ရန်ကုန်ဗားကရာချောက်ရဲ့ လူမသိကြသေးသောသမိုင်းကြောင်း (သို့)နှစ်ပေါင်း ၁၀၀ကျော် သက်တမ်း ရှိပြီ ဖြစ်သော ဗားကရာ ချောက်
ဗားကရာ ဆိုတဲ့အမည်ဟာ “ဘာ့က်ရ်” မွန်အမည်က ဆင်းသက်လာတာဖြစ်ပြီး ခရာတော ဆူးခြုံတောပေါက်ရာ ချောက် ဟု အဓိပ္ပါယ် ရပါတယ်။ ကြည့်မြင်တိုင် နဲ့ စမ်းချောင်း မြို့နယ် အစပ် ဗားကရာချောက်ဝန်းကျင်ဟာ ခရာပင်တွေ၊ ဆူးခြုံတွေ၊ ဒီရောက်ပင်တွေ ပေါက်ရောက်ရာ ဒီရေအတက်အကျရှိခဲ့တဲ့ နေရာကြီးပါ။
ကုန်းဘောင်ခေတ် မြန်မာဘုရင်တွေ အုပ်ချုပ်စဉ်ကအထိ တကယ့် စိမ့်ကြီးမြိုင်ကြီးတွေနဲ့။ ခံတပ်မြို့တောင် လုပ်ခဲ့သေးဆိုပဲ။ အဲ့ဒီတုန်းကတော့ အလောင်းမင်းတရား အုပ်ချုပ်နယ်အဖြစ် ရွှေတိဂုံကို မူတည်သတ်မှတ်ရာမှာ “အနောက်တောရကြီး” လို့ သတ်မှတ်ခဲ့တဲ့အရပ်ပေါ့။
အနောက်တောရကြီးဆိုတာ ဗားကရာကို အဓိကထား သတ်မှတ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ အခုတော့ အလယ်တောရနဲ့ ကြားတောရလောက်ပဲ အသုံးရှိတော့တယ်။ ကျန်တောရတွေ ပျောက်သွားခဲ့ပါပြီ။ ဗားကရာချောက်ဟာ သဘာဝအလျောက် ဖြစ်ပေါ်လာခဲ့တဲ့ ချောက်တခုပါ။ လူလုပ်တဲ့ချောက်တော့ မဟုတ်ဘူး။
ဒါကလည်း တချိန်တုန်းက သိင်္ဂုတ္တရကုန်းရဲ့ တောင်စွယ်က စမ်းချောင်း မြေနီကုန်းအထိ ရောက်ခဲ့တာကိုး။ မြေနီကုန်းဆိုတာ ဟိုအရင်က တောင်ကမူတခုပဲ။ ရန်ကုန်မြို့သစ်တည်ခဲ့တဲ့အချိန် ရန်ကုန်မြို့တွင်း အင်းတွေ အိုင်တွေ ချောက်တွေ ဖို့ဖို့ မြေနီကုန်းကမြေတွေ သယ်ထုတ်ရာက ကမူတွေ ကုန်းတွေပျောက်ပြီး အခုအခြေနေမျိုးအထိ ဖြစ်လာခဲ့တာ။
မြေနီကုန်းကမြေတွေကို သယ်ဖို့ အရင်ဆုံး ဟုမ်းလမ်း အထိ မီးရထားလမ်းကို အရင်ဖောက်ရတယ်လို့ ဆိုကြတယ်။ မြေနီကုန်းအရပ်ကနေ လှည်းတွေနဲ့ မြေနီတွေသယ်ပြီး ရထားရှိရာ ဟုမ်းလမ်းကို ပို့ရတယ်။ ဟုမ်းလမ်းကတဆင့် ရထားတွဲတွေနဲ့ သယ်ယူတယ်လို့ ဆိုပါတယ်။
