Genres: Music, Comedy, Seinen
Review
Music industryထဲထိုးဖောက်ဝင်ရောက်လာတဲ့Metal rockအမျိုးအစား။အဲ့Metal rockတီးဝိုင်းထဲမှာအကျော်ကြားဆုံးဖြစ်တဲ့Detroit Metal Cityဆိုတဲ့တီးဝိုင်းကမှောင်မိုက်လွန်းပြီးကြမ်းတမ်းလွန်းတယ်။အဲ့တီးဝိုင်းထဲမှာပါတဲ့အဓိကအဆိုရှင်Krauserကငရဲကနေနှိုးထလာပြီးလူသားတွေကိုဒူးထောက်အောင်လုပ်မယ်လို့လူတွေကထင်နေတာပေါ့။လူတွေမသိတာကKrauserလို့ခေါ်ကြတဲ့Souichi Negishiဟာတစ်ကယ့်ဘဝမှာတော့ ငြိမ်းချမ်းရေးချစ်မြတ်နိုးသူ၊ပေါ့ပ်ဂီတနားထောင်ရတာကြိုက်တဲ့သူ၊ပြီးတော့စကားပြောနူးညံ့သူဖြစ်ပါတယ်။သူ့အိပ်မက်ကပေါ့ပ်တီးဝိုင်းတစ်ခုတည်ထောင်ဖို့ပါ ဒါပေမဲ့လုံးဝအကြမ်းစားMetal rockတီးဝိုင်းထဲကိုရောက်သွားခဲ့ပါတယ်။အဲ့လိုနူးညံ့တဲ့လူမျိုးကကြမ်းကြမ်းတမ်းတမ်းနဲ့Metal rockတီးဝိုင်းမှာဘယ်လိုမျိုးလူတွေအထင်ကြီးအောင်လုပ်မလဲ သူအမြဲတမ်းအိပ်မက် မက်ခဲ့တဲ့ ပေါ့ပ်တီးဝိုင်းတစ်ခုရောတည်ထောင်နိုင်မလားဆိုတာကိုအလွဲတွေနဲ့လုံးဝခွီနေအောင်ကြည့်ရမှာပါ။