အင်္ဂုတ္တရနိကာယ်
(၆) ၁-သစိတ္တဝဂ်
၁ဝ-ဂိရိမာနန္ဒသုတ်
၆ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံ ဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်ဂိရိမာနန္ဒသည် အနာရောဂါရှိ၏၊ ဆင်းရဲခြင်းသို့ ရောက်၏၊ ပြင်းစွာ မကျန်းမမာ ဖြစ်၏။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား— “အသျှင်ဘုရား အသျှင်ဂိရိမာနန္ဒသည် အနာရောဂါ ရှိပါ၏၊ ဆင်းရဲခြင်းသို့ ရောက်နေပါ၏၊ ပြင်းစွာ မကျန်းမမာ ဖြစ်နေ ပါ၏။ အသျှင်ဘုရား တောင်းပန်ပါ၏၊ အသျှင်ဂိရိမာနန္ဒအထံသို့ သနားသဖြင့် ချဉ်းကပ်တော်မူပါ”ဟု လျှောက်၏။
အာနန္ဒာ အကယ်၍ သင်သည် ဂိရိမာနန္ဒရဟန်းအား သညာဆယ်မျိုးတို့ကို ဟောလျှင် သညာ ဆယ်မျိုးတို့ကို ကြားနာရသည်ရှိသော် ဂိရိမာနန္ဒရဟန်းအား ထိုအနာရောဂါသည် ခဏချင်း ငြိမ်းရာသော အကြောင်းသည် ရှိသည်သာတည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—
အနိစ္စသညာ၊
အနတ္တသညာ၊
အသုဘ သညာ၊
အာဒီနဝသညာ၊
ပဟာနသညာ၊
ဝိရာဂသညာ၊
နိရောဓသညာ၊
သဗ္ဗလောကေ အနဘိရတိ သညာ၊
သဗ္ဗသင်္ခါရေသု အနိစ္ဆာသညာ ‘သင်္ခါရအားလုံး၌ အလိုမရှိအပ်ဟူသော အမှတ်’၊
အာနာပါန ဿတိတို့တည်း။
အာနန္ဒာ အနိစ္စသညာဟူသည် အဘယ်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည်
တောသို့ ကပ်ရောက်၍သော်လည်းကောင်း၊
သစ်ပင်ရင်းသို့ ကပ်ရောက်၍သော်လည်းကောင်း၊
ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်၍သော်လည်းကောင်း
“ရုပ်သည် မမြဲ၊
ဝေဒနာသည် မမြဲ၊
သညာသည် မမြဲ၊
သင်္ခါရတို့သည် မမြဲကုန်၊
ဝိညာဏ်သည် မမြဲ”
ဟု ဆင်ခြင်၏။ ဤသို့လျှင် ဤဥပါဒါနက္ခန္ဓာငါးပါးတို့၌ အနိစ္စ ‘မမြဲ’ဟု ရှုလေ့ရှိကာ နေ၏။
အာနန္ဒာ ဤတရားကို အနိစ္စသညာဟု ဆိုအပ်၏။ (၁)
အာနန္ဒာ အနတ္တသညာဟူသည် အဘယ်နည်း၊ အာနန္ဒာ ဤ သာသနာတော်၌ ရဟန်းသည်
တောသို့ ကပ်ရောက်၍သော်လည်းကောင်း၊
သစ်ပင်ရင်းသို့ ကပ်ရောက်၍သော်လည်းကောင်း
ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်ရောက်၍သော်လည်းကောင်း
“မျက်စိသည် အတ္တမဟုတ်၊ အဆင်း ‘ရူပါရုံ’တို့သည် အတ္တ မဟုတ်ကုန်၊
နားသည် အတ္တမဟုတ်၊ အသံ ‘သဒ္ဒါရုံ’တို့သည် အတ္တ မဟုတ်ကုန်၊
နှာခေါင်းသည် အတ္တ မဟုတ်၊ အနံ့’ဂန္ဓာရုံ’တို့သည် အတ္တမဟုတ်ကုန်။
လျှာသည် အတ္တမဟုတ်၊ အရသာ ‘ရသာရုံ’တို့သည် အတ္တမဟုတ်ကုန်၊
ကိုယ်သည် အတ္တမဟုတ်၊ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’တို့သည် အတ္တမဟုတ်ကုန်၊
စိတ်သည် အတ္တမဟုတ်၊ သဘောတရား ‘ဓမ္မာရုံ’တို့သည် အတ္တမဟုတ်ကုန်”
ဟု ဆင်ခြင်၏။ ဤသို့လျှင် ဤအတွင်း အပ တည်ရာ ‘အာယတန’ ခြောက်ပါးတို့၌ အစိုးမရ ‘အနတ္တ’ဟု ရှုလေ့ရှိကာ နေ၏။
အာနန္ဒာ ဤတရား ကို အနတ္တသညာဟု ဆိုအပ်၏။ (၂)
အာနန္ဒာ အသုဘသညာဟူသည် အဘယ်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည်
ခြေဖဝါးအပြင်မှ အထက်၌ ဆံပင်ဖျားမှ အောက်၌ အရေအပိုင်းအခြားရှိသော အထူးထူးအပြားပြားသော မစင်ကြယ်သော ဝတ္ထုဖြင့် ပြည့်သော ဤကိုယ် ‘ခန္ဓာ’ကိုသာလျှင် ဆင်ခြင်၏။
“ဤကိုယ်’ခန္ဓာ’၌
ဆံပင်၊ အမွေး၊ လက်သည်း ခြေသည်း၊ သွား၊ အရေ +
အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့ +
နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ် +
အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ (ဦးနှောက်) +
သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ +
မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်
တို့သည် ရှိကြကုန်၏”
