ကျွန်တော်တို့ Forever Donation Group မှာ လက်ရှိလုပ်ဆောင်နေတဲ့ donation activities အနေနဲ့ကတော့ Group Donation activityနှင့် Single Donation activity ဆိုပြီး(၂)မျိုးရှိပါတယ်။
Group Donation Activity ကိုတော့ FDGရဲ့ team membersတွေစုပေါင်းပြီး တစ်နှစ်မှာ တစ်ကြိမ်လုပ်လေ့ရှိပါတယ်။ လှူဒါန်းမဲ့နေရာကို voting systemနဲ့ရွေးချယ်ပြီး လှူဒါန်းမဲ့ရက်ကို Aprilလ နှစ်ဆန်းတစ်ရက်ကစပြီး လကုန်ရက်မတိုင်ခင်အတွင်း FDG team membersတွေထဲမှ လူဦးရေအများဆုံးလာနိူင်မယ့် ရက်ကိုဦးစားပေးရွေးချယ်ပြီး အလှူရက်အဖြစ်စီစဉ်လေ့ရှိပါတယ်။
Single Donation Activity ကိုတော့ FDGရဲ့ team membersတွေမှတစ်ဆင့် ငွေကြေး(သို့)ပစ္စည်း၊ဆေးဝါး လှူဒါန်းပေးရန်လိုအပ်နေသူများကို FDG Fundကိုအချိုးချ၍ အနည်းဆုံး ၁သောင်းမှ အများဆုံး ၅သောင်းအထိသတ်မှတ်ပြီး တစ်နှစ်ပတ်လုံးအကြိမ်ရေ အကန့်အသတ်မရှိ Fundအခြေအနေအပေါ်မူတည်ပြီး လှူဒါန်းပေးလေ့ရှိပါတယ်။