Market A Hle Dan Street Food Market
မခိုင်ချိုရေ၊ လှည်းတန်း လမ်းဘေးဈေးတန်းအကြောင်း ပြောပြပါဦး ခင်ဗျ။
လှည်းတန်းဆိုတာက ဒါပေါ့နော် ရန်ကုန်မှာ ဆိုလို့ရှိရင် နိုင်ငံခြားသားတွေ ခရီးသွားတွေ လာတာက အစ လှည်းတန်းကို လာပြီဆိုတာနဲ့ ငါးကင် နာမည်ကြီးတယ်။ သူတို့ အရမ်းကြိုက်ကြတယ်။ ငါးကင်တို့ ပြီးလို့ရှိရင် ဆူရှီတို့၊ နောက်ပြီးရင် ဘာရှိသေးလဲ။ မာလာရှမ်းကောတို့ ဘာတို့၊ အစုံပဲ။ အဲ့မှာ နာမည်ကြီးတဲ့ အစားအစာတွေ သူတို့ ဖေးဗရိတ်တွေလည်း အများကြီးပဲ။ လှည်းတန်းကတော့ ညနေ မိုးချုပ်သွားရင်တောင်မှ စားစရာတွေ စုံနေတဲ့နေရာပေါ့နော်။
လှည်းတန်းက ဆိုင်တွေအပေါ် မခိုင်ချို ဘယ်လို ရီဗျူးပေးမလဲခင်ဗျ။
ရီဗျူးလေးပေးမယ်နော်။ အာ အရင်ဦးဆုံးတော့ ဈေးနှုန်းက စပြောမယ်ဆိုရင်တော့ ဈေးနှုန်းကတော့ လုံးဝ အားလုံးသိတဲ့အတိုင်း သက်သာတယ်။ ဖိုက်စတား ပေးလို့ရတယ်။ အဲ သန့်ရှင်းလတ်ဆတ်မှု အပိုင်းမှာတော့ နည်းနည်း အားနည်းတယ်လို့ ထင်တယ်။ သန့်ရှင်းမှု အပိုင်းမှာ။ သန့်ရှင်းအပိုင်းမှာတော့ သရီးစတားလောက်ပဲ ပေးချင်ပါတယ်။ နောက်ပြီးရင် ဈေးနှုန်းပြီးသွားပြီ။ ဪ အရသာ။ အရသာ ကတော့ ဖိုက်စတားပဲ ပေးချင်ပါတယ်။ အရသာ အရမ်းကောင်းပါတယ် ရှင့်။
Hi Ma Khine Cho, tell me about the Hle Dan street food market.
Hle Dan is of course if you're talking about Yangon, when foreigners and tourists come to the Hle Dan, it's famous for grilled fish. They like it very much. After grilled fish, sushi, and what else? Mala Shan Gaw and such. All variety. There are a lot of famous foods and their favorites. The Hle Dan is a place where there is plenty of food, even at night.
How do you give Ma Khaing Cho a review on the shops in the Hle Dan?
I will give you a review. First of all, if we talk about the price, the price is absolutely cheap as we all know. I can give a five star. I think it's a little weak in terms of cleanliness. In the cleanliness part … In terms of cleanliness, I would like to give only three stars. And then, the (the review on) price is done. Aw the taste. As for the taste, I would like to give a five star. The taste is very good.