ဟု ဆင်ခြင်၏။ ဤသို့လျှင် ဤကိုယ်၌ မတင့်တယ် ‘အသုဘ’ဟု ရှုလေ့ ရှိကာ နေ၏။
အာနန္ဒာ ဤတရားကို အသုဘသညာဟု ဆိုအပ်၏။ (၃)
အာနန္ဒာ အာဒီနဝသညာဟူသည် အဘယ်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည်
တောသို့ ကပ်ရောက်၍သော်လည်းကောင်း၊
သစ်ပင်ရင်းသို့ ကပ်ရောက်၍သော်လည်းကောင်း၊
ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်ရောက်၍သော်လည်းကောင်း
“ဤကိုယ်သည် ဆင်းရဲများ၏၊ အပြစ်များ၏၊ ဤသို့လျှင် ဤကိုယ်၌ အထူးထူးအပြားပြားသော အနာ (ရောဂါ)တို့သည် ဖြစ်ကုန်၏။ ယင်းအနာတို့ဟူသည်ကား—
မျက်စိရောဂါ၊ နားရောဂါ၊ နှာခေါင်းရောဂါ၊ လျှာရောဂါ၊ ကိုယ်၌ဖြစ်သောအနာ၊ ဦးခေါင်း၌ဖြစ်သော အနာ၊ နားရွက်နာ၊ ခံတွင်းနာ၊ သွားရောဂါ၊ နှုတ်ခမ်းရောဂါ၊ ချောင်းဆိုးနာ၊ ကုတ်ဟီးနာ၊ ဖွတ်စအိုနာ၊ ကိုယ်ပူနာ၊ ဖျားနာ၊ ဝမ်း၌ဖြစ်သောရောဂါ၊ မိန်းမောသောအနာ၊ မြင်းသရိုက်နာ၊ လေထိုးနာ၊ ဝမ်းလျှောနာ၊
နူနာ၊ အိုင်းနာ၊ ညှင်းနာ၊ ခယရုတ်နာ၊ ဝက်ရူးနာ၊ ပွေးနာ၊ ဝဲနာ၊ ယားနာ၊ လက်သည်း ခြေသည်း ခြစ်မိသောအနာ၊ လက်ဖဝါး ခြေဖဝါး၌ ပေါက်သောအနာ၊ ရတ္တပိတ်နာ၊
ဆီးချိုနာ၊ ဒူလာလိပ်ခေါင်းနာ၊ ထွတ်မြင်းနာ၊ ဘဂန္ဒိုလ်နာ၊
သည်းခြေကြောင့်ဖြစ်သောအနာ၊
သလိပ်ကြောင့် ဖြစ်သောအနာ၊
လေကြောင့်ဖြစ်သောအနာ၊
သည်းခြေ သလိပ် လေပေါင်းစု၍ဖြစ်သော ‘သန္နိပါတ်’ အနာ၊
ဥတုဖောက်ပြန်ခြင်းကြောင့်ဖြစ်သောအနာ၊
ဣရိယာပုထ် မညီညွတ်မှုကြောင့်ဖြစ်သော အနာ၊
သူတစ်ပါး လုံ့လကြောင့်ဖြစ်သောအနာ၊
ကံအကျိုးကြောင့်ဖြစ်သောအနာ၊
အေးခြင်း၊ ပူခြင်း၊ ဆာလောင်ခြင်း၊ မွတ်သိပ်ခြင်း၊ ကျင်ကြီးစွန့်လိုခြင်း၊ ကျင်ငယ်စွန့်လိုခြင်းတို့တည်း”
ဟု ဆင်ခြင်၏။ ဤသို့လျှင် ဤကိုယ်၌ အပြစ်ကို ရှုလေ့ရှိကာ နေ၏။
အာနန္ဒာ ဤတရားကို အာဒီနဝသညာဟု ဆိုအပ်၏။ (၄)
အာနန္ဒာ ပဟာနသညာဟူသည် အဘယ်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည်
ဖြစ်ပေါ် လာသော ‘ကာမဝိတက်’ကို လက်မခံ၊ စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းအောင်ပြု၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။
ဖြစ်ပေါ်လာသော ‘ဗျာပါဒဝိတက်’ကို လက်မခံ၊ စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းအောင်ပြု၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။
ဖြစ်ပေါ်လာသော ‘ဝိဟိံသာဝိတက်’ကို လက်မခံ၊ စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းအောင်ပြု၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏၊
ဖြစ်တိုင်း ဖြစ်တိုင်းသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို လက်မခံ၊ စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းအောင် ပြု၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။
အာနန္ဒာ ဤတရားကို ပဟာနသညာဟု ဆိုအပ်၏။ (၅)
အာနန္ဒာ ဝိရာဂသညာဟူသည် အဘယ်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည်
တောသို့ ကပ်ရောက်၍သော်လည်းကောင်း၊
သစ်ပင်ရင်းသို့ ကပ်ရောက်၍သော်လည်းကောင်း၊
ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်၍သော်လည်းကောင်း
“သင်္ခါရအားလုံးငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ ရာဂကင်းပြတ်ရာဖြစ်သော ထိုနိဗ္ဗာန်သည် ငြိမ်သက်၏၊ ထိုနိဗ္ဗာန်သည် မွန်မြတ်၏”
ဟု ဆင်ခြင်၏။
အာနန္ဒာ ဤတရားကို ဝိရာဂသညာဟု ဆိုအပ်၏။ (၆)
အာနန္ဒာ နိရောဓသညာဟူသည် အဘယ်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည်
