A bank MPU Credit card လျှောက်ထားဖို့အတွက် အသက် (၁၈)နှစ်ပြည့်ပြီးသူ ဖြစ်ရပါမယ်ရှင်။
မြန်မာနိုင်ငံသားတိုင်း လျှောက်ထားနိုင်ပြီး နီးစပ်ရာ A bank ဘဏ်ခွဲတိုင်းမှာ လျှောက်ထားနိုင်ပါတယ်။
MPU Classic နဲ့ Premium Credit card ဟူ၍ ကတ်အမျိုးအစား (၂)မျိုး ရှိတဲ့အနက် Classic card လျှောက်ထားလိုပါက အနည်းဆုံးလစဥ်ဝင်ငွေ (၃၀၀,၀၀၀)ကျပ် ရှိရမှာဖြစ်ပြီး Premium card လျှောက်ထားလိုပါက အနည်းဆုံးလစဥ်ဝင်ငွေ (၂,၅၀၀,၀၀၀)ကျပ် ရှိရမှာဖြစ်ပါတယ်ရှင်။
လိုအပ်ချက်များအနေနဲ့ (ဝန်ထမ်းဖြစ်ပါက)
တစ်ဦးတည်းအပ်ငွေစာရင်း ဖွင့်လှစ်ဖို့လိုအပ်ပါမယ်
- (၆)လအတွင်း ရိုက်ကူးထားသော လိုင်စင်ဓါတ်ပုံ (၂)ပုံ
- မှတ်ပုံတင်မိတ္တူ (ရှေ့/နောက်)
- အိမ်ထောင်စုစာရင်း မိတ္တူ
- နေထိုင်ကြောင်းထောက်ခံစာ
- ဝန်ထမ်းဖြစ်ကြောင်းထောက်ခံချက်
- ဝင်ငွေအထောက်အထား နောက်ဆုံး (၃)လစာ
- ထောက်ခံပေးသူ (၁)ဦး တို့လိုအပ်ပါမယ်ရှင်။
လိုအပ်ချက်များအနေနဲ့ (ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ပါက)
တစ်ဦးတည်းအပ်ငွေစာရင်း ဖွင့်လှစ်ဖို့လိုအပ်ပါမယ်
(၆)လအတွင်း ရိုက်ကူးထားသော လိုင်စင်ဓါတ်ပုံ (၂)ပုံ
မှတ်ပုံတင်မိတ္တူ (ရှေ့/နောက်)
အိမ်ထောင်စုစာရင်း မိတ္တူ
နေထိုင်ကြောင်းထောက်ခံစာ
ဝင်ငွေအထောက်အထား နောက်ဆုံး (၃)လစာ
လုပ်ငန်းလိုင်စင်/ Company လိုင်စင်(DICA)
အခွန်ပြေစာ (နောက်ဆုံး ၁နှစ်)
ဘဏ္ဍာရေးရှင်းတမ်း (နောက်ဆုံး ၁နှစ်)
ထောက်ခံပေးသူ (၁)ဦး တို့လိုအပ်ပါမယ်ရှင်။
A bank Credit card ကို A+ application ကနေ activate ပြုလုပ်ဖို့အတွက်
အဆင့် ၁ - A+ Wallet app ကို download ရယူပါ။
အဆင့် ၂ - A+ Wallet account ဖွင့်ပြီး Level 2 သို့ မြှင့်တင်ပါ။
အဆင့် ၃ - A+ Wallet app ထဲမှ A Card menu ထဲဝင်ပြီး Add Card ပြုလုပ်ပါ။
အဆင့် ၄ - ဖုန်း sms သို့ Activation code ၆လုံး ရောက်ရှိလာပါက မှန်ကန်စွာရိုက်ထည့်ပြီး မိမိနှစ်သက်ရာ Card pin ၆လုံးကို ပြန်လည်သတ်မှတ်ပြီး စတင်အသုံးပြုလို့ရပါပြီရှင်။
