”

ဟု ပြောရင်း ဟန်ယွင်ရှီးသည် မူချင်းဝူ ၏ အဝတ်များကို ဖယ်ရှားလိုက်သည်။


လူအုပ်ကြီးက တိတ်တဆိတ် နောက်ဆုတ်သွားသော်လည်း အမျက်ဒေါသထွက်နေသော မူလျိုယွဲ့ သည် ဆက်လက်၍ နေနေသည်။ နေရုံတင်မကပဲ ဟန်ယွင်ရှီိး၏ ရှေ့တွင် ကာ ရပ်လိုက်ပြီး သူ၏မျက်လုံးနှစ်ဖက်အား ဖုံးထားလိုက်သည်။ သူကိုယ်တိုင်ပင် သူ့အစ်ကို၏ ကိုယ်တီးလုံးပုံ ကိုမကြည့်ရဲသည်ကို ဟန်ယွင်ရှီးသည် ဒီလောက် အရှက်မဲ့မည်ဟု မထင်ပေ!


“ဟန်ယွင်ရှီး , နင်သူ့ကိုကောင်းကောင်းနှိုးရင်နှိုး , မဟုတ်ရင်တော့ ငါခွင့်မလွှတ်ဘူးနော်”

မူလျိုယွဲ့ အေးစက်စွာ ခြိမ်းခြောက်လိုက်သည်။


ဟန်ယွင်ရှီိး ထပ်ပြီး သည်းမခံနိုင်တော့ပါ၊ သူမ ဒေါသတွေပေါက်ကွဲခါနီးတွင် စစ်သူကြီးမူသည် သူမထက် အရင် အော်လိုက်သည်,

“ကောင်မစုတ်လေး, လာရှုပ်မနေနဲ့ ထွက်သွားစမ်း!”


လန့်ဖျန့်စွာနှင့် မူလျိုယွဲ့ မျက်ရည်စက်များစီးကျလာလေသည်။ သူမ အဖေက သူမကို ဒီလိုအော်နေတယ်? သူသည် သူမအပေါ် စိတ်ပင်မဆိုးဖူးပေ ၊ အခုတော့ ကြမ်းတမ်းစွာအော်နေလေသည်။ စိတ်တိုစွာဖြင့်ကောင်မလေး သည် သူမလက်ကိုဖယ်ပြီး အခန်းထဲက ပြေးထွက်သွားသည်။ ဟန်ယွင်ရှီးလည်း အသက်ရှူချောင်သွားပြီး အပ်စိုက်မှတ်များကိုရှာရန် အာရုံပြန်စိုက်လေသည်။ သူမ၏ ဓားအား မီးနှင့်သေချာ ညှိ့ပြီးမှ ဂရုတစိုက် ခွဲစိတ်မှုကို စတင်လေသည်။ သူမ၏ အဆိပ်ဖြယ် system တွင် သိုလှောင်ထားသည့် ပစ္စည်း အများစုမှာ ဆေးဖက်ဝင်အပင် , အပ်စိုက်ကုတုံးအပ်များ , ဝါဂွမ်း , ဂွမ်းဖက် စသည်တို့ဖြစ်သည်။ သူမတွင် ခွဲစိတ်ကိရိယာများ မရှိပေ။ ဓားကိုင်ထားသောအခါ သူမ၏ လှုပ်ရှားမှုများသည် ရိုးရှင်းပြီး အကြမ်းထည်ဆန်သည်။ သို့သော် လူတစ်ယောက်၏ အသက်သည် အရေးပါသောကြောင့် သူမ အကောင်းဆုံး ကြိုးစားရမည်ဖြစ်သည်။ အချိန်ပိုဆွဲလေ အန္တရာယ် ပိုများလေဖြစ်သည်။ ယခုလို ထိုးသွင်းခံရသော အဆိပ်မျိုးသည် ပုံမှန် အဆိပ်မျိုးထပ် ပို၍ ပြဿနာ များလေသည်။ ခန္ဓာက်ိုယ်တွင်းသို့ အဆိပ်ရောက်ရှိမှု ပိုနက်လေ ဖယ်ထုတ်ရန် ပိုခက်ခဲလေဖြစ်သည်။


ဝမ်းဗိုက်ရှိ အရေပြားအား သူမ လှီးလိုက်သည်နှင့် သွေးများ စီးထွက်လာသည်, စစ်သူကြီးမူ မှာ လန့်ဖျန့် ကြောက်လန့်သွားပြီး အော်လိုက်သည်,

“ဟန်ယွင်ရှီး, မင်း!”