“ဟုမ်းလမ်း” ဆိုတာ အဲဒီ ရထားလမ်းဖောက်ခဲ့တဲ့ အင်ဂျင်နီယာ Hume ရဲ့အမည်ပါ။ နောက်အင်ဂျင်နီယာက Innis ဖြစ်တယ်။ ဒါကြောင့် ရထားလမ်းရဲ့ အနောက်ဘက်ပိုင်းကို အင်းနစ်လမ်းလို့ခေါ်ပြီး အရှေ့ဘက်လမ်းပိုင်းကို ဟုမ်းလမ်းလို့ ခေါ်ခဲ့ကြတာ။ အခုတော့ အဲဒီလမ်းနှစ်ခုကိုပေါင်းပြီး ပန်းလှိုင်လမ်းရယ်လို့ ဖြစ်သွားရော။ သူတို့နှစ်ယောက်လုံးက ရထားလမ်းတည်ဆောက်ခွင့် ကန်ထရိုက်ရတဲ့ The Irrawady Velley State Railway Co. ရဲ့ ဦးဆောင်အင်ဂျင်နီယာပေါ့။
ရန်ကုန်ကနေ ပြည်မြို့အထိ ရထားလမ်းတည်ဆောက်ရာမှာ အခက်အခဲဆုံးကတော့ နာမည်ကျော်“ဗားကရာချောက်” ကြီးပဲလို့ ဆိုသတဲ့။ သူတို့ပြောမယ်ဆိုလည်း ပြောချင်စရာ။ ဘာလို့လဲဆိုတော့ ဗားကရာချောက်ရဲ့ အနက်က လှိုင်မြစ်ရေ မျက်နှာပြင်ထက် အနိမ့်ပိုင်းမှာ ရှိနေတာ။
ဒါ့အပြင် လှိုင်မြစ်ရဲ့ ဒီရေ အတက်အကျကလည်း သေသေချာချာ လေ့လာရသေးတယ်။ ပြီးတော့ မြစ်ရေအတက်အကျ။ နွေမိုးဆောင်း မြစ်ရေမျက်နှာပြင် အခြေအနေတွေကိုပါ ကြည့်ရ၊ တွက်ချက်ရတာ မဟုတ်လား။ ဗားကရာပတ်ဝန်းကျင်ရဲ့ မြေအမျိုးအစား မြေမျက်နှာသွင်ပြင်ပါမကျန် လေ့လာပြီးမှ ဒီချောက်ကို ဘယ်လိုတီထွင် ဖန်တီးမလဲဆိုတဲ့ အဆင့်ကို ရောက်တာ။မြေထိန်းနံရံတည်တဲ့ အပိုင်းကလည်း အရေးကြီးတဲ့ အစိတ်ပိုင်းတခု ဖြစ်လာပြန်တယ်။
ဒါတွေစုံပြီဆိုတော့မှ Drainage System Design ကို စဉ်းစားရပြီ။
ရထားလမ်းတည်တာက သိပ်မခက်ခဲ။ ချောက်ကို တံတားထိုးလိုက်ရင် ရပြီ။ ရန်ကုန်မှာ မီးရထားသံလမ်း တံတားအောက်က သွားတဲ့တံတား နှစ်စင်းပဲရှိတယ်။ သန်လျင်နဲ့ သာကေတ တံတား။ နောက်တံတားက အခု ဗားကရာပဲ။ ရထားလမ်းအောက်က ကားလမ်းဖောက်ထားတာ။
ဗားကရာချောက်ကနေ ရေဆင်းပေါက်၊ ရေထုတ်ပေါက်။ လှိုင်မြစ်ထဲ ဘယ်လိုပို့မလဲ။ ရေမဝပ်အောင် ဘာတွေ စီမံပေးဖို့လိုမလဲ ဆိုတာတွေဟာ လမ်းတံတားအင်ဂျင်နီယာရဲ့ ကျွမ်းကျင်မှုနဲ့ ဦးနှောက်အသုံးချနိုင်စွမ်းပေါ် မူတည်နေပါတယ်။ သူတို့ ဘယ်လိုတည်ဆောက်ခဲ့ကြသလဲ။
