မြန်မာစာတန်းခွဲများ ကို သင်ကြားမည့် သင်တန်းချိန်၊ သင်ခန်းစာများ နှင့် သင်တန်းသားများကို အခြေခံ၍ အောက်ပါ အတိုင်း ခွဲခြားထားပါသည်။
သင်တန်းချိန်အရ အတန်း ( ၂ ) မျိုးရှိပါသည်။
၅ နာရီ အတန်းများ ( တနင်္ဂနွေ ညနေ ၅:၀၀ − ၆:၃၀ )
၃ နာရီ အတန်းများ ( တနင်္ဂနွေ ညနေ ၃:၀၀ − ၅:၃၀ )
၅းဝဝ မှ ၅း၃၀ အချိန်သည် ဘုရားဝတ်တက်ရန်၊ ယဉ်ကျေးလိမ္မာ တရားစကားများကို နာကြားရန် ကျောင်းသူ ကျောင်းသားတိုင်း မပျက်မကွက် တက်ရောက်ရမည့် အချိန်ဖြစ်ပါသည်။
၅ နာရီ အတန်းများ
၅ နာရီ အတန်းများသည် မြန်မာဘာသာစကားနှင့် မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတို့ကို စိတ်ပါဝင်စားစွာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး လေ့လာသင်ယူနေသော အတန်းများ ဖြစ်ပါသည်။ BBT မြန်မာစာအတန်းများ၏ ပင်မ ရေသောက်မြစ်အတန်းများ ဟုဆိုနိုင်ပါသည်။
၅ နာရီ အတန်းများကို သင်ကြားပေးမည့် သင်ခန်းစာများအရ အောက်ပါအတိုင်း ခွဲခြားထားပါသည်။
Class 1A (Room-2) - (more information)
သင်ခန်းစာ − ပထမတန်း မြန်မာဖတ်စာ (၂၀၁၇−၂၀၁၈) (here) ပါ က မှ အ ဗျည်း ၃၃ လုံး ၊ သရ ၁၂ လုံး ၊ ကဗျာများ ၊ အတန်းတွင်း ညွှန်ကြားချက်များ။
Class 2A (Room - 3) - (more information)
သင်ခန်းစာ − ပထမတန်း မြန်မာဖတ်စာ (၂၀၁၇−၂၀၁၈) (here) အ အာ အား သရများမှ အန် အန့် အန်း သရများ အထိကို အခြေခံသော သင်ခန်းစာများ။
Class 2B (Room - 4) - (more information)
သင်ခန်းစာ − ပထမတန်း မြန်မာဖတ်စာ (၂၀၁၇−၂၀၁၈) (here) အို အို့ အိုး သရများ မှ ဝဆွဲဟထိုး ရရစ်ဝဆွဲဟထိုး ဗျည်းတွဲများ အထိကို အခြေခံသော သင်ခန်းစာများ။
Class 3A (Room - 5) - (more information)
သင်ခန်းစာ − ဒုတိယတန်း မြန်မာဖတ်စာ (၂၀၁၈−၂၀၁၉) (here) အင် အင့် အင်း အသတ်များ သင်ခန်းစာမှ အွန် အွန့် အွန်း အသတ်များ သင်ခန်းစာအထိကို အခြေခံသော သင်ခန်းစာများ။
Class 3B (Room - 6) - (more information)
သင်ခန်းစာ − ဒုတိယတန်း မြန်မာဖတ်စာ (၂၀၁၈−၂၀၁၉) (here) အက် အသတ်များ သင်ခန်းစာမှ အုတ် အုပ် အသတ်များ သင်ခန်းစာအထိကို အခြေခံသော သင်ခန်းစာများ။
Class O-Level Preparation (Room - 7 & 8 ) - (more information)
GCE O-Level Burmese (Syllabus 3249) ဖြေဆိုရန် ပြင်ဆင်မှုများ ပြုလုပ်ပေးသည့် သင်ခန်းစာများ။
၃ နာရီ အတန်းများ
၃ နာရီ အတန်းများသည် မြန်မာဘာသာစကားနှင့် မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတို့ကို မိဘများနှင့် ဆရာ/ဆရာမများ အတန်းစည်းကမ်းများ သတ်မှတ် ပြဌာန်းကာ အင်တိုက်အားတိုက် ပူးပေါင်းသင်ယူနေကြသော အတန်းများ ဖြစ်ပါသည်။ မိဘများ၏ ပါဝင်ကူညီနိုင်မှု ၊ လုပ်အားပေးဆရာ/ဆရာမများ ကူညီနိုင်မှုပေါ်မူတည်၍ အတန်းများကို ဖွဲ့စည်းထားပါသည်။ ၅ နာရီ အတန်းများကဲ့သို့ အမြဲပုံမှန် ရှိနေသော အတန်းများ မဟုတ်ပါ။