Market B 19th Street Food Market
မခိုင်ချိုရေ၊ ၁၉ လမ်း လမ်းဘေးဈေးတန်းအကြောင်း ပြောပြပါဦး ခင်ဗျ။
နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ဆိုလို့ရှိရင် street food ဆိုင်တွေ၊ စည်ကားတဲ့လမ်းတွေ အများကြီး ရှိတယ်။ ခိုင်ချိုတို့ မြန်မာနိုင်ငံ၊ ရန်ကုန်မှာဆိုရင်တော့ ဒါ ၁၉ လမ်းကတော့ ဒါ နိုင်ငံခြားသားတွေကို ဆွဲဆောင်တယ်။ နောက်ပြီးတော့ လူငယ် လူရွယ်တွေ အားလုံးကို ညဘက်မှာ လာဖို့အတွက် ဆွဲဆောင်ထားတဲ့ နေရာကြီး တစ်ခုပါ။ ၁၉ လမ်းက အဓိကကလေ အကင်ဆိုင်တွေ ရှိတဲ့အပြင် အဲလို အသီးအနှံတွေ စုံနေတဲ့အတွက်ကြောင့်လေ လုံးဝ ဈေးတန်းလေးလို ဖြစ်သွားတာ။
၁၉ လမ်း ဆိုင်တွေအပေါ် မခိုင်ချို ဘယ်လို ရီဗျူးပေးမလဲခင်ဗျ။
အစားအသောက်ပိုင်းနဲ့ပြောရရင် အရသာကတော့ အရမ်းအရမ်းအရမ်းကြီးလည်း အဲလိုမျိုး ဟိုဟာ ဖြစ်တာမျိုး မရှိဘူး။ ခိုင်ချို ဖိုး စတားလောက်ပဲ ပေးမယ်။ အဲပြီးလို့ ရှိရင်၊ အရသာရယ်၊ ဈေးနှုန်း ... ဈေးနှုန်းလည်း ဖိုးစတားပဲ ပေးချင်ပါတယ်။ ဖိုး၊ ဖိုး ဖြစ်သွားပြီနော်။ သန့်ရှင်းမှု အပိုင်းကတော့ သန့်ရှင်း ပါတယ်။ အဲ အဲဒါလည်း ဖိုးစတားပဲ ပေးချင်တယ်။ ဖိုးဖိုးဖိုး ပါရှင့်။
ဒီဟာကလေ ၁၉ လမ်းကလေ ခိုင်ချိုတို့ ဒီ ရန်ကုန်မှာ ဒါ မြန်မာနိုင်ငံက လူတွေပဲ ကြိုက်ကြတာ မဟုတ်ဘူး။ နိုင်ငံတကာမှာဆိုလို့ရှိရင် ဘယ်လောက်တောင် နာမည်ကြီးသလဲဆိုတော့လေ နယူးယောက်တိုင်းမ်စ်ထဲ ဒီ 36 hours in Yangon အဲထဲမှာ ဆိုလို့ရှိရင် ဒီ ၁၉ လမ်း အကြောင်းကို ရေးထားတယ် သူတို့လေ သေချာလေး အဲတော့ ၁၉ လမ်းက လုံးဝ ကမ္ဘာမှာတောင် ကျော်နေပြီ။
Hi Ma Khine Cho, tell me about the 19th street food market.
In every country, there are street food shops and busy streets. Of course, Khaing Cho’s Myanmar, in Yangon, this 19th Street attracts foreigners. And it's a big place that attracts all the young and adult to come at night. 19th Street is the main street where there are grill-shops as well as fruits and vegetables, so it has somehow become like a market.
How do you give Ma Khaing Cho a review of the 19th Street shops?
In terms of food, the taste is very, very great, and there is no such (a wrong) thing . Khine Cho will only a four star. After that, the taste, and the price. In terms of price I would like to give four star. So now it is four, four. In terms of cleanliness, it is clean. For that I want to give a four star. So that’s four, four, four.
The 19th Street Market is a favorite place not just for the people of Myanmar. Internationally, the New York Times wrote about this 19th Street in its (article) “36 Hours in Yangon”. So, 19th Street is famous even in the world.
