History
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သော အာဏာသိမ်းယူမှုကြောင့် မတရားမှုကိုဆန့်ကျင်သော ပြည်သူများသည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ တချိန်တည်းမှာပင် အကြမ်းဖက်စစ်အုပ်စု၏ လက်နက်အားကိုးဖြင့် ဖိနှိပ်မှုများကြောင့် ပြည်သူလူထုမှာ ငြိမ်းချမ်းစွာဆန္ဒထုန်ဖော်ရုံနှင့် မလုံလောက်တော့ဟု ယုံကြည်လာကြသည်။ တနိုင်ငံလုံးရှိ တော်လှန်စိတ်ထက်သန်သော လူငယ်၊ လူရွယ်များမှာ တိုင်းရင်းသားလူမျိုးစုတော်လှန်ရေးနယ်မြေများသို့သွားရောက်၍ ခက်ခဲပင်ပန်းစွာ စစ်ပညာသင်ယူခဲ့ကြသည်။