A bank MPU Credit Card အား မိမိကိုယ်တိုင် (A+ Wallet app) မှတစ်ဆင့် Activation ပြုလုပ်နိုင်ပါသည်။
အဆင့် ၁ - A+ application ထဲသို့ဝင်ပြီး A Card ထဲ၀င် ၍ သင်၏ ကတ်အား My Cards ထဲတွင် card number နှင့် အမည်ရိုက်ထည့်ပြီး Add Card ပြုလုပ်ပါ။
အဆင့် ၂ - Activate ဆက်လက်ပြုလုပ်ရန် Activate card ကိုနှိပ်ပြီး ဖုန်းထဲရောက်လာသည့် Activation code ကိုမှန်ကန်စွာရိုက်ထည့်ပေးပါ။
အဆင့် ၃ - ကြိုက်နှစ်သက်ရာ Pin (၆)လုံးအားရိုက်ထည့်ပေးပါ။ Pin (၆)လုံးအားထပ်မံရိုက်ထည့်၍ အတည်ပြုပါ။
အဆင့် ၄ - Done ကိုနှိပ်ပြီးပါက ကတ်အား အောင်မြင်စွာ Activate ပြုလုပ်ပြီးပါပြီ။
ကတ်လျှောက်လွှာကြေးအဖြစ် (၅,၀၀၀)ကျပ်
ကတ်နှစ်စဥ်ကြေးအဖြစ် MPU Classic card ဖြစ်ပါက (၁၅,၀၀၀)ကျပ် ဖြစ်ပြီး MPU Premium card ဖြစ်ပါက (၄၅,၀၀၀)ကျပ် ဖြစ်ပါတယ်ရှင်။
A bank MPU Credit Card အသုံးပြုခြင်းအတွက်
- နီးစပ်ရာ A bank ဘဏ်ခွဲတိုင်းတွင် အလွယ်တကူ လျှောက်ထားနိုင်ခြင်း။
- Deposit (သို့) Collateral များပေးရန် မလိုအပ်ဘဲ လျှောက်ထားနိုင်ခြင်း။
- မူလကတ်ပိုင်ရှင်၏ မိသားစု၀င်များသာမက မည့်သို့ဆက်နွယ်သည့် Relationship အတွက်မဆို ဆင့်ပွားကတ်လျှောက်ပေးနိုင်ခြင်း။
- A+ Wallet app တွင် ကတ်နှင့်သက်ဆိုင်သည့် စီမံခန့်ခွဲမှုများ ကိုယ်တိုင်လုပ်ဆောင်နိုင်ခြင်း။
- ကတ်ပျောက်ဆုံးပါက ဘဏ်အားဆက်သွယ်စရာမလိုပဲ A+ Wallet app တွင် အလျှင်အမြန် လွယ်ကူစွာ Lock ချ၍ ကာကွယ်စီမံနိုင်ခြင်း။
- ပြည်တွင်း၌ A bank MPU ကတ်ဖြင့် ငွေပေးချေရာတွင် အထူးလျော့ဈေးများ ခံစားခွင့်ရရှိခြင်း။
- A Card ဝန်ဆောင်မှုနှင့် ပတ်သက်သော စုံစမ်းမေးမြန်းမှုများအတွက် ဖြေကြားပေးနိုင်ရန် (24/7) customer service ထားရှိခြင်း။
စတဲ့ အကျိုးကျေးဇူးများစွာကို ရရှိမှာဖြစ်ပါတယ်ရှင်။
ငွေပြန်လည်ပေးချေဖို့အတွက် ရွေးချယ်စရာ (၂) မျိုးရှိပါတယ်ရှင်။
၁။ အနည်းဆုံးပေးချေခြင်း - ပြန်လည်ပေးချေရမယ့် ငွေပမာဏရဲ့ ၁၀% (Minimum ၁၀,၀၀၀ ကျပ်)