ကံဆိုးစွာဖြင့်, ဟန်ယွင်ရှီးသည် သူမ၏ အလုပ်အပေါ် အာရုံ စူးစိုက်လွန်းနေ၍ သူ့အား အာရုံမပေးနိုင်ပေ။ သူမလက်ထဲတွင် ရှိသော သူ၏ သား အသက်ကြောင့် စစ်သူကြီးမူလဲ ထင်ရာစိုင်းမလုပ်ရဲ၍ ဂုပေယွဲ့အား အသံတိုးတိုးဖြင့်သာ မေးနိုင်သည်,

“ သူမ အဲ့လို ဝမ်းဗိုက်ကို လှီးလိုက်လို့ရလို့လား?”


အမှန်တကယ်တော့ , ဂုပေယွဲ့လဲ သေချာမပြောတတ်ပေ၊ သို့သော် ဟန်ယွင်ရှီး၏ အလွန် အာရုံစူးစိုက် နေမှုကို ကြည့်၍ သူမ၏ အမေ အမျိုးသမီး ထျန်းရှင်း အားသတိရမိသွားသည်။ သူတို့နှစ်ဦး ၏ပညာရပ်ကို ထုပ်ပြနေချိန် တွင် ပြောင်မြောင်သော တူညီမှုရှိကြသည်။


သူသည် ဟန်ယွင်ရှီးထက် အသက် လေးနှစ် ကြီးသည်။ သူ အသက်လေးနှစ် အရွယ်တုန်းက သူ၏အဖေ သည် သမားတော်များ ဆွေးနွေးညှိနှိုင်းပွဲကို ခေါ်သွား၍ အမျိုးသမီးထျန်းရှင်း အယး ကံကောင်းစွာဖြင့် တွေ့ဖူးခဲ့သည်။ အမှန်တကယ်မှာ , သူကိုယ်တိုင်လဲ ဟန်ယွင်ရှီးအား မြင်ခဲ့ဖူးပေလိမ့်မည်။ သို့သော် သူမလဲ သူမအမေ၏ ဝမ်းဗိုက်ထဲတွင်သာ ရှိသေးလောက်သည်၊ ထို့သို့ မှတ်မိလိုက်သောကြောင့် ဂုပေယွဲ့ ၏ နှုတ်ခမ်းတွင် နွေးထွေးသော အပြုံးလေး စီးဝင်လာသည်။

“ရှူး…. သူမကို သွားမနှောင့်ယှက်နဲ့”


မကြာခင်မှာပဲ , ဟန်ယွင်ရှီးသည် သွေးနီရဲရဲ လှီးထားသောနေရာ အတွင်းမှ မဲနက်လှသော အပ်အား နှိုက်ထုတ်နိုင်လိုက်သည်။ စစ်သူကြီး မူသည် မယုံမကြည်နိုင်ပေ။ ဂုပေယွဲ့ ၏မျက်လုံးများသည် လက်ခံမှု အပြည့်ဖြင့် ငေးကြည့်နေသည်။ ထို့နောက် ဒုတိယ မဲနက်နေသော အပ်တစ်ချောင်း ပြန်ထုတ်နိုင်လိုက်သည်။ သူမ၏ လှုပ်ရှားမှုများသည် သူမ လက်မောင်းမှ ကြာပွတ်ဒဏ်ရာ အား ပွင့်သွားစေပြီး သွေးများစိမ့်ထွက်လာသည်။ သို့သော် ဟန်ယွင်ရှီးမှာ လုံးဝ သတိမထားနိုင်ပဲ သူမ၏ လူနာအပေါ်တွင်သာ အာရုံအပြည့်စိုက်နေလေသည်။ ဂုပေယွဲ့ သည် ချက်ချင်းပင် ဆေးများဝါဂွမ်းများဖြင့်အုပ်‌ပေး

ရန် ဆုံးဖြတ်လိုက်သည်။ ဒဏ်ရာပေါ်တွင် ဝါဂွမ်းအုပ်ရန် သူ ညွှတ်ကိုင်းလိုက်သည် ၊ သို့သော် ဟန်ယွင်ရှီးသည် သူ့အားကြည့်၍ ,