အရင်ဆုံး ခရာဆူးခြုံတွေ ရှင်းလင်းရမယ်။ ပြီးတာနဲ့ မြေမျက်နှာပြင် အနေအထားအရ ရေဆင်းကို ဘယ်နှစ်လက်မအဆိုင်းထိ ထားမလဲ။ ချောက်ကနေ လှိုင်မြစ်ဝအထိ ရေဆင်းလိုင်း ပေဘယ်လောက်ရှိလဲ။
ရေဆင်းကိုတော့ ကားလမ်းအောက်မှာ လိုဏ်ခေါင်းတူးထားတာ တွေ့နိုင်တယ်။ လိုဏ်အရှည်ဟာ ချောက်ကနေ မြစ်ဝအထိ ၁၂ဝဝ ပေ အရှည်ရှိတယ်။ လိုဏ်ကိုတော့ အုတ်တွေနဲ့ ပိုက်လုံးပုံသဏ္ဌာန် စီထားတယ်။
လိုဏ်ရဲ့ အဝအကျယ်ဟာ အချင်းဝက် ၅ ပေရှိတယ်။
တူးထား စီထားတဲ့ လိုဏ်ခေါင်းဟာ မြစ်ဝရောက်တဲ့အချိန်မှာ အဖွင့်အပိတ် လုပ်လို့ရတဲ့ ရေထိန်းသံတံခါးကြီးတချပ် ရှိပါတယ်။
လှိုင်မြစ်ရေတက်တဲ့ မိုးရာသီလို အချိန်မျိုးမှာ ရေထိန်းတံခါးကို ပိတ်ထားရင် လိုဏ်ထဲ ရေမဝင်နိုင်အောင် စီမံထားတာပါ။
ဒါတွေပြီးတော့ မြေထိန်းနံရံတွေ တည်ဆောက်တဲ့အပိုင်း ရောက်တာ။
ဗားကရာမီးပွိုင့်ရဲ့ ထောင့်လေးခုမှာ ရေဆင်းပေါက်တခုစီ ရှိတယ်။ လမ်းဘေးမြောင်းရဲ့အနက်က တပေနီးပါးလောက်ပဲ ရှိတယ်။ မီးပွိုင့်အလယ်ခေါင်မှာ လိုဏ်ထဲဆင်းတဲ့ လူဆင်းပေါက်တခု ရှိတယ်။
နောက်တပေါက်ကတော့ ဘောဂရပ်ကွက်ဘေးမှာ ရှိခဲ့ဖူးတယ်။ သံလှေကားနဲ့ ဆင်းရတာပါ။
အခုတော့ အဲဒီသံလှေကားလည်း ရောင်းစားခံရတာပဲလား၊ ဆွေးသွားလေသလာမသိ။ အနိစ္စသဘောနဲ့ ကိစ္စချောသွားပြီ။
မြေအောက်ရေဆင်းလိုဏ်တွေဟာ ဗားကရာမှမဟုတ်ဘူး။ ရန်ကုန်မြို့ တည်ချိန်ကတည်းက မြို့တွင်းပိုင်းရှိ အားလုံးသော ရေဆင်းတွေဟာ လိုဏ်တူးပြီး စီမံတည်ဆောက်ခဲ့တာ။
အဲဒီ အုတ်နံရံရဲ့ မျက်နှာကျက်တွေမှာ ကြေးမီးဆိုင်းကြီးတွေ တပ်ဆင်ပြီး ၂၄ နာရီ မီးပေးထားတယ်လို့ အဆိုရှိတယ်။
နွေနှောင်းရာသီ ရောက်ပြီဆိုရင် မြူနီစပယ်လူကြီးက မြို့တွင်းရှိ အုတ်လိုဏ်ဂူတလျှောက် ဂျစ်ကားစီးပြီး လျောက်ကြည့်ရ၊ ကြီးကြပ်ရတယ်လို့ တဆင့်စကား ကြားခဲ့ဖူးတယ်။
နောက်ပိုင်းတော့ ကြေးမီးဆိုင်းကြီးတွေဟာ ကြေးစျေးကောင်းတော့ လူတွေခိုးရောင်းတာနဲ့ မရှိတော့ဘူး။
