U Tin Win Aung
Chair Man of Shwe Pyi Inn Ahr Co., Ltd
U Tin Win Aung
Chair Man of Shwe Pyi Inn Ahr Co., Ltd
နိုင်ငံ၏ National Landmark တစ်ခုဖြစ်သည့် အင်းလေးကန် ရေထုညစ်ညမ်းမှု လျှော့ချနိုင်ရေး လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် အိမ်သာစနစ်ကို အကောင်ထည်ဖော်ခဲ့ပြီး Septic Tank အတွင်းရှိ ရေဆိုးရေညစ်များကို အကျိုးပြုဇီဝ Bacteria များ အသုံးပြုသန့်စင်ရေး ဆောင်ရွက်ရာမှ အနံ့ဆိုးပျောက် ရေဆိုးရေညစ်သန့် သဘာဝသန့်စင်ရည်ထုတ်လုပ်သည့် ရွှေပြည်အင်အား ကုမ္ပဏီ ဖြစ်ပေါ်လာပါသည်။
၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် Cyclone Nargis မုန်တိုင်းကြောင့် ရေထုညစ်ညမ်း ပျက်စီးခဲ့သော ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်တွင် ရန်ကုန်တက္ကသိုလ်မှ ပညာရှင် (၁၈)ဦး ပါဝင်သည့် EKTA အဖွဲ့မှ ရွှေတောင်ကြီး အနံ့ဆိုးပျောက် ရေဆိုးရေညစ်သန့်စင်ရည်ကို အသုံးပြု၍ ရေညစ်ညမ်းမှုကို လက်တွေ့သန့်စင်ခဲ့ပြီး အနံ့ဆိုးများနှင့် ရောဂါဆိုးများကို သန့်စင်ပေးနိုင်ခဲ့သဖြင့် (Bio-remediation) သဘာဝယိုယွင်းပျက်စီးမှုများကို သဘာဝနည်းစဉ်အသုံးပြု၍ ကုသသန့်စင်နိုင်ကြောင်း စာတမ်းရေးသား ဖေါ်ထုတ်ချက်အရ ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန် ထုတ်လုပ် ဖြန့်ဖြူးခဲ့ခြင်း ဖြစ်ပါသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်နှင့် ဓာတုကင်းလွတ်၍ အရည်အသွေး ပည့်ဝပြီး ကုန်ကျမှု သက်သာသော ဇီဝနည်းပညာသုံး ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရန်
•ဇီဝနည်းပညာသုံး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် လူသုံးကုန်ပစ္စည်းများ စသည့် ဇီဝထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူးရန်
•ဓာတုဆိုးကျိုးများဧ။်အန္တရာယ်ကို ပြည်သူများနားလည်သဘောပေါက်လာပြီး သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသော ဇီဝနည်းပညာသုံး ထုတ်ကုန်များကို အသုံးပြုနိုင်စေရန်
•သုံးစွဲသူများ ကုန်ကျစရိတ်သက်သာစွာ နှင့် လွယ်ကူစွာအသုံးပြုနိုင်စေရန်
•ရေရှည်တည်တံ့ ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရန်
Milestones Development