အခုလက်ရှိ ကိုယ်အလေးချိန်ဟာ သင်နဲ့ ကိုက်ညီသလားဆိုတာကို သိဖို့ ဆန်းစစ်လို့ရတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။
BMI တွက်နည်းကို အသုံးပြုပြီး သင့်ရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမောင်းဟာ ကိုက်ညီသလား၊ သင်ဟာ ပိန်သလား၊ ၀သလား ဆိုတာကို တွက်ကြည့်ကြရအောင်။
BMI = { ကိုယ်အလေးချိန် (ပေါင်) / အရပ်အမောင်း (လက်မ) x အရပ်အမောင်း (လက်မ) } x ၇၀၃
ပုံမှန်ကိုယ်အလေးချိန်အောက် - ၁၈.၅ နှင့် အောက်
အတန်အသင့် - ၁၈.၅ နှင့် ၂၄.၉ အတွင်း
အနည်းငယ်ဝ - ၂၅ နှင့် ၂၉.၉ အတွင်း
အဝလွန် - ၃၀ နှင့်အထက်
ဥပမာ - ကိုယ်အလေးချိန် ၁၂၀ ပေါင်၊ အရပ် ၅ ပေ ၄ လက်မ (၆၄ လက်မ) ဆိုရင် BMI = { ၁၂၀ / (၆၄)2 } x ၇၀၃ = ၂၀.၆ (ပုံမှန်ကိုယ်အလေးချိန်)