လိုဏ်ထဲ ဆင်းပြီး စစ်ဆေးတဲ့သူတွေလည်း မရှိတော့ဖူး ထင်ပါတယ်။ ဒီမှာ အရေးကြီးဆုံးနဲ့ ရေဆင်းလိုဏ်တို့ရဲ့ လျှို့ဝှက်ချက်ကတော့ လိုဏ်တွင်းမှာ ရေစုကန် တည်ဆောက်ပေးခြင်းပါပဲ။
ဗားကရာချောက်အတွက် ရေစုကန်ကတော့ အလျား ၁ဝ ပေ၊ အနံ ၈ ပေနဲ့ အနက် ၆ ပေခန့်ရှိတယ်။ အဲ့ဒီ ရေစုကန်ထဲကို စီးလာသမျှရေတွေ ဝင်မယ်။
ရေစုကန်ကနေ ပိုလျှံတဲ့ရေတွေက ရေဆင်းလိုဏ်အတိုင်း စီးသွားတယ်။ ဒါမှ လမ်းပေါ် ရေဘယ်လောက်ရှိရှိ ပိုလျှံသမျှကို ရေစုကန်က ထိန်းပေးနေမှာပဲ ဖြစ်တယ်။
တကယ်တော့ ရေစုကန်ဟာ ရေဆင်းရေထုတ်အတွက် အရေးပါတဲ့ တည်ဆောက်ချက်တခုပါပဲ။
ဒါကြောင့်လည်း ရန်ကုန်မြို့ လမ်းထောင့်စုံတွေရဲ့ မြေအောက်ရေဆင်းလိုင်းတွေမှာ လူတကိုယ်အနက်ရှိတဲ့ ရေစုကန်တွေကို အင်္ဂလိပ်တွေက တည်ဆောက်ခဲ့တာပါ။
လေ့လာသူတွေရဲ့ တွေ့ရှိချက်အရတော့ ဗားကရာ ချောက် ရေနုတ်မြောင်း စနစ်ကို ၁၈၆၉ လောက်က တည်ဆောက်ခံတာ ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။
ဗားကရာချောက်ကို မွမ်းမံတည်ဆောက်ချိန်က ကိုးထပ်ကြီးဘုရားလို့ခေါ်တဲ့ အတုလာဓိပတိ မဟာမုနိသကျဘုရားကြီးတောင် မတည်ရသေးပါဘူး။
ကိုးထပ်ကြီးဘုရားက ၁၉ဝ၅ ခုနှစ်မှ တည်တာ။ နောက်တခုက ရန်ကုန်မြို့ပတ်ရထား မရှိသေးဘူး။ ရန်ကုန်မြို့ပတ်ရထားက ၁၈၇၇ ခုနှစ်လောက်မှ စတာကိုး။
ဒါပေမယ့် ဗားကရာရထားလမ်းက နှစ်ခုဖြစ်နေသလို ရထားအတွက် တံတားကလည်း နှစ်ခုတည်ထားတာ။ ကြည့်မြင်တိုင်-ရန်ကုန် ဓာတ်ရထားလိုင်း ပြေးဆွဲနေပြီ။
မြန်မာနိုင်ငံရဲ့ ပထမဆုံး ရထားပြေးဆွဲတာက ၁၈၆၉ ရန်ကုန်-ပြည် မီးရထားလမ်း ဆွဲနေပြီး ဒါကြောင့် ဗားကရာတည်ဆောက်ချိန်ဟာ ဒါထက်စောမယ်လို့ ယူဆနိုင်ပါတယ်။
ဗားကရာချောက်ရဲ့ မိုးဘယ်လောက်ရွာရွာ မိုးရွာပြီးတာနဲ့ ရေတင်ကျန်မနေခဲ့ခြင်း အကြောင်းကိုတော့ အချိန်အတော်ကြာ လူပြောသူပြော များနေကြတာ ယနေ့တိုင်ပါပဲ။