“မနှောင့်ယှက်…”


“ကျွန်တော် မနှောင့်ယှက်စေရဘူးလို့ ကတိပေးတယ်, ကျွန်တော့်ကိုယုံပါ” ဟု ဂုပေယွဲ့ နူးညံ့စွာပြောလိုက်သည်။


[Atsuko: Awwnnn , ဂုပေယွဲ့ UwU]


ဟန်ယွင်ရှီး ငြင်းဆန်ချင်သော်လည်း သူမ ဂုပေယွဲ့၏ နွေးထွေးသော မျက်လုံးများကို တွေ့လိုက်ရသည်၊ သူမ၏ နှလုံးသားသည် အံ့ဩတုန်လှုပ်သွားသည်။ ဒီလောကကြီးတွေ အခုလို သန့်ရှင်းစင်ကြယ်ပြီး ထိုးဖောက်နိုင်သော အကြည့်မျိုးပိုင်ဆိုင်သော သူများရှိသေးမည်ဟု သူမ မထင်ထားပါ​။ ကလေးငယ်လေး၏ အကြည့်ထက်တောင် ဖြူစင်လှလွန်းသည်။ သူမလဲ မတတ်နိုင်ပဲ တွေးမိလိုက်သည် သူသည် ဘယ်လိုလူစားမျိုး ဖြစ်မည်နည်း?



အာ… ဟန်ယွင်ရှီး အာရုံပျက်သွားမိပြန်သည်။ သူမ မျက်လုံးများသည် ချက်ချင်း အေးစက် သွားပြီး ,

“ တော်တော့, ရှင် ကျွန်မကိုအခုပဲ နှောင့်ယှက်နေပြီးပြီ!”


သို့သော် ဂုပေယွဲ့ မရပ်သွားပါ၊ မရပ်ပဲ သူ၏လက်တစ်ဖက်သည် ဟန်ယွင်ရှီး၏ ခေါင်းအား မူချင်းဝူ ဆီမရောက်မချင်း လှည့်ပေးလိုက်သည်။

“ဆက်လုပ်ပါ၊ ကျွန်တော် ခင်ဗျားကို မနှောင့်ယှက်ဘူးဆိုရင် တကယ်မနှောင့်ယှက်ဘူး”


[ UwU !! GuBeiyue so cool!!]


ဟန်ယွင်ရှီး လဲ ငြင်းခုန်ချင်စိတ်မရှိပေ၊ သူသာ နှောင့်ယှက် လာရင် တိုးတိုးတိတ်တိတ် လေး တွန်းထုတ်လိုက်မည်ဟု တွေးလိုက်သည်။ သို့သော် မထင်မှတ်ထားတာ တစ်ခု ဖြစ်သွားသည်။ သူမ၏ လက်သည် အဆက်မပြတ် ရွှေ့လျားနေသော်လည်း ဂုပေယွဲ့ သည် ရွှေ့လျားမှု တိုင်းအား လိုက်၍ နူးညံ့စွာဖြင့် အသာအယာလေး သူမ၏ လက်မှဒဏ်ရာအား သန့်ရှင်းပြီး ဆေးထည့်ပေးလေသည်။ သူ၏ လှုပ်ရှားမှုများသည် သေသပ်သည့် အပြင် အလွန် စေ့စပ်တိကျပြီး အလွန်သိမ်မွေ့လေသည်။ အဓိက အရေးအကြီးဆုံး အချက်မှာ သူသည်အမှန်တကယ် သူမအား မနှောင့်ယှက်မိပါ။