တောသို့ ကပ်ရောက်၍သော်လည်းကောင်း၊
သစ်ပင်ရင်းသို့ ကပ်ရောက်၍သော်လည်းကောင်း၊
ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်ရောက်၍သော်လည်းကောင်း
“သင်္ခါရအားလုံးငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ ချုပ်ရာဖြစ်သော ထိုနိဗ္ဗာန်သည် ငြိမ်သက်၏၊ ထိုနိဗ္ဗာန်သည် မွန်မြတ်၏”
ဟု ဆင်ခြင်၏။
အာနန္ဒာ ဤတရားကို နိရောဓသညာဟု ဆိုအပ်၏။ (၇)
အာနန္ဒာ သဗ္ဗလောကေ အနဘိရတိသညာဟူသည် အဘယ်နည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည်
လောက၌ စိတ်၏ တည်ခြင်း အမှားနှလုံးသွင်းခြင်း ကိန်းခြင်းဟူကုန်သော ဥပါဒါန်တို့ကို စွန့်လျက် မစွဲလမ်းဘဲ နေ၏။
အာနန္ဒာ ဤတရားကို သဗ္ဗလောကေ အနဘိရတိသညာဟု ဆိုအပ်၏။ (၈)
အာနန္ဒာ သဗ္ဗသင်္ခါရေသု အနိစ္ဆာသညာဟူသည် အဘယ်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည်
သင်္ခါရအားလုံးတို့၌ ငြီးငွေ့၏၊ ရှက်နိုး၏၊ စက်ဆုပ်၏။
အာနန္ဒာ ဤတရားကို သဗ္ဗသင်္ခါရေသု အနိစ္ဆသညာဟု ဆိုအပ်၏။ (၉)
အာနန္ဒာ အာနာပါနဿတိဟူသည် အဘယ်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည်
တောသို့ ကပ်ရောက်၍သော်လည်းကောင်း၊
သစ်ပင်ရင်းသို့ ကပ်ရောက်၍သော်လည်းကောင်း၊
ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်ရောက်၍သော်လည်းကောင်း
ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်စွာ ထားပြီးလျှင် (ကမ္မဋ္ဌာန်းသို့) ရှေးရှု သတိကိုဖြစ်စေလျက် ထိုင်နေ၏။
ရဟန်းသည်
သတိရှိ၍သာလျှင် ဝင်သက်ကို ရှူ၏၊
သတိရှိ၍သာလျှင် ထွက်သက်ကို ထုတ်၏။
ရှည်စွာ ဝင်သက် ရှူသော် “ရှည်စွာ ဝင်သက် ရှူ၏”ဟု့သိ၏၊
ရှည်စွာ ထွက်သက် ထုတ်သော် “ရှည်စွာ ထွက်သက် ထုတ်၏”ဟု သိ၏။
တိုစွာ ဝင်သက်ရှူသော် “တိုစွာ ဝင်သက် ရှူ၏”ဟု သိ၏၊
တိုစွာ ထွက်သက် ထုတ်သော် “တိုစွာ ထွက်သက် ထုတ်၏”ဟု သိ၏။
“(ဝင်သက်၏) အစ အလယ် အဆုံး အားလုံးအပေါင်းကို ထင်ရှားစေလျက် ဝင်သက် ရှူအံ့”ဟု ကျင့်၏၊
“(ထွက်သက်၏) အစအလယ်အဆုံး အားလုံးအပေါင်းကို ထင်ရှားစေလျက် ထွက်သက် ထုတ်အံ့”ဟု ကျင့်၏။
“ကာယသင်္ခါရ (ရုန့်ရင်းသောဝင်သက်လေ)ကို ငြိမ်းစေလျက် ဝင်သက် ရှူအံ့”ဟု ကျင့်၏၊
“ကာယသင်္ခါရ (ရုန့်ရင်းသောထွက်သက်လေ) ကို ငြိမ်းစေလျက် ထွက်သက် ထုတ်အံ့”ဟု ကျင့်၏။
“ပီတိကို ထင်ရှားစေလျက် ဝင်သက်ရှူအံ့”ဟု ကျင့်၏၊
“ပီတိကို ထင်ရှားစေလျက် ထွက်သက် ထုတ်အံ့”ဟု ကျင့်၏။
“သုခကို ထင်ရှားစေလျက် ဝင်သက် ရှူအံ့”ဟု ကျင့်၏၊
“သုခကို ထင်ရှားစေလျက် ထွက်သက် ထုတ်အံ့”ဟု ကျင့်၏။
“စိတ္တသင်္ခါရ(ဝေဒနာ,သညာ) ကို ထင်ရှားစေလျက် ထွက်သက် ရှူအံ့”ဟု ကျင့်၏၊
“စိတ္တသင်္ခါရ(ဝေဒနာသညာ) ကို ထင်ရှားစေလျက် ဝင်သက်ထုတ်အံ့”ဟု ကျင့်၏။
(ရုန့်ရင်းသည့် ဝေဒနာ,သညာဟူသော) “စိတ္တသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်ရှူအံ့”ဟု ကျင့်၏။
(ရုန့်ရင်းသည့် ဝေဒနာ,သညာဟူသော) “စိတ္တသင်္ခါရကို ငြိမ်းစေလျက် ထွက်သက် ထုတ်အံ့”ဟု ကျင့်၏၊
“စိတ်ကို ထင်ရှားစေလျက် ဝင်သက်ရှူအံ့”ဟု ကျင့်၏၊
“စိတ်ကို ထင်ရှားစေလျက် ထွက်သက် ထုတ်အံ့”ဟု ကျင့်၏၊
“စိတ်ကို အလွန်ဝမ်းမြောက်စေလျက်။ပ။
စိတ်ကို ကောင်းစွာ ထားလျက်။ပ။
စိတ်ကို လွတ်စေလျက်။ပ။
အနိစ္စဟု ရှုလျက်။ပ။
ဝိရာဂဟု ရှုလျက်။ပ။
နိရောဓဟု ရှုလျက်။ပ။
“စွန့်ရာဟု ရှုလျက် ဝင်သက် ရှူအံ့”ဟု ကျင့်၏။
“စွန့်ရာဟု ရှုလျက် ထွက်သက် ထုတ်အံ့”ဟု ကျင့်၏။
အာနန္ဒာ ဤတရားကို အာနာပါနဿတိဟု ဆိုအပ်၏။ (၁ဝ)
