မုံရွာ ခရိုင် တပ်ရင်း - ၃ ၏တပ်ခွဲ -၂ ကျွန်ုပ်တို့ မဟူရာနဂါး တပ်ခွဲအား NUG အစိုးရမှတရားဝင် တပ်ခွဲ အဖြစ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း
ကြေငြာခြင်းနှင့်အတူ ကျွန်ုပ်တို့တပ်ခွဲမှ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ယခု အချိန်ကစပြီး ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များအား
ရဲရဲဝံ့ဝံ့ကာကွယ်စောင့်ရှောက်ပြီး စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း မုံရွာခရိုင်တပ်ရင်း -၃ ၏ တပ်ခွဲ -၂
မဟူရာနဂါးမှ ကတိသစ္စာပြုပါသည်။
"အရေးတော်ပုံအောင်ရမည်"
တပ်ရင်းမိတ်ဆက်ချင်းနှင့် မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား
အပတ်စဥ်(၂)
7.4.2022နေ့တွင်အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
ရဲဘော်တွေကလဲ စစ်ရေးဗျူဟာကို စာတွေ့လက်တွေ့နှင့် PDF ကျင့်ဝတ်များကိုလည်း သင်ယူခဲ့ပြီးဖြစ်တာကြောင့်ရှေ့ဆက်ပြီး အာဏာရှင်ကို အမြစ်ဖြတ် တွန်းလှန်သွားမည်ဖြစ်ပါတယ်။
အရေးတော်ပုံအောင်ရမည်
အရေးတော်ပုံအောင်ရမည် အောင်ကိုအောင်ရမည်
လာပြီ လာပြီ Mahauurar Dragon PDF လာပြီ
မင်္ဂလာဦးဆုမွန်ကောင်းရွှေသဝဏ်လွှာ
ပြည်သူမှ ပြည်သူသို့
အကြမ်းဖက်စစ်ကောင်စီများ၏ မီးရှို့ဖျက်စီးမှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော မင်းကင်းမြို့နယ် သင်တောအုပ်စု အနောက်တောကျေးရွာ၊ ဘင်ကျေးရွာ၊ အုန္နဘုတ်ကျေးရွာ တို့မှ မီးဘေးသင့်ပြည်သူများအတွက် အရေးတကြီးလိုအပ်လျက်ရှိသော ဆန်၊ဆီ၊ရိက္ခာနှင့် အဝတ်အထည်များကို မဟူရာနဂါး အဖွဲ့သားများမှ ကယ်ဆယ်ရေးစခန်းသို့ ၃.၂.၂၀၂၂ တွင် သွားရောက်ကူညီပံ့ပိုးပေးခဲ့ပါသည်။