ဆီးချိုအမျိုးအစား (၁) ရှိသူတွေရဲ့ ၂၅ ရာခိုင်နှုန်း၊ ဆီးချို အမျိုးအစား (၂) ရှိသူတွေရဲ့ ၈၀ ရာခိုင်နှုန်း လောက်မှာ သွေးတိုးရှိတတ်ပါတယ်။ ဆီးချိုရောဂါက နှလုံးရောဂါ၊ လေဖြတ်တာ အပြင် အခြားရောဂါ အတော်များများကို ဖြစ်စေပါတယ်။ ဆီးချို နဲ့ သွေးတိုးရောဂါ နှစ်ခုလုံး ရှိနေမယ်ဆိုရင်တော့ အခြားရောဂါတွေ ဖြစ်ပွားဖို့ အခွင့်အလမ်းအရမ်းများပါတယ်။ ဒါကြောင့် သင့်မှာ ဆီးချိုရှိနေမယ်ဆိုရင် သွေးပေါင် ပုံမှန်ချိန်ပေးဖို့ အရေးကြီးပါတယ်။
- အစားလျှော့စားသင့်ပါတယ်။ ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းတဲ့ အစားအစာတွေကို ရှောင်ရပါမယ်။
- ရေများများသောက်ရပါမယ်။ အချိုရည်တွေကို မသောက်ပါနဲ့။
- အ၀မလွန်အောင်ထိန်းသိမ်းပါ။ တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှားနေပါ။ လမ်းလျှောက်ပါ။
- ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်း လုပ်တဲ့ အချိန်ဟာ တစ်ရက်လျှင် မိနစ် (၃၀)၊ တစ်ပတ်လျှင် မိနစ် (၁၅၀) ထက် မနည်းပါစေနဲ့။
- အမျှင်ဓာတ်များတဲ့ အစားအစာများ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို စားပေးပါ။
- တိရိစ္ဆာန်များမှ ရတဲ့ အဆီ ( အမဲဆီ၊ ၀က်ဆီ) စတာတွေကိုရှောင်ပါ။ ငါးမှရတဲ့ အဆီများကို စားပေးလို့ရပါတယ်။
- စိတ်ဖိစီးမှုနည်းအောင်နေထိုင်ပါ။ အိပ်ချိန်၊ နားချိန်လုံလောက်ပါစေ။
- သွေးချို ထိန်းသိမ်းမှုပိုကောင်းစေပါတယ်။
- ဆီးချိုကြောင့် နှလုံးသွေးကြောရောဂါပိုမို ဖြစ်ပွားစေခြင်းကိုလည်း လျော့ကျစေပါတယ်။
- ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။
- ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းစေပြီး နေထိုင်လှုပ်ရှားမှု ပိုကောင်းစေပါတယ်။
ဆီးချိုရောဂါရှိသူတိုင်း ကိုယ်လက်လှုပ်ရှားမှုကို ကုထုံးတစ်ခုအနေဖြင့် ပုံမှန် ဆောင်ရွက်သင့်ပါတယ်။
(၁) အဆီပေါကြွယ်သောငါး - ငါးတွေမှာ Omega – 3 ပါဝင်ပြီး ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့ အပြင် ပုံမှန်စားသုံးခြင်းဖြင့် နှလုံးရောဂါ နဲ့ လေဖြတ်ခြင်းတွေကို ကာကွယ်နိုင်ပါတယ်။
(၂) အစိမ်းရောင် အရွက်များ - အစိမ်းရောင် အရွက်တွေမှာ နှလုံးနဲ့ မျက်စိ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အာဟာရဓာတ်တွေ၊ အင်တီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
(၃) သစ်ကြံပိုးခေါက် - ဟင်းလျာအတွက် အမွှေးနံ့ အဖြစ် အသုံးပြုလေ့ရှိတဲ့ သစ်ကြံပိုးခေါက်ဟာ ဆီးချို အမျိုးအစား (၂) အတွက် အထူးကောင်းမွန်ပါတယ်။ သွေးတွင်းသကြားဓာတ်နဲ့ မကောင်းတဲ့ အဆီဓာတ်တွေကို ထိန်းညှိပေးနိုင်ပါတယ်။
(၄) ကြက်ဥ - ကြက်ဥကို အကာရော၊ အနှစ်ပါ စားပေးလို့ ရပါတယ်။ ကြက်ဥက သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ အပြင် ပရိုတင်းဓာတ်လည်း ကြွယ်ဝတဲ့ အစားအစာဖြစ်ပါတယ်။ နှလုံးရောဂါ နဲ့ မျက်စိအတွက်လည်း အထောက်အကူဖြစ်ပါတယ်။
(၅) နနွင်း - မြန်မာဟင်းလျာတွေ မှာ အသုံးများတဲ့ နနွင်းက သွေးတွင်းသကြားဓာတ်နဲ့ ရောင်ရမ်းခြင်းတွေကို လျော့ကျစေတဲ့ အပြင် နှလုံးရောဂါ နဲ့ ကျောက်ကပ်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၆) အစေ့အဆံများ - သီဟိုဠ်စေ့၊ ဗာဒံစေ့ စတဲ့ အစေ့အဆံလေးတွေက ဆီးချိုသွေးချိုအတွက် အထူးကောင်းမွန်တဲ့ ဓာတ်စာတွေပဲ ဖြစ်ပါတယ်။ သွေးတွင်း သကြားဓာတ်နဲ့ အဆီဓာတ်များကို ထိန်းညှိပေးပါတယ်။
(၇) ပန်းဂေါ်ဖီစိမ်း - ကယ်လိုရီနည်းပြီး အာဟာရ အထူး ကြွယ်ဝတဲ့ အစားအစာ ဖြစ်ပါတယ်။ ရောဂါ အတော်များများကို လည်း ကာကွယ်ပေးနိုင်ပါတယ်။
(၈) စတော်ဘယ်ရီ - သကြားဓာတ် ပါဝင်မှု နည်းပါးပြီး ရောင်ရမ်းမှုကို သက်သာစေတဲ့ အပြင် နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ကိုလည်း လျော့နည်းစေပါတယ်။
(၉) ကြက်သွန်ဖြူ - ကြက်သွန်ဖြူဟာ သွေးအတွင်းသကြားဓာတ်နဲ့ အဆီဓာတ်ကို ထိန်းညှိပေးတဲ့ အပြင် သွေးတိုးရောဂါ အတွက် အကောင်းဆုံး ဓာတ်စာ ဖြစ်သလို ဈေးအသက်သာဆုံးနဲ့ အကောင်းဆုံး အိမ်တွင်းဆေးဝါးလည်း ဖြစ်ပါတယ်။