၂။ အပြည့်အဝပေးချေခြင်း - ပြန်လည်ပေးချေရမယ့် ငွေပမာဏရဲ့ ၁၀၀%
စတဲ့ ပေးချေခြင်းများအနက် နှစ်သက်ရာကိုရွေးချယ်ပြီး A+ Wallet App (သို့) နီးစပ်ရာဘဏ်ခွဲ (သို့) ဘဏ်စာရင်းမှ အလိုအလျှောက်ငွေပေးချေခြင်းညွှန်ကြားချက် Direct Debit (DD) တို့နဲ့ ပြန်လည်ပေးချေနိုင်ပါတယ်ရှင်။
Credit limit ရဲ့ 20% ကို ငွေသားထုတ်ယူနိုင်ပါတယ်ရှင်။ ATM မှာငွေသားထုတ်ယူခြင်းအတွက် ထုတ်ယူငွေပမာဏရဲ့ 3% (အနည်းဆုံးကျပ် ၅,၀၀၀) ကောက်ခံမှာဖြစ်ပြီး အခြားဘဏ်များရဲ့ ATM စက်များမှာ ထုတ်ယူပါက သက်ဆိုင်ရာဘဏ်က ကောက်ခံတဲ့ ဝန်ဆောင်ခကိုပါ တပါတည်းကောက်ခံမှာဖြစ်ပါတယ်ရှင်။
Daily limit သတ်မှတ်ထားခြင်းမရှိပါဘူးရှင်။
ငွေသားထုတ်ယူမှုအတွက် Credit limit ရဲ့ ၂၀% ကို ထုတ်ယူနိုင်ပြီး စျေးဝယ်ယူရာမှာငွေပေးချေမှုအတွက် Credit limit ၁၀၀% ကို အသုံးပြုနိုင်ပါတယ်ရှင်။
ပြည်တွင်းရှိ MPU card ကို လက်ခံပြီးငွေရှင်းနိုင်တဲ့ စတိုးဆိုင်၊ စားသောက်ဆိုင်များနဲ့ online payment များမှာ အလွယ်တကူငွေပေးချေနိုင်ပါတယ်ရှင်။
A bank Credit card လက်ကျန်ငွေကို A+ Wallet app ထဲမှ A Card menu မှတဆင့် My Card submenu ထဲမှာ စစ်ဆေးနိုင်ပါတယ်ရှင်။
A bank Credit card ကို အသုံးပြုထားတဲ့ transaction များကို A+ Wallet app ထဲမှ A Card menu မှတဆင့် My Card submenu ထဲမှာရှိတဲ့ Transactions မှာ စစ်ဆေးကြည့်ရှုနိုင်ပါတယ်ရှင်။
A bank Credit card ကို ယာယီပိတ်ထားလိုပါက A+ Wallet app ထဲမှ A Card menu မှတဆင့် My Card submenu ထဲမှာရှိတဲ့ Lock Card မှ ကိုယ်တိုင်လွယ်ကူစွာ Lock ပြုလုပ်နိုင်သလို Unlock လည်း ပြန်လည်ပြုလုပ်နိုင်ပါတယ်ရှင်။
PIN Lock ကျခြင်းအတွက် ကိုယ်တိုင် နီးစပ်ရာ A bank ဘဏ်ခွဲသို့ သွား၍ PIN Unlock ပြုလုပ် ခြင်းအား တောင်းဆိုနိုင်ပါသည်။ အတည်ပြုချက်များ တိုက်ဆိုင်စစ်ဆေးရန်အတွက် မှတ်ပုံတင်မူရင်း နှင့် သင်၏ A bank MPU Credit Card အား ယူဆောင်လာရမည်ဖြစ်ပါသည်။
ကတ် PIN နံပါတ်အသစ်ပြန်လည် ပြောင်းလဲရန်