အင်္ဂလိပ်တွေတည်ဆောက်သွားခဲ့တဲ့ ဗားကရာ ချောက် အောက်က ရေစုကန်၊ လှိုင်မြစ်ထဲ စီးဆင်းတဲ့ လခြမ်းပုံ အုတ်စီမြောင်း၊ ရေအဝင် အထွက် ထိန်းတဲ့ လှိုင်မြစ်ဝက ရေတံခါးပေါက် တို့ကို ဆက်လက်ထိန်းသိမ်း ပြုပြင် ဖို့ကတော့ လိုအပ်နေတုံးပါပဲ။
နှစ်၁၀၀ကျော် သက်တမ်း ရှိပြီ ဖြစ်တဲ့ ဒီ ဗားကရာချောက် က ကျွန်တော်တို့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်း အမွေအနှစ်တခုလို့ မြင်မိပါတယ်။
ဘန်ကောက်ရောက်တဲ့အခါသက်သက်သာသာနဲ့စရိတ်မထောင်းဘဲသွားလာနေထိုင်နိုင်ဖို့တစ်ဆက်တည်းထပ်ရေးလိုက်ပါတယ်။ဘန်ကောက်ကဒီကလူတွေအမြဲလိုလိုသွားနေကျ၊ဘန်ကောက်အကြောင်းရေးထားတဲ့စာတွေဆိုလည်းအများကြီးဆိုတော့အရမ်းတော့မထူးဆန်းပါဘူး။ဒါပေမယ့်ကိုယ်တွေလိုဘန်ကောက်နဲ့အဆက်အစပ်မရှိတဲ့သူတွေကျတော့သွားခါနီးဟိုblogလိုက်ဖတ်ရ ဒီblogလိုက်ဖတ်ရနဲ့ထူးဆန်းတယ်လို့ပြောရမှာပေါ့။ဘန်ကောက်ကိုအိမ်ဦးနဲ့ကြမ်းပြင်သွားနေတဲ့သူတွေအတွက်လည်းနောက်ထပ်ပိုပီးလစ်ခနဲလစ်ခနဲဒိုးနိုင်အောင်ရေးပေးထားတာမို့ဖတ်ကြည့်ပါနော်
မြန်မာငွေသုံးသိန်းလောက်ဆိုရင်လေယာဉ်လက်မှတ်အပါအဝင်ဘန်ကောက်မှာ4ရက်လောက်ဖြဲဖြဲစင်စားသောက်သွားလာဖို့အတွက်လုံလောက်ပါတယ်နော်။ဒါကလည်းပိုပိုလိုလိုပြောထားတာပါ။
လေယာဉ်လက်မှတ်
သွားမယ်ဆိုတာနဲ့လေယာဉ်လက်မှတ်ကစကားပြောပီ။ပြောမယ့်သာပြောရတာလေ ကိုယ့်ကိုယ်တွေ့ကျတော့သုံးလလောက်ကြိုဝယ်တာနဲ့ ရက်၂၀လောက်ကြိုဝယ်တာနဲ့ကအတူတူပါပဲ။promotions ဆိုတယ့်အသံကြားတာနဲ့ပြေးသာဝယ်ထားလိုက်တော့ အဲဒါကအတန်ဆုံးပဲ။budgetသွားတာဆိုတော့budget airlineတွေဖြစ်တဲ့ Air Asia,Thai Lion Air,Nok Air ဒီသုံးမျိုးထဲကတစ်ခုကိုရွေးရမှာပါ။ကိုယ်အကြိုက်ဆုံးကတော့ Nok airပါ။ပြန်ရင်ဟိုဝယ်ဒီဝယ်ပီးပြန်လာမယ့်သူတွေကတော့ကီလို20Kg freeရတဲ့ Thai Lion ကိုရွေးပါနော်။စျေးကတော့promotionရှိရင် အသွားအပြန်$75ဆိုတာအလွန်ဆုံးပါပဲ။ပုံမှန်ဆိုရင်တော့$100ပတ်ချာလည်ပါ။လက်မှတ်ဝယ်ရင် အသွားကိုရန်ကုန်ကထွက်တဲ့အစောဆုံးလေယာဉ်နဲ့အပြန်ကိုဘန်ကောက်ကထွက်တဲ့နောက်အကျဆုံးလေယာဉ်ကိုရွေးဝယ်ပါနော်။