သူမ၏ မျက်နှာထားတွင် ဘာမှမပေါ်သော်လည်း ဂုပေယွဲ့ အား ဟန်ယွင်ရှီးသည် သူမ၏ နှလုံးသားထဲမှ လေးစားနေမိသည်။ ကြည့်ရတာ သူသည် နာမည်ဂုဏ်ပုဒ်နှင့် ချီးမြှောက်မှုများကိုသာ လိုက်စားသော သူမဟုတ်လောက်ပေ။ သူ့အရည်အချင်းများသည် သာမန် ထက်ကို အလွန်ပိုလှသည်။ သူမ၏ လက်မောင်းအား ဂုပေယွဲ့ ဆီလွှဲထားလိုက်ပြီး သူမလက်တွင်ရှိသော အလုပ်အပေါ်တွင် အပြည့်အဝ အာရုံစိုက်လိုက်သည်၊ ဂုပေယွဲ့ ပတ်တီိးပတ်ပြီးချိန်ပင် သူမ မသိလိုက်ရပါ။ အဆိပ်အပ်များအား ဖယ်ထုပ် ပြီးချိန်တွက် သူမ အလျင်အမြန် ဓားဒဏ်ရာ အား မချုပ်ပဲ က များစွာသော အပ်စိုက်မှတ်များတွင် အပ်များကို ထပ်မံစိုက်ကာ အဆိပ်များကို ထွက်စေသည်။ ဂုပေယွဲ့သည် သူမ၏ အပ်စိုက်ပညာ နှင့် အရည်အချင်းကို တွေ့ပြီး အသက်ရှူကျပ်မတတ်ဖြစ်သည် အထိ ညို့ယူခံစားမိလိုက်သည်။


သူမ အရည်အချင်းရဲ့ အလှတရားသာမက သူမ ရွှေးလိုက်သည့် အပ်စိုက်မှတ်များကို သေချာလိုက်မမှီလိုက်သည့် အပြင် တချို့တလေ၏နာမည်ကိုပင် မသိပေ။ သိပ်မကြာခင်မှာပင် ဒဏ်ရာ အနီးတဝိုက်တွင် အပ်များဖြင့်ပြည့်နေတော့သည်။ သာမန်လူသာ ဆိုလျှင် အပ်ပုံအထူအကြီးမှလွဲ၍ တခြားမြင်မည်မထင်ပါ, သို့သော် ဒီနယ်ပယ်တွင် ကျွမ်းကျင် သူဆိုပါက သိသည်။ ဤအပ်များတွင် များစွာသော ဗဟုသုတ အဓိပ္ပာယ်များပါဝင်သည်။ ထို့သို့ အသားအရေပေါ်သို့ အပ်များစိုက်ထားသဖြင့် အမဲရောင် သွေးများသည် ပို၍ ပ်ို၍ စိမ့်ထွက်လာသည်။ အင်္ကျီသုံးထည် တိတိ ကိုပင် အရောင်စိုးနိုင်သည့်အထိဖြစ်သည်။ အဆိပ်သွေးများသည် ရပ်မည့်ပုံမပေါ် , သို့သော် ဟန်ယွင်ရှီးသည် သူမ၏ အပ်များကိုဖယ်ရှားလိုက်ပြီး ဒဏ်ရာအား ဆေးများဖြင့် သိပ်လိုက်သည်။

“လေးစားရပါသော ဝမ်းဖေး , သွေးထဲမှာ အဆိပ်တွေကျန်သေးတယ် မဟုတ်ဘူးလား?”

ဂုပေယွဲ့ ရုတ်တရက်မေးလိုက်သည်။

အမှန်တကယ် မှာ ဟန်ယွင်ရှီး၏ အပ်စိုက် အရည်အချင်းများကို ဂုပေယွဲ့ သေချာမမြင်ရသေးပါ။

ပုံမှန် အတိုင်းပင် , ဟန်ယွင်ရှီးသည် မေးခွန်းအားလုံးအား လျစ်လျူရှုထားသည်။ သင့်တော်သော ပစ္စည်းများ မရှိလျှင် သူမ တရုတ်ဆေးအကူအညီကိုသာယူနိုင်မည်ဖြစ်သည်။ ကံကောင်းစွာဖြင့် သူမ၏ ခွဲစိတ်မှုသည် သိပ်မနက်သောကြောင့် ဒဏ်ရာ၏ အလွှာတစ်လွှာပြီးတစ်လွှာ အား ကူးစက်ခြင်း အပူလောင်ခြင်း , အဆိပ်အားဖိနှိပ်ရန် , သွေးစီးဆင်းမှုအား ရပ်တန့်ရန် နှင့် ကြွက်သားများကိုပြန်လည် တင်းစေရန် များစွာသော ဆေးများကို အသုံးပြုကာ နောက်ဆုံးတွင် နောက်ဆုံးအလွှာ အဖြစ် အဖြူရောင် ဇကာကွက် ပတ်တီးအားပတ်၍ ပြီးဆုံးစေသည်။