အာနန္ဒာ သင်သည် အကယ်၍ ဂိရိမာနန္ဒရဟန်းအား ဤသညာဆယ်မျိုးတို့ကို ဟောလျှင် ဂိရိမာနန္ဒရဟန်းသည် ဤသညာဆယ်မျိုးတို့ကို ကြားနာရ၍ တစ်ခဏချင်း ထိုအနာသည် ငြိမ်းအေးရာသော အကြောင်းရှိသည်သာတည်းဟု (မိန့်တော်မူ၏)။
ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံမှ သညာဆယ်မျိုးတို့ကို သင်ယူ၍ အသျှင် ဂိရိမာနန္ဒအထံသို့ ချဉ်းကပ်ပြီးနောက် အသျှင်ဂိရိမာနန္ဒအား ဤသညာ ဆယ်မျိုးတို့ကို ဟော၏။ ထိုအခါ အသျှင်ဂိရိမာနန္ဒသည် ဤသညာဆယ်မျိုးတို့ကို ကြားနာရ၍ (သူ၏) ထိုအနာသည် တစ်ခဏချင်း ငြိမ်းအေးလေ၏၊ အသျှင်ဂိရိမာနန္ဒသည်လည်း ထိုအနာမှ ထမြောက်၏၊ အသျှင်ဂိရိမာနန္ဒ၏ ထိုအနာ သည်လည်း အချင်းခပ်သိမ်း ပယ်အပ်ပြီးဖြစ်၏။
ဒသမသုတ်။
ရှေးဦးစွာသော သစိတ္တဝဂ် ပြီး၏။
Aṅguttara Nikāya 10.60
6. Sacittavagga
Girimānandasutta
Ekaṁ samayaṁ bhagavā sāvatthiyaṁ viharati jetavane anāthapiṇḍikassa ārāme. Tena kho pana samayena āyasmā girimānando ābādhiko hoti dukkhito bāḷhagilāno. Atha kho āyasmā ānando yena bhagavā tenupasaṅkami; upasaṅkamitvā bhagavantaṁ abhivādetvā ekamantaṁ nisīdi. Ekamantaṁ nisinno kho āyasmā ānando bhagavantaṁ etadavoca:
“Āyasmā, bhante, girimānando ābādhiko hoti dukkhito bāḷhagilāno. Sādhu, bhante, bhagavā yenāyasmā girimānando tenupasaṅkamatu anukampaṁ upādāyā”ti.
“Sace kho tvaṁ, ānanda, girimānandassa bhikkhuno dasa saññā bhāseyyāsi, ṭhānaṁ kho panetaṁ vijjati yaṁ girimānandassa bhikkhuno dasa saññā sutvā so ābādho ṭhānaso paṭippassambheyya.
Katamā dasa? Aniccasaññā, anattasaññā, asubhasaññā, ādīnavasaññā, pahānasaññā, virāgasaññā, nirodhasaññā, sabbaloke anabhiratasaññā, sabbasaṅkhāresu anicchāsaññā, ānāpānassati. Variant: anabhiratasaññā → anabhiratisaññā (mr)
Katamā cānanda, aniccasaññā? Idhānanda, bhikkhu araññagato vā rukkhamūlagato vā suññāgāragato vā iti paṭisañcikkhati: ‘rūpaṁ aniccaṁ, vedanā aniccā, saññā aniccā, saṅkhārā aniccā, viññāṇaṁ aniccan’ti. Iti imesu pañcasu upādānakkhandhesu aniccānupassī viharati. Ayaṁ vuccatānanda, aniccasaññā.
Katamā cānanda, anattasaññā? Idhānanda, bhikkhu araññagato vā rukkhamūlagato vā suññāgāragato vā iti paṭisañcikkhati: ‘cakkhu anattā, rūpā anattā, sotaṁ anattā, saddā anattā, ghānaṁ anattā, gandhā anattā, jivhā anattā, rasā anattā, kāyā anattā, phoṭṭhabbā anattā, mano anattā, dhammā anattā’ti. Iti imesu chasu ajjhattikabāhiresu āyatanesu anattānupassī viharati. Ayaṁ vuccatānanda, anattasaññā.
Katamā cānanda, asubhasaññā? Idhānanda, bhikkhu imameva kāyaṁ uddhaṁ pādatalā adho kesamatthakā tacapariyantaṁ pūraṁ nānāppakārassa asucino paccavekkhati: ‘atthi imasmiṁ kāye kesā lomā nakhā dantā taco, maṁsaṁ nhāru aṭṭhi aṭṭhimiñjaṁ vakkaṁ, hadayaṁ yakanaṁ kilomakaṁ pihakaṁ papphāsaṁ, antaṁ antaguṇaṁ udariyaṁ karīsaṁ, pittaṁ semhaṁ pubbo lohitaṁ sedo medo, assu vasā kheḷo siṅghāṇikā lasikā muttan’ti. Iti imasmiṁ kāye asubhānupassī viharati. Ayaṁ vuccatānanda, asubhasaññā.