တည်းခိုဖို့နေရာ
ဘန်ကောက်ကဟိုတယ်တွေကသရဲခြောက်ကခြောက်နဲ့ ကိုယ်တော့နေရဲပေါင် Hostelမှာပဲနေဖို့ပဲအားပေးတယ်၊ဘန်ကောက်ကhostelတွေကသန့်မှသန့် စျေးကလည်း$6ဆိုရင်တောင်သန့်ပျံ့အောင်နေရတာဆိုတော့ထွေထွေထူးထူးမစဉ်းစားပဲ hostelပဲသွားစေချင်တယ်။
နှစ်ယောက်ရှိရင်ဟိုတယ်မှာပဲတည်းမှာပေါ့တို့ဘာတို့ထက် hostelမှာနေရတဲ့ဖီလင်ကအရမ်းမိုက်တာမို့အရမ်းတွေညွှန်းမိတာပါနော်။3ရက်လောက်နေမှ$18လောက်ပဲရှိတာရယ်။ပတူနမ်တစ်ဝိုက်မှာပဲနေစေချင်ပါတယ်။ဒါမှပတ်ချာလည်shopping mallတွေမှာဟိုကြည့်ဒီကြည့် မုန့်လျှောက်စားဖို့လည်းအဆင်ပြေ ၊Siam BTS stationကိုလည်းလမ်းလျှောက်နိုင်တဲ့အကွာအဝေးဆိုတော့ ပတူနမ်ကအဆင်ပြေဆုံးပါပဲ။Agodaကနေတစ်ခါထဲbookingတင်သွားတာအသက်သာဆုံးပါပဲ။hostelတွေများလို့ရွေးရခက်ရင် best sellerဆိုတဲ့ဟာကိုအဓိကရွေးလိုက်ရင်အရွေးမမှားပါဘူး။
သွားဖို့လာဖို့
ဒွန်မောင်းလေဆိပ်downtown
လေဆိပ်ကထွက်လိုက်တာနဲ့A1,A2,A3 ဆိုပီးဘတ်စ်ကားလိုင်းသုံးလိုင်းဆွဲနေတာတွေ့ရလိမ့်မယ် အဲကွန်းဘတ်စ်တွေပါ။ကိုယ်ကပတူနမ်သွားမှာဆိုတော့ A3 busကိုစီးရမှာပါ။ပတူနမ်ကိုတန်းရောက်ပါတယ် ဘာမှပြောင်းစီးစရာမလိုပါဘူး။ရောက်တဲ့နေရာသူတို့အော်နေလိမ့်မယ်။ပြန်ရင်လည်းအဲဒီbusနဲ့ပဲလေဆိပ်ပြန်သွားလို့ရပါတယ်။
A1Mochit
A2victory monument
A3Lumphini Park
Shopping area
အဓိကshopping mallကြီးတွေရှိတဲ့Siam,ပတူနမ်ဧရိယာတွေကိုပတ်ရတာရန်ကုန်ကမြို့ထဲကစကော့စျေး သိမ်ကြီးစျေးနဲ့ဆူးလေဝန်းကျင်ကိုပတ်ရသလိုပါပဲ၊ အကုန်လုံးကဆက်စပ်နေပီးလမ်းလျှောက်နိုင်တဲ့အကွာအဝေးမှာပဲရှိပါတယ်။ပတ်ပတ်လည်shopping mallတွေကိုပတ်ဖို့အတွက်ကားလည်းငှားစရာမလိုသလိုtuktukလည်းစီးစရာမလိုပါဘူးနော်။Platinum