ဒဏ်ရာအား တည်ငြိမ်အောင်ပြုလုပ်ပြီးချိန်တွင် ဟန်ယွင်ရှီးသည် သက်ပြင်းချ၍ သူမမျက်ခုံးမှ ချွေးပါးပါးလေးများကို သုတ်လိုက်သည်။ ထိုအချိန်မှသာ ဂုပေယွဲ့၏ မေးခွန်းကိုပြန်ဖြေလေသည်,

“သူဒီလိုဆက်ပြီး သွေးထွက်နေရင် သူအဆိပ်ကြောင့် မဟုတ်ပဲ သွေးထွက်လွန်ပြီးသေသွားလိမ့်မယ်လေ၊ ဒါက အဓိက အခြေခံအကျဆုံး ဗဟုသုတပဲ ၊ ရှင်နားမလည်ဘူးလား?”


ဂုပေယွဲ့၏ မျက်နှာသည် နီသွားပြီး နူးညံ့စွာ ပြုံးလိုက်သည်, သို့သော် သူ့ကိုယ်သူပြန်ခုခံရန် သူဘာမှ ပြန်မပြောပါ။ ငယ်ရွယ်စဉ်ကတည်းက သူသည် ညဏ်ကြီးရှင် တစ်ယောက်အဖြစ် ချီးမွမ်းခံခဲ့ရခြင်းဖြစ်သည်၊ သို့သော် ယခုအခါ မိန်းမတစ်ယောက်၏ခါချခြင်းကိုခံလိုက်ရသည်။ ဟန်ယွင်ရှီးသည် သူ့ထက်တောင် ငယ်နေသည်။ သူမရဲ့ ဘယ်အပိုင်းက သုံးစားမရတာလဲ? သူမက အမှန်တကယ်ပင် ညဏ်ကြီးရှင် တစ်ယောက်ဖြစ်သည်။ သို့သော် စစ်သူကြီးမူသည် မပျော်ရွှင်ပေ။ အေးစက်စွာဖြင့် မေးလိုက်သည်,

“ မင်းအ့လိုလုပ်လိုက်တော့ သူ့ကိုယ်ထဲမှာရှိတဲ့အဆိပ်တွေကို ဘယ်လိုလုပ်မှာလဲ?”


“ကံကောင်းစွာနဲ့ ငါတို့အချိန်မှီလိုက်တယ်။ သူ့ရဲ့ အတွင်းအင်္ဂါတွေထဲကို အဆိပ်တွေ ပျံ့မသွားဘူး အ့တော့ ကျွန်မ ဆေးတချို့ကိုသုံးပြီး ထိန်းလို့ရအောင်လုပ်လိုက်တယ်။ သူထပ်ပြီးသွေးထွက်လို့မဖြစ်တော့ဘူး၊ သူ့ကိုလဲနောက် နှစ်ရက်လောက် ရွှေ့တာပြုတာ လုပ်လို့မရဘူး၊ သူ့ရဲ့ဒဏ်ရာတခုခု ဖြစ်ရင် ပြဿနာရှိတယ်”

ဟု သူမပြောရင်းနှင့် ဆေးညွှန်းတခုအား ရေးပြီး ဂုပေယွဲ့ဆီ ကမ်းလိုက်သည်,

“ရှင်ဒီ ဆေးပစ္စည်းတွေကိုကျွန်မ အတွက်ရှာပေးလို့ရလား?”


စာရင်းတွင်ပါသော ပစ္စည်းများသည် သူမ ချင်ဘုရင်အားပေးလိုက်သည် များကဲ့သ်ို့မရှားပေ။ တချို့ ရှေးဟောင်းစားအုပ်များတွင် ဤအပင်များအား သာမန်အပင်များအဖြစ် ရေးသွင်းထားသည်ကို သူမ မှတ်မိသည်။ ထင်ထားသည့်အတိုင်းပင် , ဂုပေယွဲ့သည် တချက်ကြည့်လိုက်​ကာ ပြန်ပြောလိုက်သည်,

“ဟုတ်ကဲ့၊ ကျွန်တော် ဆေးဖက်ဝင် ဆေးဆိုင်ကနေဝယ်လို့ရပါတယ် ၊ အဖြူရောင်ငုဝါခန်းမ မှာရှိလောက်မယ်၊ လေးစားရပါသော ဝမ်းဖေး ခဏလောက်စောင့်ပေးပါ ကျွန်တော် တစ်ယောက်ယောက်ကို ဝယ်ဖို့မှာလိုက်ပါ့မယ်”


