Script For Agent
မင်္ဂလာပါရှင်။
A+ wallet call center မှ ဆက်သွယ်လိုက်တာပါရှင်။- ------------- ဆိုင်ကပါလားရှင်။A+ Merchant အဖြစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်ရှင်။ အမတို့ ဆိုင်အတွက် ငွေပေးချေမှု ပိုမိုလွယ်ကူစေဖို့ MMQR စနစ်ကို လုပ်ဆောင်ပေးချင်လို့ပါရှင်။
MMQR ဆိုတာကတော့ မတူညီတဲ့ wallet တွေကနေ MMQR Scan ဖတ်ပြီးတော့ ငွေပေးချေနိုင်တာမျိုးပါရှင်။
A bank ရဲ့ MMQR ကို A+ wallet တင်မကဘဲ တခြား E-wallet များနှင့်လည်း scan ဖတ်ပြီး တော့ ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်ရှင်။
ဒါကြောင့်မလို့ A bank ရဲ့ MMQR Merchant အဖြစ်ပြုလုပ်နိုင်ရန် ဆက်သွယ်လိုက်ခြင်းဖြစ်ပါတယ်ရှင်။
MMQR စနစ်ကို အသုံးပြုခြင်းဖြင့် အမတို့ ဆိုင်ရဲ့ customer တွေက ဖုန်းနဲ့ အလွယ်တကူ ငွေပေးချေနိုင်မှာဖြစ်ပါတယ်ရှင်။
အခု ညီမတို့ဘက်ကနေ MDR ခကို လုံးဝမယူဘဲ အထူးကမ်းလှမ်းပေးနေပြီးတော့ A+ ကနေတင်မကဘဲ အခြား wallet တွေကနေ ငွေပေးချေတဲ့အခါမှာလည်း MDR ခကို လုံးဝမယူပါဘူးရှင်/ခင်ဗျာ။
ပုံမှန်ဆိုရင်တော့ အခြားwallet တွေကနေငွေပေးချေမယ်ဆိုရင် ၀.၃% ကနေ ၀.၅% အထိပေးဆောင်ရမှာပါ။ ဒါပေမယ့် ဒီကမ်းလှမ်းချက်အရဆိုရင် တစ်နှစ်တိတိအခမဲ့အသုံးပြုနိုင်မှာပါရှင်
*အခြားဘဏ်တွေနဲ့ MMQR လက်မှတ်ထိုးထားတာများရှိပါသလားရှင်။ *
*အခု MMQR စနစ်ကို စတင်တပ်ဆင်ပေးလို့ရပါသလားရှင်။ *
*အသုံးပြုမယ်ဆိုရင် ကျွန်တော်/ညီမတို့ Merchant Department ကနေ QR လာချရင်းနဲ့ စာချုပ် လက်မှတ်ထိုးတာတို့ log in ၀င်တာတို့ကို တစ်ခါထဲ ဆောင်ရွက်ပေးသွားမှာပါရှင်။*
Closing Script / ဆိုင်ရဲ့ လုပ်ငန်းဆောင်ရွက်မှု အမြဲတိုးတက်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်
MMQR ဆိုတာဘာလဲ?
MMQR ဆိုတာကတော့ မတူညီတဲ့ E-wallet များကနေ MMQR Scan ကိုဖတ်ပြီး ငွေပေးချေနိုင်တာမျိုးပါရှင်။
ဥပမာ A bank ရဲ့ MMQR ကို A+ wallet တင်မက တခြား E-wallet များနှင့်လည်း scan ဖတ်ပြီး ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်ရှင်။ ထို့အတွက်ကြောင့် A bank ရဲ့ MMQR Merchant အဖြစ်ပြုလုပ်နိုင်ရန် ဆက်သွယ်ခြင်းဖြစ်ပါတယ်ရှင်။
Cus က MFS က တစ်ခုခု / Acquirer ထဲ က တစ်ခုခု နှင့် MM QR လေးယူထားတာမျိုးရှိပြီး တခြားbank တွေနဲ့တော့ MM QRလေး လက်မှတ်ထိုးထားတာ မျိုးမရှိသေးဘူးဆိုရင်တော့ ညီမတို့ A bank ရဲ့ MMQR စနစ်ကို တပ်ဆင်လို့ရပါတယ် ရှင်။
ညီမတို့ A bank ရဲ့ MMQR စနစ်ကို စတင်တပ်ဆင်မယ်ဆိုရင်လဲ MDR ခကို လုံးဝမယူဘဲ အထူးကမ်းလှမ်းပေးနေပြီးတော့ A+ ကနေတင်မကဘဲ အခြား wallet တွေကနေ ငွေပေးချေတဲ့အခါမှာလည်း MDR ခကို လုံးဝမယူပါဘူးရှင်/ခင်ဗျာ။
ပုံမှန်ဆိုရင်တော့ အခြားwallet တွေကနေငွေပေးချေမယ်ဆိုရင် ၀.၃% ကနေ ၀.၅% အထိပေးဆောင်ရမှာပါ။ ဒါပေမယ့် ဒီကမ်းလှမ်းချက်အရဆိုရင် တစ်နှစ်တိတိအခမဲ့အသုံးပြုနိုင်မှာပါရှင်
အသုံးပြုမယ်ဆိုရင် ကျွန်တော်/ညီမတို့ Merchant Department ကနေ QR လာချရင်းနဲ့ စာချုပ် လက်မှတ်ထိုးတာတို့ log in ၀င်တာတို့ကို အသေးစိတ် ရှင်းပြပြီး တစ်ခါထဲ ဆောင်ရွက်ပေးသွားမှာပါရှင်။