Just For Fun တွေပဲ ရေးတာများပြီမို့ ဒီတစ်ခေါက် အတည်လေး ပြန်ရေးပါမယ် 😂 .
ရေးပေးမယ့်အကြောင်းကတော့ PUBGကို Noob လို့ အခေါ်မခံရအောင် ဘယ်လိုဆော့သင့်လဲဆိုတာကို ကျနော်တစ်ဦးတည်း အမြင်အရ ရေးပေးမှာပါ . . .
( ပြိုင်ပွဲဝင်ဖို့ မဟုတ်ပါဘူး . .
Pro ကျကျ ဆော့နိူင်ဖို့လည်း မဟုတ်ပါဘူး . .
PUBG ကို ပျော်အောင် ဆော့တတ်လောက်ရုံပါပဲ . . )
၁)အရေးကြီးဆုံးက စသွားမယ်ဆို ကို့ဖုန်းအကြောင်းကို နားလည်ပြီး လိုအပ်တာလေးတွေ လုပ်ပြီးဆော့တာမျိုးဖြစ်စေ / ကိုဖုန်းက ဘယ်လောက်ကြာကြာဆော့ရင် ပူလာတယ်ဆိုတာမျိုးကို မှတ်ထားပြီး နားနားဆော့တာမျိုးဖြစ်စေ လုပ်ပြီးဆော့တာမျိုးပါ .
( ဆိုလိုတာက Fan လေး တပ်ဆော့တာဖြစ်စေ /
ရေခဲတိုက်ထဲ ဝင်ဆော့တာဖြစ်စေ 🤭😂
အဆင်ပြေသလို တစ်ခုခုလေး လုပ်ဆော့ရင် နည်းနည်းတော့ ပိုစိတ်ချမ်းသာမှာပါ )
အဲ့လိုမှမဟုတ်ဘဲ ကို့ဖုန်းလေးက PUBG ကို မနိူင်ဘူး / အားနေ ထစ်နေတယ် ဆိုတာမျိုးဆိုရင်တော့ PUBG ကို ဖုန်းလေးအသစ်ဝယ်နိူင်မှပဲ ဆော့ပါလို့ ရင်နာနာနဲ့ တိုက်တွန်းချင်တာပါပဲ .
အဲ့လိုမှမဟုတ်ဘဲ အရမ်းဆော့ချင်ရင် Solo ပဲဆော့တာဖြစ်စေ / ကိုအရမ်းခင်တဲ့ သူငယ်ချင်းတွေနဲ့ ဆော့တာဖြစ်စေ ဆော့ပါ .
အဲ့ဒါဆို အနည်းဆုံး သူများ Blame တာတော့ ခံရတော့မှာ မဟုတ်ပါဘူး .
၂)အင်တာနက်လိုင်းကောင်းတာလေးနဲ့ ဆော့ပါ
ဖုန်းကောင်းကောင်းကြီး ကိုင်ပြီး ping က ရာကျော်နေရင် နံပါတ် ၁ လိုပဲ ကိုလည်း စိတ်ဆင်းရဲသလို သူများ Blame တာလည်း ခံနေရမှာပါပဲ . .
၃)ကိုဆော့တဲ့ Team လေးမှာ အနည်းဆုံး လူပိုတစ်ယောက်လို မဖြစ်အောင် ဆော့ပါ .
( ဆိုလိုတာက Sniper Skill အရမ်းကောင်းတဲ့သူတွေကြားထဲ ငါက Sniper role ပဲ ရတာဆိုပြီး sniper တကားကားနဲ့ ပေဆော့ပြရင် နောက်တစ်ခါ သူတို့က ခေါ်ဆော့ချင်မှာ မဟုတ်တော့ပါဘူး . .
beginner မို့ လုံးဝပစ်အားမရှိရင်တောင် smoke လေးခင်းပြီး လူရအောင် ကယ်တာမျိုး / enmey လိုက်ကြည့်ပေးတာမျိုးဆို ကိုနဲ့ဆော့တဲ့သူတွေလည်း ကိုနဲ့ဆော့ရတာ စိတ်ညစ်နေမှာ မဟုတ်တော့ပါဘူး )
၄)Mapလေးတွေက နေရာလေးတွေ မှတ်မှတ်ပြီး ဆော့တာမျိုးပါ . .
ဘယ်နေရာမှာ ဘာရှိတယ် / ဘယ်နေရာကတော့ မြွေပေါတယ် / ဘယ်နေရာမှာကတော့ တောင်လေးတွေ ရှိတယ် ဆိုတာမျိုးပါ .
အဲ့လိုမှတ်ထားနိူင်ရင် ကို့လူတွေက Enemy ကို ဘယ်လိုပတ်ပစ်ဖို့ ကြိုးစားနေလဲ / ကိုက ဘယ်နားကလိုက်ပစ်ပေးနေရင် အဆင်ပြေမလဲ / ကို့လူတွေကို ဘယ်နားက enmey က လာချောင်းပစ်နိူင်မလဲ အချိန်ကြာလာရင် သိလာမှာပါ . .
၅)ထိုင်းတစ်ခါလောက်သွား လိုအပ်တာတွေ မွမ်းမံပြင်ဆင်ပြီး ကောင်မလေးချောချောလေးဖြစ်အောင် လုပ်လ်ုက်တာမျိုးပါ. .
