"အနံ့ဆိုးများကင်းစင်အောင် ရွှေတောင်ကြီးကိုဆောင်"


About US

နိုင်ငံ၏ National Landmark တစ်ခုဖြစ်သည့် အင်းလေးကန် ရေထုညစ်ညမ်းမှု လျှော့ချနိုင်ရေး လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် အိမ်သာစနစ်ကို အကောင်ထည်ဖော်ခဲ့ပြီး Septic Tank အတွင်းရှိ ရေဆိုးရေညစ်များကို အကျိုးပြုဇီဝ Bacteria များ အသုံးပြုသန့်စင်ရေး ဆောင်ရွက်ရာမှ အနံ့ဆိုးပျောက် ရေဆိုးရေညစ်သန့် သဘာဝသန့်စင်ရည်ထုတ်လုပ်သည့် ရွှေပြည်အင်အား ကုမ္ပဏီ ဖြစ်ပေါ်လာပါသည်။

၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် Cyclone Nargis မုန်တိုင်းကြောင့် ရေထုညစ်ညမ်း ပျက်စီးခဲ့သော ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်တွင် ရန်ကုန်တက္ကသိုလ်မှ ပညာရှင် (၁၈)ဦး ပါဝင်သည့် EKTA အဖွဲ့မှ ရွှေတောင်ကြီး အနံ့ဆိုးပျောက် ရေဆိုးရေညစ်သန့်စင်ရည်ကို အသုံးပြု၍ ရေညစ်ညမ်းမှုကို လက်တွေ့သန့်စင်ခဲ့ပြီး အနံ့ဆိုးများနှင့် ရောဂါဆိုးများကို သန့်စင်ပေးနိုင်ခဲ့သဖြင့် (Bio-remediation) သဘာဝယိုယွင်းပျက်စီးမှုများကို သဘာဝနည်းစဉ်အသုံးပြု၍ ကုသသန့်စင်နိုင်ကြောင်း စာတမ်းရေးသား ဖေါ်ထုတ်ချက်အရ ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန် ထုတ်လုပ် ဖြန့်ဖြူးခဲ့ခြင်း ဖြစ်ပါသည်။

ရွှေတောင်ကြီး ၅၀၀စီစီ ပုလင်းသေး

ရွှေတောင်ကြီး ဇီဝကြက်ချေးဆွေး‌သဘာဝမြေဩဇာ

ရွှေတောင်ကြီးအနံ့ဆိုးပျောက်ရေဆိုးရေညစ်သန့်သဘာဝသန့်စင်ရည်

ရွှေတောင်ကြီးအနံ့ဆိုးပျောက် ရေဆိုးရေညစ်သန့် သဘာဝသန့်စင်ရည်ကို ဂျပန်နိုင်ငံ၏ အဆင့်မြင့် ဇီဝ နည်းပညာ (Biotechnology) ဖြင့် ရေထု၊ မြေထု၊ လေထုညစ်ညမ်းမှုကို ချေဖျက်ပေးနိုင်သော သဘာဝ ပတ်ဝန်း ကျင်ရှိ အကျိုးပြု အဏုဇီဝပိုးငယ်များကို စနစ်တကျ မွေးမြူပွားများ ထုတ်လုပ်ထားခြင်း ဖြစ် ပါသည်။ အကျိုးပြုအဏုဇီဝပိုးငယ်များဖြင့် သဘာဝဖြစ်စဉ်အတိုင်း ထုတ်လုပ်ထားပြီး ဓာတုပစ္စည်းများ လုံးဝမပါဝင်သောကြောင့် လူနှင့်တိရစ္ဆာန်ကို ထိခိုက်မှုမရှိစေဘဲအနံ့ဆိုးကင်းစင်၍သန့်ရှင်းသောပတ်ဝန်း ကျင်ကိုဖန်တီးပေးနိုင်ပါသည်။ 

ရွှေတောင်ကြီးကိုဘယ်လိုနေရာတွေမှာအသုံးပြုနိုင်သလဲ

အနံ့ဆိုးထွက်ရှိသောနေရာများ၊မီဖိုးချောင်၊အိပ်ခန်း၊ဧည့်ခန်း၊စတိုခန်း၊ကြမ်းခင်း၊နံရံ၊ရေဆိုးမြောင်း၊ရေလှောင်ကန်၊ရေတွင်း၊ရေကန်၊အမှိုက်ကန်၊အမှိုက်ပုံး၊တိရစ္ဆာန်လှောင်အိမ်နှင့်အညစ်အကြေးများ၊မှိုနံ့စွဲသောနေရာများ၊အိမ်သာ၊မိလ္လာကန်၊စက်ရုံ၊အလုပ်ရုံများမှစွန့်ပစ်ရေဆိုးရေညစ်များ/ မွေးမြူရေးခြံများ 

ရွှေတောင်ကြီးသဘာဝသန့်စင်ရည်အသုံးပြုခြင်းဖြင့်ရရှိနိုင်သောအကျိုးအာနိသင်များ

မွေးမြူရေးခြံတွင် အသုံးပြုခြင်းအကျိုးကျေးဇူး

ရွှေတောင်ကြီးဇီဝကြက်ချေးဆွေး သဘာဝမြေဩဇာ အသုံးပြုခြင်းအကျိုးကျေးဇူး

ရွှေတောင်ကြီးဇီဝကြက်ချေးဆွေး သဘာဝမြေဩဇာ

ဓါတု မြေဩဇာများအလွန်အကျွံသုံးစွဲမှုကြောင့် စိုက်ပျိုးမြေများတွင်ဆားငံပေါက်ခြင်း၊ အကျိုးပြု အနုဇီဝပိုးများသေ ကြေပျက်ဆီးမှု့များဖြစ်ပေါ်လျက်ရှိကာ သီးနှံအထွက်နှုန်းကျဆင်းခြင်း၊ သီးနှံအရည်အသွေးကျဆင်းခြင်းများဖြစ်ပေါ်လျက်ရှိပါသည်။စိုက်ပျိုးမြေများပျက်စီးမှုကို ပြန်လည်ကုစားရေးအတွက် သဘာဝမြေဩဇာများ အသုံးပြုခြင်း၊ စိုက်ပျိုးမြေအတွင်းသို့ အကျိုးပြုအဏုဇီဝနှင့် အကျိုးပြုမှိုများထည့်သွင်းခြင်း ဖြင့်ဆောင်ရွက်သွားရန်လိုအပ်ပါသည်။ရွှေတောင်ကြီး ဇီဝကြက်ချေးဆွေးသဘာဝမြေဩဇာသည် ကြက်ချေး၊ သစ်ရွက်စိမ်း၊ စပါးခွံများဖြင့် ရောနှောပြီး အကျိုးပြုအနုဇီဝပိုးများနှင့် မှိုများကို ထည့်သွင်း၍ ဆွေးမြေ့စေသည့်နည်းလမ်းဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။အဓိကအားဖြင့် ပုံမှန်သုံးစွဲခြင်းဖြင့် ပျက်စီးနေသည့်မြေများကို မြေဆီဩဇာပြန်လည်ကောင်းမွန်စေရး ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သော်လည်း အပင်ကြီးထားနှုန်း ကောင်းမွန်ရေး ဓါတုမြေဩဇာဖြင့် ရောနှောအသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်သက်သာစွာဖြင့် အကျိုးရလဒ်ကောင်းအများရရှိလာမည်ဖြစ်ပါသည်။

အကျိုးကျေးဇူးများ

အသုံးပြုပုံ

ပါဝင်ပစ္စည်းများ