အဆင့် ၁- My card ထဲမှ Card Setting ထဲသို့ဝင်ပါ။
အဆင့် ၂ - Card PIN Reset အား နှိပ်ပါ။
အဆင့် ၃ - A+ Wallet အကောင့်ဖွင့်ထားသော ဖုန်းနံပါတ်နှင် မှတ်ပုံတင်နံပါတ် တို့အားရိုက်ထည့်ပါ။
အဆင့် ၄ - SMS မှတစ်ဆင့် ဖုန်းနံပါတ်ထဲသို့ ပေးပို့သော OTP အား မှန်ကန်စွာရိုက် ထည့်ပါ။ ထို့နောက် သင်ကြိုက်ရာ PIN (၆)လုံး အားရိုက်ထည့်ပါ။ သင်၏ PIN (၆)လုံး အား ထပ်မံရိုက်ထည့်၍ အတည် ပြုပါ။
အဆင့် ၅ - OTP မှားယွင်းရိုက်ထည့် ပါက error message ပြပါမည်။
Card PIN Reset အား
အောင်မြင်စွာ လုပ်ဆောင်ပြီး ဖြစ်ပါသည်။
Billing statement date သည် လစဉ်လတိုင်း၏ (၁) ရက်နေ့ဖြစ်ပြီး A bank မှ မှတစ်ဆင့် ကတ်ပိုင်ရှင်၏ Email ကို ပို့ပေးမည်ဖြစ်ပါသည်။
အသုံးပြုထားသောငွေ ပြန်လည်ပေးဆပ်ရန်အတွက်
အဆင့် ၁- My Card ထဲမှ Make Repayment အား နှိပ်ပါ။
အဆင့် ၂- ပြန်လည်ပေးဆပ်မည့် ပမာဏအား ဖြည့်စွက်၍ ထိုပမာဏအား နုတ်ယူရမည့် ဘဏ်စာရင်းကို ရွေးချယ်ပါ။
အဆင့် ၃- ထို့နောက် Confirm ကို နှိပ်ပါ။
အဆင့် ၄- အတည်ပြုရန် A+ PIN အား ရိုက်ထည့်ပါ။
Repayment အား အောင်မြင်စွာ ပြုလုပ်ပြီးဖြစ်ပါသည်။
တခြားသူရဲ့ ကတ်အားငွေပြန်လည်ပေးချေရန် အတွက်
အဆင့် ၁- A card ရဲ့ Other function ထဲက Card repayment ကို ရွေးချယ်ပါ။
အဆင့် ၂- ကတ်နံပါတ်ရိုက်ထည့်ပါ။ ထို့နောက် ကတ်ကိုင်ဆောင် သူ၏ အမည်ပေါ်လာပါမည်။
အဆင့် ၃- ငွေပမာဏ ရိုက်ထည့်ပါ။ မှတ်စုတို့ ဖြည့်စွက်ပေးရပါမည်။ ဤကတ်အား Favorite စာရင်းထဲထည့်သွင်းချင်ပါက Favorite တွင် အမှန်ခြစ် . ပေးပါ။ ထို့နောက် Continue
ကို နှိပ်ပါ။
အဆင့် ၄- ပြန်လည်ပေးဆပ်မည့် ပမာဏအား နှုတ်ယူရမည့် ဘဏ်စာရင်းကို ရွေးချယ်ပါ။ ထို့နောက် Confirm ကို နှိပ်ပါ။
အဆင့် ၅- အတည်ပြုရန် A+ PIN အား ရိုက်ထည့်ပါ။
Repayment အား အောင်မြင်စွာ ပြုလုပ်ပြီး ဖြစ်ပါသည်။
A bank MPU Credit card ရရှိပြီးပါက ကတ်ပိုင်ရှင်ကိုယ်တိုင် A+ Wallet application ထဲတွင် Activation ပြုလုပ်ကာ စတင်အသုံးပြုနိုင်ပါပြီရှင်။