Katamā cānanda, ādīnavasaññā? Idhānanda, bhikkhu araññagato vā rukkhamūlagato vā suññāgāragato vā iti paṭisañcikkhati: ‘bahudukkho kho ayaṁ kāyo bahuādīnavo. Iti imasmiṁ kāye vividhā ābādhā uppajjanti, seyyathidaṁ—cakkhurogo sotarogo ghānarogo jivhārogo kāyarogo sīsarogo kaṇṇarogo mukharogo dantarogo oṭṭharogo kāso sāso pināso ḍāho jaro kucchirogo mucchā pakkhandikā sūlā visūcikā kuṭṭhaṁ gaṇḍo kilāso soso apamāro daddu kaṇḍu kacchu nakhasā vitacchikā lohitaṁ pittaṁ madhumeho aṁsā piḷakā bhagandalā pittasamuṭṭhānā ābādhā semhasamuṭṭhānā ābādhā vātasamuṭṭhānā ābādhā sannipātikā ābādhā utupariṇāmajā ābādhā visamaparihārajā ābādhā opakkamikā ābādhā kammavipākajā ābādhā sītaṁ uṇhaṁ jighacchā pipāsā uccāro passāvo’ti. Variant: ḍāho → ḍaho (bj, sya-all, pts1ed) | nakhasā → rakhasā (bj, sya-all, pts1ed) | lohitaṁ pittaṁ → lohitapittaṁ (bj, pts1ed)Iti imasmiṁ kāye ādīnavānupassī viharati. Ayaṁ vuccatānanda, ādīnavasaññā.
Katamā cānanda, pahānasaññā? Idhānanda, bhikkhu uppannaṁ kāmavitakkaṁ nādhivāseti, pajahati, vinodeti, byantīkaroti, anabhāvaṁ gameti. Uppannaṁ byāpādavitakkaṁ nādhivāseti, pajahati, vinodeti, byantīkaroti, anabhāvaṁ gameti. Uppannaṁ vihiṁsāvitakkaṁ nādhivāseti, pajahati, vinodeti, byantīkaroti, anabhāvaṁ gameti. Uppannuppanne pāpake akusale dhamme nādhivāseti, pajahati, vinodeti, byantīkaroti, anabhāvaṁ gameti. Ayaṁ vuccatānanda, pahānasaññā.
Katamā cānanda, virāgasaññā? Idhānanda, bhikkhu araññagato vā rukkhamūlagato vā suññāgāragato vā iti paṭisañcikkhati: ‘etaṁ santaṁ etaṁ paṇītaṁ yadidaṁ sabbasaṅkhārasamatho sabbūpadhippaṭinissaggo taṇhākkhayo virāgo nibbānan’ti. Ayaṁ vuccatānanda, virāgasaññā.
Katamā cānanda, nirodhasaññā? Idhānanda, bhikkhu araññagato vā rukkhamūlagato vā suññāgāragato vā iti paṭisañcikkhati: ‘etaṁ santaṁ etaṁ paṇītaṁ yadidaṁ sabbasaṅkhārasamatho sabbūpadhippaṭinissaggo taṇhākkhayo nirodho nibbānan’ti. Ayaṁ vuccatānanda, nirodhasaññā.
Katamā cānanda, sabbaloke anabhiratasaññā? Idhānanda, bhikkhu ye loke upādānā cetaso adhiṭṭhānābhinivesānusayā, te pajahanto viharati anupādiyanto. Ayaṁ vuccatānanda, sabbaloke anabhiratasaññā.
Katamā cānanda, sabbasaṅkhāresu anicchāsaññā? Idhānanda, bhikkhu sabbasaṅkhāresu aṭṭīyati harāyati jigucchati. Ayaṁ vuccatānanda, sabbasaṅkhāresu anicchāsaññā.
Katamā cānanda, ānāpānassati? Idhānanda, bhikkhu araññagato vā rukkhamūlagato vā suññāgāragato vā nisīdati pallaṅkaṁ ābhujitvā ujuṁ kāyaṁ paṇidhāya parimukhaṁ satiṁ upaṭṭhapetvā. So satova assasati satova passasati. Dīghaṁ vā assasanto ‘dīghaṁ assasāmī’ti pajānāti. Dīghaṁ vā passasanto ‘dīghaṁ passasāmī’ti pajānāti. Rassaṁ vā assasanto ‘rassaṁ assasāmī’ti pajānāti. Rassaṁ vā passasanto ‘rassaṁ passasāmī’ti pajānāti. ‘Sabbakāyapaṭisaṁvedī assasissāmī’ti sikkhati. ‘Sabbakāyapaṭisaṁvedī passasissāmī’ti sikkhati. ‘Passambhayaṁ kāyasaṅkhāraṁ assasissāmī’ti sikkhati. ‘Passambhayaṁ kāyasaṅkhāraṁ passasissāmī’ti sikkhati. ‘Pītipaṭisaṁvedī assasissāmī’ti sikkhati. ‘Pītipaṭisaṁvedī passasissāmī’ti sikkhati. ‘Sukhapaṭisaṁvedī assasissāmī’ti sikkhati. ‘Sukhapaṭisaṁvedī passasissāmī’ti sikkhati. ‘Cittasaṅkhārapaṭisaṁvedī assasissāmī’ti sikkhati. ‘Cittasaṅkhārapaṭisaṁvedī passasissāmī’ti sikkhati. ‘Passambhayaṁ cittasaṅkhāraṁ assasissāmī’ti sikkhati. ‘Passambhayaṁ cittasaṅkhāraṁ passasissāmī’ti sikkhati. ‘Cittapaṭisaṁvedī assasissāmī’ti sikkhati. ‘Cittapaṭisaṁvedī passasissāmī’ti sikkhati. Abhippamodayaṁ cittaṁ …pe… samādahaṁ cittaṁ …pe… vimocayaṁ cittaṁ …pe… aniccānupassī …pe… virāgānupassī …pe… nirodhānupassī …pe… ‘paṭinissaggānupassī assasissāmī’ti sikkhati. ‘Paṭinissaggānupassī passasissāmī’ti sikkhati. Ayaṁ vuccatānanda, ānāpānassati.