Alcohol
သတင်းတင်ဆက်သူ။ ။ မြန်မာနိုင်ငံမှာ အရက်သောက်သုံးမှု ပြဿနာဟာ လူကြီးတွေသာ မဟုတ်ဘဲ လူငယ်တွေ ကြားမှာ ပိုပြီး ဆိုးရွားလို့ လာနေပါတယ်။ လူစည်ကား ထင်ရှားတဲ့ တရုတ်တန်းလို နေရာမျိုးမှာ ဒီ လူငယ်တွေကို ဝေးဝေးလံလံ လိုက်ရှာနေစရာ မလိုပါဘူး။
ပြဿနာတွေထဲက တစ်ခုကတော့ ဝီစကီကို လွယ်လွယ်ကူကူ ဝယ်လို့ ရနေတာပဲ ဖြစ်ပါတယ်။ အခု ကျွန်မနဲ့အတူ ရှိနေတဲ့ ရှိနေတာတော့ အသက် ၁၂ နှစ်အရွယ် မောင်လေး ရဲဇော် ဆိုတာပဲ ဖြစ်ပါတယ်။
သူ့ကို ကျွန်မတို့က ဆိုင်တစ်ဆိုင်မှာ သွားပြီးတော့ ဝီစကီ သွားဝယ်ခိုင်းမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ပရိတ်သတ်တွေက ဆက်လက် ကြည့်ရှုပါနော်။
ကဲ မောင်လေး အဲဒါဆို သွားဝယ်လိုက်။ နော်။
Music
ဪ ... အေး ဝယ်လို့ ရလာလား။ အင်း လာ။
အခုလို အသက်မပြည့်သေးတဲ့ ကလေးတွေကို အခုလိုမျိုး ဆိုင်တွေမှာ အရက်တွေ ဝီစကီတွေကို လွယ်လွယ်ကူကူ ဝယ်လို့ ရနေတာ ဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဒါတွေဟာ ကျွန်မတို့ရဲ့ လူမှု ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ မှားယွင်းနေတာလား။
ဒီလို အကြောင်းအရာတွေ ဥပဒေ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ရှေ့နေ ဦးရောဘတ်စန်းအောင် နဲ့ အခုလို သွားရောက် မေးမြန်းသွားမှာပဲ ဖြစ်ပါတယ်။
ရှေ့နေ။ ။ ဒီ ယစ်မျိုး ဥပဒေရဲ့ နှစ်က ခန့်မှန်းခြေ ၇၀ အထက် ၁၀၀ နီးနီး ရှိပြီ။ ၁၀၀ လောက်ရှိပြီ။ အင်္ဂလိပ်က လုပ်ခဲ့တာ။ အဲတော့ အဲဒီတုန်းက အခြေအနေနဲ့ အခုအခြေအနေက ကွာခြားသွားပြီ။ အဲတော့ ဒီဟာကို ခေတ်နဲ့အညီ တိုးတက်အောင် အသစ် ပြန်ပြီး ရေးဆွဲရင် ပို ကောင်းမယ်။
အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုထင်အောင်လွင်ဟာ နေ့စဥ်ကြုံတွေ့နေရတဲ့ပြဿနာကတော့ အသက် မပြည့်သေးတဲ့လူငယ်တွေ နေ့စဥ်လိုလို သူ့ဆိုင်မှာ အရက်လာဝယ်ကြတာပဲ ဖြစ်ပါတယ်။
အရက်ဆိုင်ပိုင်ရှင်။ ။ အသက် ၁၈ နှစ် မပြည့်သေးတဲ့ကလေးတွေ အရက် လွယ်လွယ် ဝယ်လို့ရနေတာတော့ မကောင်းဘူးဗျ။ ကျွန်တော့် ဆိုင်မှာလည်း လာဝယ်နေတဲ့ ကလေးတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘယ်တော့မှ မရောင်းပါဘူး။ ဥပဒေကို လိုက်နာတဲ့အနေနဲ့ မရောင်းတာပါ။ နောက်တစ်ခုက ကျွန်တော့်မှာလည်း သားတွေ ရှိတယ်။ ကလေးတွေ အကုန်လုံးကို ဒီ ဘယ်လို ပြောမလဲ အရက်ဆိုင်တွေနဲ့ မရင်းနှီးစေချင်ပါဘူး။ အဲဒါကြောင့်ပါ။
သတင်းတင်ဆက်သူ။ ။ ရှင်းပါတယ်။ နှစ်ကြာနေပြီဖြစ်တဲ့ ဒီ ဥပဒေဟာ ကလေးငယ်တွေ အရက်မဝယ်နိုင်အောင်လို့ မတားဆီးနိုင်ပါဘူး။ အရက်ဆိုင်ရဲ့ ဆိုင်ပိုင်ရှင်တွေက ကိုဌေးအောင်လွင်လိုသာ စိတ်သာ တွေးကြမယ် ဆိုလို့ရှိရင်တော့ ဒီ ပြဿနာတွေက မှေးမှိန်သွားမှာပါ။ တကယ်တော့ ဒီ ပြဿနာတွေ အားလုံး ပျောက်ကင်းသွားဖို့အတွက် ဆိုလို့ရှိရင်တော့ ပေါ့နော် ဒီ ဥပဒေကို ပြင်ဆင်သွားဖို့က အရေးအကြီးဆုံး ပါပဲ ရှင်။
News presenter: In Myanmar, the problem of alcohol consumption is not only among adults, but among young people. You don't have to look far and wide for these young people in places like Chinatown, which is famous and packed.