ဒါဆိုရင်တော့ သေနတ်ကောက်စရာတောင်မလိုဘဲ ကြက်သားကျွေးမယ့် ကောင်ဇိုးလေးတွေသေချာပေါက် အများကြီး ရှိလာမှာပါ .
🌚🌚😆😆
ဟိုကလန်လေး ပျက်သွားပြီ . . .
ဒီကလန်လေး ပျက်သွားပြီ . ဆိုတဲ့ သတင်းလေးတွေ ကြားတော့ Topic တစ်ခု ခေါင်းထဲပေါ်လာတယ် . .
အဲ့ဒါကတော့ ဂိမ်းကလန်လေးတစ်ခုကို အချိန်အကြာကြီး ရပ်တည်နိူင်အောင် လုပ်ဖို့ ဘာတွေလိုမလဲဆိုတာလေးတွေပါပဲ . .
အရေးအကြီးဆုံးလို့ ထင်တာလေးတွေ ကျနော် ရွေးထုတ်ကြည့်ပါမယ် . .
၁)ကလန်ထဲက လူတချို့ကို တကယ်ခင်ဖို့ လိုပါတယ် ( အားလုံးကို မခင်နိူင်ရင်တောင်မှပေါ့ )
အတိုင်းအတာတစ်ခုအထိ ခင်နေတဲ့သူတွေ ရှိတဲ့ ကလန်က ပျက်ဖို့ ခဲယဉ်းပါတယ် . .
၂)ကလန်နာမည်ကို စိတ်ထဲက အလေးထားနိူင်ဖို့ လိုပါတယ်. Respect တစ်ခု ထားထားတဲ့သဘောပါပဲ . .
တစ်လမှာ ၇၆ ခါလောက် ကလန်ထဲကထွက်လိုက် နာမည်ပြောင်းလိုက် ပြန်ဝင်လိုက် လုပ်နေရင် ကလန်ထဲကသူတွေနဲ့ အတိုင်းအတာတစ်ခု ခင်လာဖို့ ခက်ခဲနေမှာပါပဲ . .
( ကျနော် PUBG စဆော့တဲ့ Season 2 ကလန်စထောင်ပြီးတည်းက ခုထိ နာမည်တွေ ပြောင်းခဲ့ပေမဲ့ ရှေ့က “SAMA” ကို ခုထိ တစ်ခါမှ မဖြုတ်ခဲ့ပါဘူး . . )
၃)Leader /Co-leader တစ်ယောက် မဟုတ်ခဲ့ရင်တောင် ကလန်ရဲ့ Activity လေးတွေကို စိတ်ဝင်တစား ရှိဖို့ လိုပါတယ် . .
အဲ့ဒါမှ ကလန်က ဘယ်သူတွေ ဘယ်လိုပုံစံနေတတ် / ဆော့တတ်တယ်ဆိုတာ တဖြည်းဖြည်းနဲ့ ရင်းနှီးလာပြီး ကလန်လေးတစ်ခုကို တန်ဖိုးထားတတ်လာမှာပါ . .
၄)ကလန်တစ်ခုထဲမှာနေပြီး တခြားကလန်တွေကို Respect ပေးတတ်ဖို့လည်း လိုပါတယ် .
အဲ့ဒါမှ ကို့ကလန်လေးက နာမည်လေးတစ်ခုနဲ့ ရပ်တည်နိူင်မှာပါ . .
ကလန်အချင်းချင်း အားနေ ရန်လိုက်စနေတဲ့ ကလန်မျိုးက မကြာပါဘူး အများပြောတဲ့ဒဏ် မခံနိူင်ဘဲ ပျက်ကြတာပါပဲ . .
၅)ဂိမ်းကလန်ထဲမှာ ခင်တယ်ဆိုတာ ကိုစိတ်ထဲ ထားရင် ထားနိူင်တဲ့အဆင့်ထိ သူတို့နဲ့ ခင်သွားမှာပါ . . . .
( ကျနော်တို့ ကလန် Founder ၂ ယောက်ဆို လွန်ခဲ့တဲ့ ၆ နှစ် / ၇ နှစ် ဂိမ်းထဲကပဲ စခင်ခဲ့တာပါပဲ . .
ခုဆို တစ်ယောက်နဲ့ တစ်ယောက် မျက်နှာမြင်ဆဲချင်တဲ့ အဆင့်ထိ ခင်နေပါပြီ :3 )
ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တစ်ဦးတည်းအမြင်အရ တကယ်အရေးကြီးဆုံးက ကလန်တစ်ခု ဘယ်လောက်အောင်မြင်လဲဆိုတဲ့ အပေါ်မဟုတ်ဘဲ ကလန်ကို ကိုယ်တိုင် သံယောဇဉ်လေး ဘယ်လောက်ရှိလဲ အပေါ်မူတည်တာပါပဲ . .
( ဖြည့်စွက်အနေနဲ့ကတော့ ကလန်ထဲမှာ ကောင်မလေး ချောချောလေးတွေရှိနေဖို့ကလည်း အသင့်အတင့်တော့ လိုပါတယ် 😆😆 )