Sace kho tvaṁ, ānanda, girimānandassa bhikkhuno imā dasa saññā bhāseyyāsi, ṭhānaṁ kho panetaṁ vijjati yaṁ girimānandassa bhikkhuno imā dasa saññā sutvā so ābādho ṭhānaso paṭippassambheyyā”ti.
Atha kho āyasmā ānando bhagavato santike imā dasa saññā uggahetvā yenāyasmā girimānando tenupasaṅkami; upasaṅkamitvā āyasmato girimānandassa imā dasa saññā abhāsi. Atha kho āyasmato girimānandassa dasa saññā sutvā so ābādho ṭhānaso paṭippassambhi. Vuṭṭhahi cāyasmā girimānando tamhā ābādhā. Tathā pahīno ca panāyasmato girimānandassa so ābādho ahosīti.
Dasamaṁ.
Sacittavaggo paṭhamo.
Tassuddānaṁ
Sacittañca sāriputta,
ṭhiti ca samathena ca;
Parihāno ca dve saññā,
mūlā pabbajitaṁ girīti.
Numbered Discourses 10.60
6. Your Own Mind
With Girimānanda
At one time the Buddha was staying near Sāvatthī in Jeta’s Grove, Anāthapiṇḍika’s monastery. Now at that time Venerable Girimānanda was sick, suffering, gravely ill. Then Venerable Ānanda went up to the Buddha, bowed, sat down to one side, and said to him:
“Sir, Venerable Girimānanda is sick, suffering, gravely ill. Sir, please go to Venerable Girimānanda out of sympathy.”
“Ānanda, if you were to recite to the mendicant Girimānanda these ten perceptions, it’s possible that after hearing them his illness will die down on the spot.
What ten? The perceptions of impermanence, not-self, ugliness, drawbacks, giving up, fading away, cessation, dissatisfaction with the whole world, impermanence of all conditions, and mindfulness of breathing.
And what is the perception of impermanence? It’s when a mendicant has gone to a wilderness, or to the root of a tree, or to an empty hut, and reflects like this: ‘Form, feeling, perception, choices, and consciousness are impermanent.’ And so they meditate observing impermanence in the five grasping aggregates. This is called the perception of impermanence.
And what is the perception of not-self? It’s when a mendicant has gone to a wilderness, or to the root of a tree, or to an empty hut, and reflects like this: ‘The eye and sights, ear and sounds, nose and smells, tongue and tastes, body and touches, and mind and ideas are not-self.’ And so they meditate observing not-self in the six interior and exterior sense fields. This is called the perception of not-self.
And what is the perception of ugliness? It’s when a mendicant examines their own body up from the soles of the feet and down from the tips of the hairs, wrapped in skin and full of many kinds of filth. ‘In this body there is head hair, body hair, nails, teeth, skin, flesh, sinews, bones, bone marrow, kidneys, heart, liver, diaphragm, spleen, lungs, intestines, mesentery, undigested food, feces, bile, phlegm, pus, blood, sweat, fat, tears, grease, saliva, snot, synovial fluid, urine.’ And so they meditate observing ugliness in this body. This is called the perception of ugliness.
And what is the perception of drawbacks? It’s when a mendicant has gone to a wilderness, or to the root of a tree, or to an empty hut, and reflects like this: ‘This body has much suffering and many drawbacks. For this body is beset with many kinds of affliction, such as the following. Diseases of the eye, inner ear, nose, tongue, body, head, outer ear, mouth, teeth, and lips. Cough, asthma, catarrh, inflammation, fever, stomach ache, fainting, dysentery, gastric pain, cholera, leprosy, boils, eczema, tuberculosis, epilepsy, herpes, itch, scabs, smallpox, scabies, hemorrhage, diabetes, piles, pimples, and ulcers. Afflictions stemming from disorders of bile, phlegm, wind, or their conjunction. Afflictions caused by change in weather, by not taking care of yourself, by overexertion, or as the result of past deeds. Cold, heat, hunger, thirst, defecation, and urination.’ And so they meditate observing drawbacks in this body. This is called the perception of drawbacks.
And what is the perception of giving up? It’s when a mendicant doesn’t tolerate a sensual, malicious, or cruel thought that has arisen, and they don’t tolerate any bad, unskillful qualities that have arisen, but give them up, get rid of them, eliminate them, and obliterate them. This is called the perception of giving up.
And what is the perception of fading away? It’s when a mendicant has gone to a wilderness, or to the root of a tree, or to an empty hut, and reflects like this: ‘This is peaceful; this is sublime—that is, the stilling of all activities, the letting go of all attachments, the ending of craving, fading away, extinguishment.’ This is called the perception of fading away.
And what is the perception of cessation? It’s when a mendicant has gone to a wilderness, or to the root of a tree, or to an empty hut, and reflects like this: ‘This is peaceful; this is sublime—that is, the stilling of all activities, the letting go of all attachments, the ending of craving, cessation, extinguishment.’ This is called the perception of cessation.