One of the problems was that whiskey was easily available. The one who is with me now is 12-year-old little brother Ye Zaw. We would ask him to go to a shop and buy whiskey. So, what will happen next, please continue to watch.
Now bro, go buy it.
Music
Aw ... can you buy it? Come on.
It is in such shops where underaged children can easily buy alcohol and whiskey. Are these things wrong with our society?
I am going to visit and ask lawyer U Robert San Aung about these legal issues.
Lawyer: This excise law is approximately over 70 years old and almost 100 years old. It is about 100 (year old). The English did it. The situation then and the situation now are different. So, it would be better if we write a new one to improve it with the times.
The problem that 32-year-old Ko Tin Aung Lwin faces on a daily basis is that underaged young people come to buy alcohol at his shop almost every day.
Liquor shop owner: It is not good that children under the age of 18 can easily buy alcohol. There are also children who come to my shop (to buy alcohol). But I never sell. I am not selling it as a matter of obeying the law. Another thing is that I also have sons. I don't want all the children to become accustomed with these pubs. That's why.
News presenter: It is obvious. This law, which has been in place for years, cannot prevent children from buying alcohol. If the owners of the liquor store would think like Ko Htay Aung Lwin, these problems would fade away. In fact, in order to eliminate all these problems, the most important thing is to amend this law.
Coup and Economy
သတင်း တင်ဆက်သူ (အမျိုးသမီး)။ ။ကဲ ပထမဦးဆုံး အနေနဲ့ပေါ့နော်၊ ဆရာဦးတင်မောင်သန်းကို အရင်ဆုံး မေးမြန်းချင်ပါတယ်ရှင့် ဆရာ။ အဲဒီတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တစ်ရက်နေ့ကနေပြီးတော့ တပ်မတော်က အာဏာသိမ်းသွားတဲ့ အတွက် ကြောင့်မို့လို့ ကျွန်မတို့ လက်ရှိမှာ အခက်အခဲတွေ အကျပ်အတည်းတွေ အများကြီး ရိုက်လာတယ်။ အဲဒီ အထဲမှာပဲ အခု အမေရိကန်နိုင်ငံကပေါ့နော် ဆန်ရှင် ချမှတ်လိုက်တာတွေ ရှိတယ်။ အဲတော့ ဒါနဲ့ပတ်သက်ပြီးတော့ စီးပွားရေး အလားအလာတွေက ဘယ်လို ဖြစ်လာမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ဆရာ ပထမဦးဆုံး ဆွေးနွေးပေးပါဆရာ။
ဆွေးနွေးသူ (အမျိုးသား)။ ။ ယေဘုယျ အားဖြင့်တော့ အခု ပိတ်ဆို့ အရေးယူတယ်ဆိုတာကတော့ ပစ်မှတ်ထားပြီး ပေါ့နော်။ တပ်မတော်ခေါင်းဆောင်တွေကိုနဲ့ တပ်မတော်ကို စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားပြီးတော့ပေါ့ပဲ ပိတ်ဆို့ အရေးယူတာပါ။ ဆိုတော့ ပုဂ္ဂလိက ကဏ္ဍနဲ့ တခြား ပြည်သူလူထုအပေါ် သက်ရောက်မယ့် ပိတ်ဆို့အရေးယူမှုမျိုးတော့ မချပါဘူး။ ဒါကြောင့်မို့ အရင်တုန်းကလို အကုန်လုံး ကျယ်ကျယ်ပြန့်ပြန့်ကြီး ချလိုက်တဲ့ဟာမျိုး မဟုတ်တဲ့အတွက်ကြောင့် မို့လို့ စီးပွားရေးအပေါ်မှာ သက်ရောက်မှုကတော့ တိုက်ရိုက်အနေနဲ့ မရှိနိုင်ဘူး။ သွယ်ဝိုက်သောနည်းအားဖြင့်တော့ ရှိနိုင်တယ်။ ဘာလဲဆိုတော့ မြန်မာနိုင်ငံ အပေါ်မှာ ယုံကြည်မှု ကင်းမဲ့သွားတဲ့အနေအထားပေါ့နော်။ လာရောက် ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားကရော ပြည်တွင်းမှာ ရှိနေတဲ့ ပြည်သူလူထုတွေ၊ စီးပွားရေး သမားတွေ ကိုယ်နှိုက်ကကော ယုံကြည်မှု ပျက်ပြားသွားတယ်။ အဲဒီ ပျက်ပြားသွားတဲ့အတွက်ကြောင့်မို့လို့ စီးပွားရေး တည်ငြိမ်မှု အပေါ်မှာ သွားပြီး သက်ရောက်မှု သွားပြီး ရှိနိုင်တယ်။ ဈေးနှုန်းတွေ အပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်။ ဒါကတော့ ချက်ချင်း လက်ငင်း ရမယ့်ကိစ္စပေါ့နော်။
ဒုတိယကတော့ လက်ရှိ အာဏာသိမ်း စစ်ကောင်စီက အင်္ဂလိပ်လိုတော့ performance legitimacy ဆိုပြီး ပြောကြတယ်ပေါ့နော်။ ဆိုတော့ အဲဒီလို ဟာတွေ လုပ်ပြရမယ်။ လုပ်ပြတယ်ဆိုတာ ပိုက်ဆံ မရှိဘဲ လုပ်ပြလို့ မရဘူး။ အဲ မရှူလည်း မရှောင်သာ ငွေကလည်း မရှိဘူး။ နိုင်ငံခြား ဆက်ဆံမှုအရ ကုန်သွယ်မှု အနေအထားတွေကလည်း အရင်လို ကောင်းမလာဘူးဆိုလို့ရှိရင် ကျွန်တော်တို့ ရှိတဲ့ငွေ ဆွဲထုတ်သုံး၊ ဒါမှမဟုတ်ရင် ချေးငှားပေ့ါ။ ချေးလို့ ငှားလို့ကလည်း ခက်မယ်ဆိုလို့ရှိရင် နောက်ဆုံးတော့ ငွေရိုက်ထုတ်တဲ့ကိန်းကို ပြန်ပြီး ဆိုက်သွားနိုင်တယ်ပေါ့နော်။ ဆိုတော့ ဒါရဲ့ အကျိုးဆက်တွေကိုလည်း နှစ်ကြာလာတာနဲ့အမျှ တွေ့လာရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
News presenter (F): Now, first of all, I would like to ask Saya U Tin Maung Than first. So, since last February 1st, because of the military coup, we are currently facing a lot of difficulties and crises. Among them, there are sanctions imposed by the United States. So, first of all, let's talk about what the economic prospects will be like.
Discussant (M): In general, the current sanctions are targeted. Military leaders and military businesses are being sanctioned. Therefore, there will be no sanctions that will affect the private sector and other public. That's why it's not like it's been widely implemented like in the past, so the impact on the economy can't be direct. Indirectly, there may be. Because the situation is like the lack of trust on Myanmar. Trust from foreign and local people and business people has been broken. Because of this failure, it may affect the stability of the economy. Prices may be affected. This is an immediate issue.
Second, the current military council, in English it is called ‘performance legitimacy’ .. so (the military council) must show and perform. But they (the military council) can't do it without money. In case there is no money, and in terms of foreign relations, if the trade conditions are not as good as before, (the military council) must spend the money they have. Or borrow it. If it is difficult to borrow (money), then finally it can go back to the situation again to print out the money. Therefore, it is expected that the consequences of this will be seen as the years go by.