𝐄𝐀 စော် အင်္ဂလိပ်စာကို စိတ်ဝင်စားရေ သူငယ်ချင်းတိ့ စုပီးကေ တည်ထောင်ထားစော် ဖြိုက်ပါရယ်။ အားလုံးက အားရေအချိန်မှာ ကိုယ်သိထားရေ ဗဟုသုတချေတိ့ကို မျှဝေဖို့ပဲ ရည်ရွယ်ထားကတ်ပါရယ်။
ရခိုင်ပြည်မှာ လက်ဟိအင်္ဂလိပ်စာကို စနစ်တကျနဲ့ အခြေခံကနီ အလကားလေ့လာလို့ရရေ ပတ်ဝန်းကျင်တစ်ခု ဖန်တီးချင်လို့ဖြိုက်ပါရယ်။ ကိုယ်လူမျိုးတိ့ကို တစ်ဖက်တစ်လမ်းကနီ ကိုယ်တတ်တေပညာချေနဲ့ ကူညီချင်လို့ စတင်လိုက်စော်ပါ။ ပီးကေ အွန်လိုင်း စာသင်စော်ကိုလေ့ ပိုပီးကေ ရင်နှီးမှုရှိအောင်၊ အင်္ဂလိပ်စကားကို ပြောရဲဆိုရဲဖြိုက်အောင် တတ်နိုင်သလောက် ကူညီပီးချင်လို့ပါ။
ယင်းနဲ့ 𝐄𝐀 စော် ရခိုင်တိ့ အတွက် အင်္ဂလိပ်စာကို အခမဲ့ လေ့လာနိုင်ရယ် နေရာချေပါ။ နောက်ပိုင်း 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 ပိုင်းအထိ တိုးချဲလားဖို့ ရည်ရွယ်ထားပါရယ်။