season 1
Genres-Slice of Life,Comedy,Supernatural,Drama, School
Review
Riki Naoeဟာသူ့မိဘတွေဆုံးရှုံခဲ့စဥ် ကလေးဘဝတုန်းကကမ္ဘာလောကကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီးနေထိုင်ခဲ့တယ်။ဒါပေမဲ့Kyousukeလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ကLittle bustersလို့ခေါ်တဲ့ သူတို့အဖွဲ့ထဲကိုဝင်ခိုင်းတဲ့အချိန်မှာတော့အရာအားလုံးပြောင်းလဲသွားခဲ့တယ်။အဲ့အထဲမှာပါတဲ့Kyousuke,Masato, Kengoနဲ့Rinလို့ခေါ်တဲ့လူလေးယောက်နဲ့Riki naoeဟာသူ့ရဲ့ ငယ်ရွယ်မှုဘဝအရသာကိုခံစားခဲ့ရတယ်
နှစ်တွေကြာပြီးတဲ့နောက်အထက်တန်းကိုရောက်လာတဲ့အခါလည်းသူတို့ဟာအတွဲမပြတ်ဘဲရှိခဲ့ကြတယ်။Kyousukeကသူရဲ့နောက်ဆုံးစာသင်နှစ်ရောက်တဲ့အခါမှာတော့Little bustersလို့ခေါ်တဲ့Baseballအသင်းကိုဖွဲ့ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့အသင်းသားမလောက်တဲ့ပြသနာရှိခဲ့တယ်။KyousukeကိုRiki naoeကပြန်ကူညီနိုင်ဖို့အတူဆော့မဲ့အသင်းသားတွေကိုလိုက်ခံခေါ်ယူတော့တာပေါ့။ဒါပေမဲ့Rinကသူ့ကြောင်မှာတွဲချိတ်ထားတဲ့စာ အဲ့စာမှာသူတို့ကို "ကမ္ဘာကြီးရဲ့လျို့ဝှက်ချက်''ကိုသတ်မှတ်ထားတဲ့တာဝန်တွေထမ်းဆောင်ပြီးဖော်ထုတ်ပါဆိုပြီးရေးထားတာကိုရှာတွေ့ခဲ့တယ်။အဲ့ဒီလျို့ဝှက်ချက်ဆိုတာကဘာလဲ?အဲ့ဒီလျို့ဝှက်ချက်ကဘာလို့ဖုံးကွယ်ထားရတာလဲ?Little bustersလို့ခေါ်တဲ့သူငယ်ချင်းအုပ်စုကရောဒီလျို့ဝှက်ချက်ကိုဘယ်လိုဖော်ထုတ်မလဲဆိုတာကတော့........