ဟန်ယွင်ရှီးသည် အဆိပ်များဖြယ်စေသော ဆေးညွှန်းကိုရေးပေးလိုက်သည်မဟုတ်ပေ။ အဆိပ်များကိုပျော်ဝင်စေသော ဆေးညွှန်းကိုရေးလိုက်ခြင်းဖြစ်သည်။မူချင်းဝူသည် ထပ်၍ သွေးထွက်လွန်၍ မရပေ ထို့ကြောင့် သူ၏ခန္ဓာကိုယ်မှ အဆိပ်များကိုဖြိုခွဲရန်သာရှိသည်။ ဒီနည်းလမ်းသည် နှေးကွေးသော်လည်း သူ့အတွက် ကျန်ရှိသော နည်းဖြစ်သည်။ ဟန်ယွင်ရှီးသည် ဒီမှာနေ၍ စောင့်နေမည်မဟုတ်ပါ၊ သူမအိမ်မပြန်ပါက တော်ဝင်ကြင်ယာတော်ကြီး ယိ အား ရှင်းပြရန် ခက်ပေလိမ့်မည်။


“ကျွန်မမစောင့်တော့ဘူး, ဒီဆေးပစ္စည်းတွေကို သုံးခါသောက်စာလောက်ယူပြီး တခါတည်း ချက်လိုက်၊ နောက်ပြီး တစ်နေ့က်ို အစားမစားခင် နှစ်ခါနှုန်းနဲ့ ဆယ်ကြိမ်တိုက်ပေး။” သူမ ဂရုတစိုက် မှာကြားနေလေသည်။ ဖြတ်ခနဲပင် တော်ဝင်သမားတော် ခေါင်းဆောင် ဂုပေယွဲ့သည် ဆေးအိမ်တော်၏ ဝင်ခါစ အစေခံလေးသဖွယ်ပင်ဖြစ်သွားသည်။ သူသတ်ိမထားမိခင်မှာပင် သူ၏ ပါးစပ်တွင် အပြုံးလေးတစ်ခုပေါ်လာသည်။


ဘေးတစ်ဖက်တွင် စစ်သူကြီးမူမှာ မကျေနပ်သေးပေ,

“ဟန်ယွင်ရှီး, ဘာပြောတယ်? မင်းက မစောင့်တော့ဘူး?”


သူ၏အသံသည် ကျယ်လှသည်မှာ သူမ၏နားအား သန့်စင်နေသလိုပင်ဖြစ်သည်။ သူမသူ့ကိုကြည့်လိုက်ပြီး , သူမ၏ဒေါသကို ထိန်းထားသည်,

“စစ်သူကြီးမူ, အဆိပ်ရဲ့ အခြေခံကို ဖြယ်ပြီးသွားပါပြီ၊ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာကျန်နေတာတွေက သူ့က်ို သိပ်ပြီး အန္တရာယ်မပေးဘူး၊ ကျွန်မ အာမခံနိုင်တယ် သခင်လေး စစ်သူကြီးရဲ့ အဖျားကျသွားရင် သူနိုးလာလိမ့်မယ်၊ အစောဆုံးကတော့ မနက်ဖြန် မနက်ပိုင်းဖြစ်နိုင်မယ် ၊ နောက်အကျဆုံးကတော့ မနက်ဖြန် ညနေပိုင်းဖြစ်နိုင်မယ်”


“ငါအ့လောက် အတိအကျ ဂရုမစိုက်ဘူး၊ ဘယ်လ်ိုပဲဖြစ်ဖြစ် မူချင်ဝူ မနိုးလာခင်အထိ မင်းက သံသယရှိနေသေးတယ်၊ အ့တာကြောင့် သွားဖို့ကို မစဉ်းစားနဲ့!”