And what is the perception of dissatisfaction with the whole world? It’s when a mendicant lives giving up and not grasping on to the attraction and grasping to the world, the mental fixation, insistence, and underlying tendencies. This is called the perception of dissatisfaction with the whole world.
And what is the perception of the impermanence of all conditions? It’s when a mendicant is horrified, repelled, and disgusted with all conditions. This is called the perception of the impermanence of all conditions.
And what is mindfulness of breathing? It’s when a mendicant has gone to a wilderness, or to the root of a tree, or to an empty hut, sits down cross-legged, sets their body straight, and establishes mindfulness in their presence. Just mindful, they breathe in. Mindful, they breathe out. Breathing in heavily they know: ‘I’m breathing in heavily.’ Breathing out heavily they know: ‘I’m breathing out heavily.’ When breathing in lightly they know: ‘I’m breathing in lightly.’ Breathing out lightly they know: ‘I’m breathing out lightly.’ They practice like this: ‘I’ll breathe in experiencing the whole body.’ They practice like this: ‘I’ll breathe out experiencing the whole body.’They practice like this: ‘I’ll breathe in stilling the physical process.’ They practice like this: ‘I’ll breathe out stilling the physical process.’ They practice like this: ‘I’ll breathe in experiencing rapture.’ They practice like this: ‘I’ll breathe out experiencing rapture.’ They practice like this: ‘I’ll breathe in experiencing bliss.’ They practice like this: ‘I’ll breathe out experiencing bliss.’ They practice like this: ‘I’ll breathe in experiencing mental processes.’ They practice like this: ‘I’ll breathe out experiencing mental processes.’They practice like this: ‘I’ll breathe in stilling mental processes.’ They practice like this: ‘I’ll breathe out stilling mental processes.’They practice like this: ‘I’ll breathe in experiencing the mind.’ They practice like this: ‘I’ll breathe out experiencing the mind.’ They practice like this: ‘I’ll breathe in gladdening the mind.’ They practice like this: ‘I’ll breathe out gladdening the mind.’ They practice like this: ‘I’ll breathe in immersing the mind in samādhi.’ They practice like this: ‘I’ll breathe out immersing the mind in samādhi.’ They practice like this: ‘I’ll breathe in freeing the mind.’ They practice like this: ‘I’ll breathe out freeing the mind.’ They practice like this: ‘I’ll breathe in observing impermanence.’ They practice like this: ‘I’ll breathe out observing impermanence.’ They practice like this: ‘I’ll breathe in observing fading away.’ They practice like this: ‘I’ll breathe out observing fading away.’ They practice like this: ‘I’ll breathe in observing cessation.’ They practice like this: ‘I’ll breathe out observing cessation.’ They practice like this: ‘I’ll breathe in observing letting go.’ They practice like this: ‘I’ll breathe out observing letting go.’ This is called mindfulness of breathing.
If you were to recite to the mendicant Girimānanda these ten perceptions, it’s possible that after hearing them his illness will die down on the spot.”
Then Ānanda, having learned these ten perceptions from the Buddha himself, went to Girimānanda and recited them. Then after Girimānanda heard these ten perceptions his illness died down on the spot. And that’s how he recovered from that illness.
Aṅguttara Nikāya
The Book of the Tens
10.60. Girimānanda
On one occasion the Blessed One was dwelling at Sāvatthī in Jeta’s Grove, Anāthapiṇḍika’s Park. Now on that occasion the Venerable Girimānanda was sick, afflicted, and gravely ill. Then the Venerable Ānanda approached the Blessed One, paid homage to him, sat down to one side, and said to him:
“Bhante, the Venerable Girimānanda is sick, afflicted, and gravely ill. It would be good if the Blessed One would visit him out of compassion.”
“If, Ānanda, you visit the bhikkhu Girimānanda and speak to him about ten perceptions, it is possible that on hearing about them his affliction will immediately subside. What are the ten?
“(1) The perception of impermanence, (2) the perception of non-self, (3) the perception of unattractiveness, (4) the perception of danger, (5) the perception of abandoning, (6) the perception of dispassion, (7) the perception of cessation, (8) the perception of non-delight in the entire world, (9) the perception of impermanence in all conditioned phenomena, and (10) mindfulness of breathing.
(1) “And what, Ānanda, is the perception of impermanence? Here, having gone to the forest, to the foot of a tree, or to an empty hut, a bhikkhu reflects thus: ‘Form is impermanent, feeling is impermanent, perception is impermanent, volitional activities are impermanent, consciousness is impermanent.’ Thus he dwells contemplating impermanence in these five aggregates subject to clinging. This is called the perception of impermanence.
(2) “And what, Ānanda, is the perception of non-self? Here, having gone to the forest, to the foot of a tree, or to an empty hut, a bhikkhu reflects thus: ‘The eye is non-self, forms are non-self; the ear is non-self, sounds are non-self; the nose is non-self, odors are non-self; the tongue is non-self, tastes are non-self; the body is non-self, tactile objects are non-self; the mind is non-self, mental phenomena are non-self.’ Thus he dwells contemplating non-self in these six internal and external sense bases. This is called the perception of non-self.
(3) “And what, Ānanda, is the perception of unattractiveness? Here, a bhikkhu reviews this very body upward from the soles of the feet and downward from the tips of the hairs, enclosed in skin, as full of many kinds of impurities: ‘There are in this body hair of the head, hair of the body, nails, teeth, skin, flesh, sinews, bones, bone marrow, kidneys, heart, liver, pleura, spleen, lungs, intestines, mesentery, stomach, excrement, bile, phlegm, pus, blood, sweat, fat, tears, grease, saliva, snot, fluid of the joints, urine.’ Thus he dwells contemplating unattractiveness in this body. This is called the perception of unattractiveness.
