Forever Donation Group - FDG မှ Mindat စစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေ 10,000/- ကျပ်တိတိ ထည့်ဝင်လှူဒါန်းခဲ့ပါသည် ။ (11. Single Donation Activity)
Forever Donation Group - FDG မှ စစ်ဘေးရှောင်ပြည်သူများအတွက်ဆန် (၂) အိတ်စာအလှူအနေဖြင့် အလှူငွေ 52,000/- ကျပ်တိတိ ထည့်ဝင်လှူဒါန်းခဲ့ပါသည် ။ (10. Single Donation Activity)
လှူဒါန်းခဲ့သည့် Link: https://www.facebook.com/100004752060364/posts/1846609782174073/?d=n
CDM လုပ်နေသော မြန်မာ့မီးရထား ဝန်ထမ်းများအား (27.4.2021) တွင် ဆန်၊ ဆီ၊ကြက်သွန်၊ အချိုမှုန့်၊ ငါးခြောက် များသွားရောက်ထောက်ပံလှူဒါန်းမည့်အဖွဲ့သို့ Forever Donation Group - FDG မှ အလှူငွေ ၄၀,၀၀၀/- ကျပ်တိတိ ပါဝင်လှူဒါန်းခဲ့ပါသည်။ (9. Single Donation Activity)
Forever Donation Group-FDG ရဲ့ နှစ်ဦးအလှူအဖြစ် တောင်ဒဂုံ နှင့် သာကေတ မြို့နယ်များရှိ စားဝတ်နေရေး အဆင်မပြေသည့် မိသားစုများသို့ နှစ်ဆန်း (၂) ရက်နေ့ (18.4.2021) တွင် သွားရောက်လှူဒါန်းမည့်အဖွဲ့သို့ အလှူငွေ ၁၅,၀၀၀/- ကျပ်တိတိ ပါဝင်လှူဒါန်းခဲ့ပါသည်။ (8. Single Donation Activity)
တောင်ဒဂုံတွင် ပိုလျှင်လှူပါ လိုလျှင်ယူပါ campaign အလှူလုပ်ရန်အတွက် Forever Donation Group-FDG မှ 15,000/- ကျပ်လှူဒါန်းခဲ့ပါသည်။ (7. Single Donation Activity)
ရွှေပြည်သာမြို့နယ်ရှိ နွမ်းပါးသော အိမ်ထောင်စုများအတွက် ဧပြီလ ၁၀ရက်နေ့မှာ သွားရောက်လှူဒါန်းမည့် "ပြည်သူမှ ပြည်သူသို့ ပရဟိတအဖွဲ့" သို့ Forever Donation Group-FDG မှ 30,000/- ကျပ် ထည့်ဝင်လှူဒါန်းခဲ့ပါသည်။ (6. Single Donation Activity)
Marchလ 27ရက် တော်လှန်ရေးနေ့၌ စမ်းချောင်းမြို့နယ်ကျွန်းတောလမ်းအနီး စစ်အာဏာရှင်စနစ်ဖြုတ်ချရေး လူထုတိုက်ပွဲအတွင်း ဘယ်ဘက်ခြေထောက် ကျည်အစစ်ထိမှန်သဖြင့် ဒူးဆစ်အောက်ပိုင်းမှစ၍ ခြေဖျားအထိဖြတ်တောက်ခဲ့ရသော ရန်ကုန်တက္ကသိုလ် တတိယနှစ် သင်္ချာအထူးပြု ကျောင်းသား အစ်ကိုအောင်မြင်သူ အတွက် ဆေးဝါးကုသ ရာမှာအသုံးပြုရန် Forever Donation Group-FDG မှ 30,000/- ကျပ် ထည့်ဝင်လှူဒါန်းခဲ့ပါသည်။ (5. Single Donation Activity)
စစ်အာဏာရှင်စနစ်ကိုတော်လှန်ရင်း Marchလ 14ရက်နေ့ 2021တွင် ကျဆုံးသွားသော ကိုကြယ်စင်ဟိန်း၏မိသားစုအတွက် Forever Donation Group-FDG မှ 30,000/- ကျပ် ထောက်ပံကူညီပေးပေးခဲ့ပါသည်။ (4. Single Donation Activity)
မြောက်ဦးမြို့နယ် တိန်ညိုစစ်ဘေးရှောင်စခန်း အတွက် Forever Donation Group-FDG မှ 35,000/- ကျပ်လှူဒါန်းခဲ့ပါသည်။ (3. Single Donation Activity)
ဝေဘာဂီဆေးရုံတွင်အသုံးပြုရန် လိုအပ်နေသော PPEဝတ်စုံများနှင့် ဆေးဝါးများကို Octလ 1ရက်နေ့တွင် သွားရောက်လှူဒါန်းမည့် "Helping Hands Charity Group" သို့ Forever Donation Group-FDG မှ 50,000/- ကျပ် ထည့်ဝင်လှူဒါန်းခဲ့ပါသည်။ (2. Single Donation Activity)
အူမကြီးကင်ဆာဝေဒနာခံစားနေရသောလူနာတစ်ဦးအားဆေးဝါးကုသရန်အတွက် Forever Donation Group-FDG မှ 5,5000/- ကျပ် ကိုDr. Zaw Htet Aung ဆီမှတစ်ဆင့် ထည့်ဝင်လှူဒါန်းပေးခဲ့ပါသည်။ (1. Single Donation Activity)
Forever Donation Group - FDG မှ ရန်ကုန်ဆေးရုံကြီးအရိုးအကြောဌာနတွင် တက်ရောက်နေသောလူနာများအတွက် လူနာ(၃၃၃)ယောက်စာ lunch boxများလှူဒါန်းပေးခဲ့ပါသည်။ အလှူအတွက်အစစရာရာပြင်ဆင်သစ်ဦးအဟာရနေ့လည်စာအဖွဲ့ကိုလည်းကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ (2. Group Donation Activity)
Forever Donation Groupမှ ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင် မနက်၁၀မှစ၍ အအေးပိသာတစ်ရာ၄အိုးလှူခဲ့ပါသည်။ ညနေဘက်တွင်ငါးကြင်းအကောင်အလတ်အကောင်၂၀၀၊ အကောင်ကြီး၆ကောင်နှင့် ငှက်အကောင်၁၈ကောင် လွှတ်ခဲ့ပြီး ခိုစာ ငါးစာ လိပ်စာ များကျွေးမွေးခဲ့ပါတယ်။ အလှူဖြစ်မြှောက်ရန်ဝိုင်ဝန်းကူညီပေးကြသော FDG team membersများနှင့် ပေါင်းမြတ်သန့်ရှင်းရေးအသင်းကိုလဲကျေးဇူးအထူးတင်ရှိပါသည်။ (1. Group Donation Activity)