“ရခိုင်တိ့အတွက် အခမဲ့ အင်္ဂလိပ်စာ”
ရက် ၃၀ အတွင်း အခြေခံ 𝐆𝐫𝐚𝐦𝐦𝐚𝐫 ကိုလေ့လာနိုင်အောင် ပြုလုပ်ပီးထားဖို့ဖြိုက်ပါရယ်။ ရက် အလိုက် သင်ခန်းစာတိ့ကို တင်ပီးထားဖို့ ဖြိုက်ပီးကေ 𝐐𝐮𝐢𝐳 တိ့ကိုလေ့ ထည့်ပီးထားဖို့ပါ။ သင်ခန်းစာတိ့ လေ့လာပြီး တခါတည်း နားလည်/ မလည် စစ်ဆေးနိုင်ပါရယ်။ လောလောဆယ် စာနဲ့ပဲ တင်ပီးထားဖို့ပါ။ နောက်ပိုင်းမှ ဗီဒီယိုချေတိ့၊ အွန်လိုင်းကနီ သင်တန်းပုံစံတိုက်ရိုက် သင်ပီးနိုင်အောင်အထိ လုပ်ပီးလားပါဖို့။ လက်ဟိ့မာ လူအင်အားအရရော၊ လူမှုရေးကိစ္စတိ့နဲ့ မနိုင်နင်းသိ့လို့ပါ။ ယကေလေ့ သင်ခန်းစာနဲ့ ပတ်သက်ပြီး နားမလည်စော်ရှိကေ ကောမန့်မှာလေ့ မေးနိုင်ပိုင်၊ တိုက်ရိုက် စာပို့မေးထားလို့လေ့ ရအောင် ပြုလုပ်ပီးထားဖို့ပါ။ အဆင်ပြေယေ အချိန်ပြန်ရှင်းပြပီးလားပါမယ်။ ရက် ၃၀ သင်ပြီးခါ 𝐄𝐧𝐝 𝐓𝐞𝐬𝐭 ဖြေရပါဖို့။
𝐎𝐧𝐥𝐢𝐧𝐞 𝐀𝐩𝐩 တစ်ခုကို အသုံးပြုပြီးကေ စကားပြောလေ့ကျင့်လားရဖို့ အစီအစိုင်ပါ။ ပိုထိရောက်အောင် လူအကန့်အသတ်နဲ့ ပြုလုပ်ပီးထားပါဖို့။ ပါဝင်ချင်လူတိ့ကို ကြိုပြီး စာရင်းကောက်လားဖို့ ဖြိုက်ပြီးကေ 𝐉𝐨𝐢𝐧 ဖို့ 𝐋𝐢𝐧𝐤 ကို ပို့ပေးပါမယ်။ 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 လေ့ကျင်ရေအချိန်မှာ ကြီးကြပ်သူရှိဖို့ ဖြိုက်ပီးကေ တစ်နေ့နဲ့ တစ်နေ့ မတူညီရေခေါင်းစဥ် ၁ ခုရွေးချယ်ပါဖို့။ ပီးကေအတူတူ ဘေးကနီ ကူညီ လေ့ကျင့်ပီးလားဖို့ဖြိုက်ပါရယ်။ အပြော စွမ်းရည်တိုးတက်အောင် အထောက်အကူပြုဖို့ ရည်ရွယ်ပါရယ်။ နောက်ပိုင်းမှာ အင်္ဂလိပ်စာနဲ့ တိုက်ရိုက်ထိတွေ့နိုင်ရေ နေရာချေဖြိုက်အောင် ဖန်တီးလားပါဖို့သိမ့်။ အသေးစိတ်ကို နောက် 𝐏𝐚𝐠𝐞 မှာ ဖော်ပြပီးလားပါမယ်။