(4) “And what, Ānanda, is the perception of danger? Here, having gone to the forest, to the foot of a tree, or to an empty hut, a bhikkhu reflects thus: ‘This body is the source of much pain and danger; for all sorts of afflictions arise in this body, that is, eye-disease, disease of the inner ear, nose-disease, tongue-disease, body-disease, head-disease, disease of the external ear, mouth-disease, tooth-disease, cough, asthma, catarrh, pyrexia, fever, stomach ache, fainting, dysentery, gripes, cholera, leprosy, boils, eczema, tuberculosis, epilepsy, ringworm, itch, scab, chickenpox, scabies, hemorrhage, diabetes, hemorrhoids, cancer, fistula; illnesses originating from bile, phlegm, wind, or their combination; illnesses produced by change of climate; illnesses produced by careless behavior; illnesses produced by assault; or illnesses produced as the result of kamma; and cold, heat, hunger, thirst, defecation, and urination.’ Thus he dwells contemplating danger in this body. This is called the perception of danger.
(5) “And what, Ānanda, is the perception of abandoning? Here, a bhikkhu does not tolerate an arisen sensual thought; he abandons it, dispels it, terminates it, and obliterates it. He does not tolerate an arisen thought of ill will … an arisen thought of harming … bad unwholesome states whenever they arise; he abandons them, dispels them, terminates them, and obliterates them. This is called the perception of abandoning.
(6) “And what, Ānanda, is the perception of dispassion? Here, having gone to the forest, to the root of a tree, or to an empty hut, a bhikkhu reflects thus: ‘This is peaceful, this is sublime, that is, the stilling of all activities, the relinquishment of all acquisitions, the destruction of craving, dispassion, nibbāna.’ This is called the perception of dispassion.
(7) “And what, Ānanda, is the perception of cessation? Here, having gone to the forest, to the root of a tree, or to an empty hut, a bhikkhu reflects thus: ‘This is peaceful, this is sublime, that is, the stilling of all activities, the relinquishment of all acquisitions, the destruction of craving, cessation, nibbāna.’ This is called the perception of cessation.
(8) “And what, Ānanda, is the perception of non-delight in the entire world? Here, a bhikkhu refrains from any engagement and clinging, mental standpoints, adherences, and underlying tendencies in regard to the world, abandoning them without clinging to them. This is called the perception of non-delight in the entire world.
(9) “And what, Ānanda, is the perception of impermanence in all conditioned phenomena? Here, a bhikkhu is repelled, humiliated, and disgusted by all conditioned phenomena. This is called the perception of impermanence in all conditioned phenomena.
(10) “And what, Ānanda, is mindfulness of breathing? Here, a bhikkhu, having gone to the forest, to the foot of a tree, or to an empty hut, sits down. Having folded his legs crosswise, straightened his body, and established mindfulness in front of him, just mindful he breathes in, mindful he breathes out.
“Breathing in long, he knows: ‘I breathe in long’; or breathing out long, he knows: ‘I breathe out long.’ Breathing in short, he knows: ‘I breathe in short’; or breathing out short, he knows: ‘I breathe out short.’ He trains thus: ‘Experiencing the whole body, I will breathe in’; he trains thus: ‘Experiencing the whole body, I will breathe out.’ He trains thus: ‘Tranquilizing the bodily activity, I will breathe in’; he trains thus: ‘Tranquilizing the bodily activity, I will breathe out.’
“He trains thus: ‘Experiencing rapture, I will breathe in’; he trains thus: ‘Experiencing rapture, I will breathe out.’ He trains thus: ‘Experiencing happiness, I will breathe in’; he trains thus: ‘Experiencing happiness, I will breathe out.’ He trains thus: ‘Experiencing the mental activity, I will breathe in’; he trains thus: ‘Experiencing the mental activity, I will breathe out.’ He trains thus: ‘Tranquilizing the mental activity, I will breathe in’; he trains thus: ‘Tranquilizing the mental activity, I will breathe out.’
“He trains thus: ‘Experiencing the mind, I will breathe in’; he trains thus: ‘Experiencing the mind, I will breathe out.’ He trains thus: ‘Gladdening the mind, I will breathe in’; he trains thus: ‘Gladdening the mind, I will breathe out.’ He trains thus: ‘Concentrating the mind, I will breathe in’; he trains thus: ‘Concentrating the mind, I will breathe out.’ He trains thus: ‘Liberating the mind, I will breathe in’; he trains thus: ‘Liberating the mind, I will breathe out.’
“He trains thus: ‘Contemplating impermanence, I will breathe in’; he trains thus: ‘Contemplating impermanence, I will breathe out.’ He trains thus: ‘Contemplating fading away, I will breathe in’; he trains thus: ‘Contemplating fading away, I will breathe out.’ He trains thus: ‘Contemplating cessation, I will breathe in’; he trains thus: ‘Contemplating cessation, I will breathe out.’ He trains thus: ‘Contemplating relinquishment, I will breathe in’; he trains thus: ‘Contemplating relinquishment, I will breathe out.’
“This is called mindfulness of breathing.
“If, Ānanda, you visit the bhikkhu Girimānanda and speak to him about these ten perceptions, it is possible that on hearing about them he will immediately recover from his affliction.”
Then, when the Venerable Ānanda had learned these ten perceptions from the Blessed One, he went to the Venerable Girimānanda and spoke to him about them. When the Venerable Girimānanda heard about these ten perceptions, his affliction immediately subsided. The Venerable Girimānanda recovered from that affliction, and that is how he was cured of his affliction.