စစ်သူကြီးမူ၏ အသံသည် ပြင်းထန်ပြီး ရိုင်းစိုင်းသည်။


ဟန်ယွင်ရှီးသည် အေးစက်စွာ အသက်ရှူလိုက်သည်,

“စစ်သူကြီးမူ တော်ဝင်ကြင်ယာတော်ကြီးယိက ကျွန်မ ပြန်လာတာကို မေးဖို့စောင့်နေပြီ , ရှင်ကျွန်မကို နေစေချင်ရင် ချင်ဘုရင်အိမ်တော်ကို ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကိုရှင်းပြပြီး စာပို့ပြီးပြောဖို့ ကျွန်မရှင့်ကို ဒုက္ခပေးရလိမ့်မယ်။ ဒီနေ့ ကျွန်မ လူကယ်တာလား လူသတ်ဖို့လာတာလားဆိုတာ သူအကောင်းဆုံးသိမယ်လို့ ကျွန်မထင်တယ်!”


ဟန်ယွင်ရှီးသည် တော်ဝင်ကြင်ယာတော်ကြီး ယိ အား မကြိုက်နှစ်သက်သော်လည်း ယခုလို အခြေအနေမျိုးတွင် သူမရဲ​့ နာမည်ကို သုံးရသည်ကိုမမူပါ။ သူမသည် မူချင်းဝူအားကယ်ဆယ်ပြီး ဖြစ်ပြီး သူနိုးထလာမည်ကိုသေချာသည်။ အကယ်လို့ စစ်သူကြီးမူ သာ ချင်ဘုရင်အိမ်တော်ကိုသွားလိုက်တုန်း မူချင်းဝူနိုးလာလျှင် သူတော်ဝင်ကြင်ယာတော်ကြီးယိအား ရှင်းပြ၍ ခက်ပေလိမ့်မည်။


သူမသည် နှစ်သက်မခံရသော မိန်းမ ဖြစ်သော်လည်း, သူမသည် ချင်ဘုရင်အိမ်တော်၏ ကိုယ်စားပြု တစ်ယောက်ဖြစ်သည်ဟု တော်ဝင်ကြင်ယာတော်ကြီးယိ ပြောထားသည်။ သူမ သူတို့အတွက် အရှက်တကွဲမဖြစ်နိုင်ပါ။ ဟန်ယွင်ရှီးသိသည် ။အကယ်လို့ ဒီသတင်းသာ တော်ဝင်ကြင်ယာတော်ကြီးယိဆီရောက်လျှင် စစ်သူကြီးမူ လွယ်လွယ်နှင့် လွတ်မည်ဟု မထင်ပါ။


စစ်သူကြီးသည် အနည်းငယ် ခေတ်နောက်ကျသော်လည်း သူ၏ပခုံးအထက်တွင် ခေါင်းတစ်လုံးပါပါသေးသည်။ တော်ဝင်ကြင်ယာတော်ကြီးယိ သည် မယ်တော်မိဖုရားထက် ပို၍ ဆက်ဆံရခက်သူဟု သူကိုယ်တိုင်လဲသေချာသိသည်။ ယခုအချိန်တွင် ဤအမှုအား တည်ဆောက်ရန် သူ့ထံတွင် သေချာသော သက်သေလဲမရှိသေးပါ။ တုံ့ဆိုင်းမှု အနည်းငယ် အကြာတွင် စစ်သူကြီိးမူသည် လိုက်လျောလိုက်သည်၊


“မေ့လိုက်တော့, ငါဒီတခါတော့ မင်းကိုယုံကြည်လိုက်မယ်”


ဟန်ယွင်ရှီးသည် သက်ပြင်းချလိုက်ပြီး သူမကိုယ်တိုင်တံခါးဖွင့်ကာ အပြင်ကိုထွက်လိုက်သည်၊ သူမပထမဆုံးတွေ့လိုက်ရသည် မှာ မူလျိုယွဲ့၏ မုန်းဖွယ် အကြည့်စူးပင်ဖြစ်သည်။


“အစ်ကိုယ်တော်ကြီး နိုးလာပြီလား?” သူမ သံသယရှိစွာဖြင့်မေးလိုက်သည်။


ဟန်ယွင်ရှီးသည် သူမလို ငြီးငွေ့ဖွယ်ကောင်းပြီး အကျိုးအကြောင်းမသင့်သော မိန်းမအား ရှင်းပြဖို့မပြောနှင့် ကြည့်ပင်မကြည့်ချင်ပေ၊ သူမ မူလျိုယွဲ့အား လျစ်လျူရှုကာ ဖြတ်လျှောက်သွားသည်။


“ဟန်ယွင်ရှီး, နင်အ့မှာရပ်လိုက်စမ်း!” မူလျိုယွဲ့ ဒေါသ ထွက်သွားသည်။