၃ နာရီ အတန်းများတွင် တက်ရောက်လိုပါက အကြမ်းဖျင်းအားဖြင့် အောက်ပါ အချက်အလက်များနှင့် ပြည့်စုံဖို့လိုပါသည်။
တက်ရောက်လိုသော ကျောင်းသူ/သား သည် အတန်းဝင်ခွင့် စာမေးပွဲကို ဝင်ရောက်ဖြေဆို အောင်မြင်ရမည်။
တက်ရောက်လိုသော ကျောင်းသူ/သား သည် အတန်းမှန်မှန်တက်နိုင်ရမည်။ အချိန်မှန်မှန်လာနိုင်ရမည်။
တက်ရောက်လိုသော ကျောင်းသူ/သား သည် အတန်းက ပေးသော အိမ်စာကို မှန်မှန် လိုက်လုပ်နိုင်ရမည်။
တက်ရောက်လိုသော ကျောင်းသူ/သား၏ မိဘများသည် မိမိကလေး၏ သင်ယူရေး လိုအပ်ချက်များကို ဖြည့်စွမ်းပေးနိုင်ရမည်။ (ဝိုင်းကူ သင်ပေးနိုင်ရမည်။)
အတန်းစာမေးပွဲများကို ဝင်ရောက်ဖြေဆိုရမည်။
၃ နာရီ အတန်းများကို သင်ကြားပေးမည့် သင်ခန်းစာများအရ အောက်ပါအတိုင်း ခွဲခြားထားပါသည်။
Class 2C (Room - 2) - (more information)
သင်ခန်းစာ - ပထမတန်း မြန်မာဖတ်စာ (၂၀၁၇−၂၀၁၈) (here) ကိုအခြေခံသော သင်ခန်းစာများ။
မှတ်ချက် - K2 နှင့်အထက် ကလေးများအတွက် သင့်လျော်ပါသည်။
Class 2D (Room - 1) - (more information)
Class 2C တန်းခွဲ ဖြစ်သည်။
သင်ခန်းစာ - ပထမတန်း မြန်မာဖတ်စာ (၂၀၁၇−၂၀၁၈) (here) ကိုအခြေခံသော သင်ခန်းစာများ။
မှတ်ချက် - K2 နှင့်အထက် ကလေးများအတွက် သင့်လျော်ပါသည်။
အချိန် ညနေ ၄း၀၀ − ၆း၃၀
Class 3C (Room - 3) - (more information)
သင်ခန်းစာ - ဒုတိယတန်း မြန်မာဖတ်စာ (၂၀၁၈−၂၀၁၉) (here) ကိုအခြေခံသော သင်ခန်းစာများ။
မှတ်ချက် - P1 နှင့် အထက် ကလေးများအတွက် သင့်လျော်ပါသည်။
ပထမတန်း မြန်မာဖတ်စာ(၂၀၁၇ − ၂၀၁၈) ကို သင်ကြားတတ်မြောက်ပြီးသော ကလေးများ ဖြစ်ရပါမည်။
Class 3E (Room - 4) - (more information)
သင်ခန်းစာ - ဒုတိယတန်း မြန်မာဖတ်စာ (၂၀၁၈−၂၀၁၉) (here) ကိုအခြေခံသော သင်ခန်းစာများ။
မှတ်ချက် - အများစုသည် Upper Primary Level နှင့်အထက် ကလေးများ ဖြစ်ကြပါသည်။
ပထမတန်း မြန်မာဖတ်စာ(၂၀၁၇ − ၂၀၁၈) ကို သင်ကြားတတ်မြောက်ပြီးသော ကလေးများ ဖြစ်ရပါမည်။
Class 4A (Room - 6) - (more information)
သင်ခန်းစာ - တတိယတန်း မြန်မာဖတ်စာ (၂၀၁၉−၂၀၂၀) (here) ကိုအခြေခံသော သင်ခန်းစာများ။
မှတ်ချက် - အများစုသည် P2 နှင့်အထက် ကလေးများ ဖြစ်ကြပါသည်။ ပထမတန်း မြန်မာဖတ်စာ(၂၀၁၇ − ၂၀၁၈) နှင့် ဒုတိယတန်း မြန်မာဖတ်စာ (၂၀၁၈ − ၂၀၁၉) ကို သင်ကြားတတ်မြောက်ပြီးသော ကလေးများ ဖြစ်ရပါမည်။
Class 4B (Room - 5) - (more information)
သင်ခန်းစာ - စာပိုဒ်စကားပြေများ အခြေပြုသော သင်ခန်းစာများ
မှတ်ချက် - အများစုသည် Upper Primary Level နှင့် အထက် ကလေးများ ဖြစ်ကြပါသည်။
ပထမတန်း မြန်မာဖတ်စာ(၂၀၁၇ − ၂၀၁၈) နှင့် ဒုတိယတန်း မြန်မာဖတ်စာ (၂၀၁၈ − ၂၀၁၉) ကို သင်ကြားတတ်မြောက်ပြီးသော ကလေးများ ဖြစ်ရပါမည်။