What is a Scrim?
Scrim ဆိုတာက 'Scrimmage' ဆိုတဲ့ ဝေါဟာရက လာတာပါ။
အခြေခံအားဖြင့် ဆိုရသော် ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်လိုတဲ့ ကစားသမားတွေ၊ အသင်းအဖွဲ့တွေ တစုတစည်းတည်း ပြိင်ပွဲသဏ္ဍာန် ၀င်ရောက်လေ့ကျင့်ကြတဲ့ Online ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။
Scrims ကောင်းတစ်ခုကို ကြည့်ရတာဟာ Final ပွဲစဉ်တွေကိုကြည့်ရသလို အားရကျေနပ်ဖို့ အလွန်ကောင်းပါတယ်။
နောက်တစ်ချက်က ၀င်ရောက်လေ့ကျင့်တာတွေကို ပြသပေးတဲ့ Caster တွေကလည်း အရမ်းကို အရေးပါပါတယ်။
ကျွန်တော်တို့ SAMA Dojo ကနေပြီး The SAMA Scrims ကို နေ့စဉ် ပြုလုပ်လျှက်ရှိပြီး
ဝါရင့် Caster Boom2x၊ Caster Tara တို့က Analysis တွေကိုပါ ထည့်သွင်းပြောကြား ပြသပေးသွားမှာပါ။
ကြာသပတေး၊ သောကြာ မှာတော့ Streamer အချောလေး Bae Lily က ၀င်ရောက် Cast ပေးသွားမှာဖြစ်ပါတယ်။
ဒီနေ့လေ့ကျင့်ကြမည့် အသင်းတွေကတော့
26th May Scrim
1. Raging Strike
2. OD
3. M4
4. BH
5. RTV
6. OurGround
7. Team Noob
8. Pain Esports
9. Mercy
10. War Thunders
11. Rnx
12. Team Kid Legend
13. G3 Repeater
14. iAm
15. Gothanm
16. MFG
17. Claw Esports
18. OK
19. ACRO
20. MUMMY
21. Queen B
22. SAMA.dojo
23. OPS
ပျင်းလိုက်တာဗျာ
ပျင်းတော့ ဘာဖြစ်လဲဆိုတော့ ကိုယ့်အကြောင်းကို တွေးမိတယ်ဗျ။
SAMA Dojo Page ကလည်း နှစ်နှစ်ပြည့်ခါနီးပြီ။
ကိုယ့်ကိုယ်ကို တစ်ခါမှ မိတ်ဆက်ခြင်း မလုပ်ရသေးဘူး။
ဒီတစ်ခေါက်တော့ ကျွန်တော့်ကိုယ်ကျွန်တော် ခင်ဗျားတို့နဲ့ မိတ်ဆက်ပေးမယ်။
အစချီပြောရရင်တော့ ကလန်ရဲ့ Player တွေထဲမှာ ကျွန်တော်က တော်တော် စောင်သုံးမကျတဲ့ ဘဲ။
ဆော့ရင် တစ်ယောက်တည်း တက်ကုန်း၊ သွားချင်ရာသွား၊ စိတ်မရှည် တက်ပစ် သေ။ ပြီးတော့ စစ်ကားကြည့် ဟီးဟီးဟားဟားတွေပြော။ နောက်ပွဲ စ။ Season တိုင်းမှာ ထိုသုံးမျိုးကို ပတ်ခြာလည် ကျင့်သုံးနေသူပါ။ S2 ကတည်းကဆော့တာ အခုထိ KD 5 မရောက်ဖူးပါဘူး။
Noel ဆို The Whole Burma ကို ၅ မှတ်နဲ့ ပြုတ်၊ဆရာ၀န်မလုပ်ချင်လို့ သေင်္ဘာလိုက်ေနသူ ၊ Jenny ဆို နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ရဲ့ Managerလုပ်ခဲ့ပြီး စင်ကာပူထိ MBA ဘွဲ့တွေယူ၊ ရေခဲဆို ဆရာ၀န်ကိုမှ MSc တက်နေသူ၊ အကြီးပိုင်းထဲမှာ လုပ်ငန်းရှင်တွေကော၊ကလေးတွေထဲမှာ ဆေးကျောင်းသားတွေကော၊ နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့သူတွေကော အောတိုက်နေချိန်မှာ ကျွန်တော်က ၁၀ တန်းကို ၃၄၈ မှတ်နဲ့ အောင်လာပြီး တက္ကသိုလ်ကို ၁၀ နှစ်တက်ပြီးမှ ဘွဲ့ရသူပါ။
အဲ့လိုလူမျိုးက ဒီကလန်ကို ဘယ်လိုများ နာမည်ပျက်မရှိအောင် ရှည်ကြာစွာ ထိန်းသိမ်းထားနိုင်လဲ။
ရှင်းပါတယ်။ တော်တယ်၊ ထက်တယ်၊ ယဉ်ကျေးတဲ့ လူတွေ ကျွန်တော့ဆီမှာ ရှိတယ်။ ကျွန်တော် ဘာမှ သိပ်ပြောစရာမလိုဘူး။ သိပ်လုပ်စရာမလိုပါဘူး။
Priority အရပြောမယ်ဆို
1.Honesty
2.Polite
3.Cleverness and
4.Skillful
Skill ကောင်းတာက နောက်ဆုံးဦးစားပေးပါ။ အပေါ်သုံးချက်ကောင်းရင် အောက်ဆုံးအချက်က လွယ်ကူပါတယ်။
ထပ်ပြောချင်တညက ကျွန်တော့်မှာ လူကောင်းတွေရှိတာပါ။ စကားပြောဆိုတာကအစ၊ စိတ်ထားအဆုံး ဆွေးမျိုးသားချင်းတွေလို ရှိကြတာမျိုးပါ။
နောက်တစ်ချက် သူတို့တွေကို ကျွန်တော် ဘာ Support မှ မပေးပါဘူး။ ပေးလည်း မပေးနိုင်ပါဘူး။ သူတို့ကတောင် UC တွေ ကိုယ့်ကို ပြန်ထည့်ပေးရပါသေးတယ်။ သူတို့ကို လုပ်ပေးနိုင်တာ ဘာမှ မရှိပါဘူး။
ရှင်းရှင်းပြောရရင်ဗျာ။ ကျွန်တော်က ကံကောင်းလို့ SAMA Dojo ရဲ့ Leader ဖြစ်နေတာပါ။ ဒါပါပဲ။