ခေတ်သစ်ငရဲသစ်_NTNH MM

New Times New Hell mm

ခေတ်သစ်ငရဲသစ် (ဘာသာပြန်ဝတ္တု)

ယွီကျန်းဒူသည် တက်သစ်စ ကုမ္ပဏီလေးဖြစ်သော "ဘဝစီမန်ခန့်ခွဲမှု ဝန်ဆောင်မှု" များပေးသော ကုမ္ပဏီတွင် ပရိုဂရမ်မာ (programmer) တစ်ဦးအဖြစ် အလုပ်ဝင်ခဲ့လေသည်။


အလုပ်ပထမဆုံးနေ့တွင် လူစိမ်းတစ်ယောက်ထံမှ ဖုန်းလက်ခံရရှိခဲ့သည်, "ဟယ်လို ကျွန်တော် လူကြီးမင်းတို့ရဲ့ ကုမ္ပဏီကနေ မနက်ဖြန် နောက်ဘဝပြန်ဝင်စားမယ့်အကြောင်းကို အသိပေးအကြောင်းကြားစာရရှိခဲ့လို့ပါ..."


ယွီကျန်းဒူ ".....??"


ချောမောလှပသော သူဌေးရှန့်ချွဲပြောသည်မှာ, "ဝန်ထမ်းအသစ်, လူကမ္ဘာမှာရှိတဲ့ ငရဲအဖွဲ့အစည်းကနေကြိုဆိုပါတယ်၊ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က လူ့လောကက ငါ့ကို လော့ဖုန့်တောင်ရဲ့ သရဲဘုရင်ဆိုပြီး သိကြတယ်"


ယွီကျန်းဒူ, ".....??" ထိုအချိန်မှစ၍ သူသည် ငရဲ၏ တိုးတက်မှုအခြေအနေများကြောင့် အလွန့်အလွန် သောကရောက်ခဲ့ရလေတော့သည်။


မူရင်း စာရေးဆရာနှင့် အင်္ဂလိပ်ဘာသာပြန်သူများဆီမှတဆင့် ဘာသာပြန်သည်ဖြစ်ရာ မြန်မာဘာသာပြန်မှုမှလွဲ၍ အခြားတစ်ခုမှ မိမိတို့ပိုင်ဆိုင်ခြင်းမရှိပါ၊

ဘာသာပြန်သူ - @Yinger, စာစစ်သူ - @Kiriko30

စာရေးသူ - Lin Zhi Luo( 林知落)

တရုတ်မူလနာမည် - (新时代,新冥界) xin shidai, xin mingjie

အင်္ဂလိပ်ဘာသာပြန်ဆိုသူ - JP link here (နှိပ်ကြည့်ပါက အင်္ဂလိပ်ဘာသာပြန်စာမျက်နှာသို့ရောက်မည်ဖြစ်သည်)

စုစုပေါင်း အပိုင်းရေ - ၁၄၄ ပိုင်း

ဝတ္တု၏ မူလအချက်လက်များအား ကြည့်ရှုရန် - ဒီနေရာကိုနှိပ်ပါ

Wattpad တွင်ဖတ်ရန် ဒီကိုနှိပ်ပါ၊


Hello, it’s me Ying’er

ဒီ novel က comedy နဲ့ fantasy type လေးပါ...။

Kiriko30 ကြောင့် ပြန်ဖြစ်သွားတယ်ဆိုပေမယ့် MC နှစ်ယောက်လုံးကို တကယ်သဘောကျနေပြီ

အရမ်းကြီး fluffy, cheesy နှာခေါင်းသွေးလျှံလောက်တဲ့ type မဟုတ်ပေမယ့် ပေါ့ပေါ့ပါးပါးလေးဖတ်ရင်းနဲ့ စိတ်အမောတွေ ဖြေဖျောက်စရာလေးဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အပျင်းထူတဲ့ Yinger ရဲ့ ပထမဆုံး ဘာသာပြန်လေးမလို့ စိတ်ရှည်ရှည်နဲ့စောင့်ပြီးအားပေးကြပါတယ် :3 အားအင်တွေဖြည့်ပေးချင်ရင်တော့ မုန့်ကျွေးလို့ ရပါတယ် ဟဲဟဲ.....~

ကဲ ~ enjoy it!! Have a nice day

Character List

ရှန့်ချွဲ (Main Role)

ယွီကျန်းဒူ (Main Role)