fashion mall,Siam Paragon,MBK,BigC,CentralWorldစသဖြင့်အများကြီးပဲမို့လို့လမ်းလျှောက်နိုင်လေ ကောင်းလေပါပဲ။မြန်မာပြည်မှာအများစုရောင်းနေတဲ့Bangkok ထည်လေးတွေဝယ်ချင်ရင် Platinum mallမှာဝယ်ပါ။H&M တို့ Zara တို့ uniqloတို့ဝယ်ချင်ရင်တော့Siam Paragon ကအဆင်ပြေဆုံးပါပဲ။MBKကတော့electronicsပစ္စည်းတိုတိုထွာထွာလေးတွေ ဘုစုခရုတွေဝယ်လို့ကောင်းပါတယ်။
Icon Siam
အသစ်ဖွင့်ထားတာမကြာသေးတဲ့Icon Siam shopping mallကြီးကိုတော့ ချောင်ဖရားမြစ်ကြောင်းတစ်လျှောက်လှေစီးပီးသွားလို့ရပါတယ်။free ဖယ်ရီတွေဆွဲပေးတာမို့အရမ်းအဆင်ပြေပါတယ်။Siam Paragonရှေ့က Siam BTS stationကနေ Saphan Taksin stationအထိစီးသွားလိုက်ပီးရှေ့လမ်းလေးနဲနဲလျှောက်တာနဲ့လှေဆိပ်ကိုရောက်ပါတယ်။icon siamသွားမယ့်ဘက်မှာတန်းစီလိုက်ပီးလှေလာရင်တစ်ခါထဲလိုက်စီးသွားလိုက်ရုံပါပဲ။အဲမှာ Wat Arun တို့ မြဘုရားတို့ဘက်သွားမယ့်လှေတွေလည်းအများကြီးဆိုတော့ အကယ်၍ကိုယ်ကအဲဘက်တွေလည်းသွားလည်ချင်တယ်ဆိုရင် Wat Arun or မြဘုရားကိုလက်မှတ်ဖြတ်သွားလည်လိုက်ပီးအပြန်ကျမှicon siamမှာဝင်ကျန်ခဲ့လို့လည်းရပါတယ်။
Wat Arun
ဓာတ်ပုံရိုက်လို့လှတယ်ဆိုပီးအရမ်းနာမည်ကြီးတဲ့စေတီပါ။သူ့ရဲ့အနုလက်ရာတွေကအရမ်းကိုuniqueဖြစ်လို့ကိုယ်တော့သိပ်ကြိုက်မိတယ်။ဝင်ကြေးကလည်းbaht50ပဲပေးရတော့သွားရတာအရမ်းတန်တယ်လို့ထင်တယ်။သူ့ကိုသွားချင်ရင်အလံလိမ္မော်ရောင်လေးနဲ့လှေကိုစီးရမှာပါနော်။
China Town
ဘန်ကောက်ရဲ့china townဟာလည်းတရုတ်စာတွေရေးထားတဲ့နီယွန်ဆိုင်းပုဒ်တွေ စားချင်သောက်ချင်စရာတွေအစုံစုံနဲ့မသွားမဖြစ်သွားရမယ့်နေရာပါ။တနလာင်္နေ့တိုင်းchina townပိတ်တယ်နော်။
Chatuchak Weekend Market
အကယ်၍ကိုယ်ကစနေတနင်္ဂနွေဘန်ကောက်မှာရှိနေရင်chatuchakစျေးသွားလည်လို့ရတယ်။ဆိုင်တွေဆိုတာနဲနဲနောနောလား ဘာလိုလိုအကုန်ရတယ်လို့ဆိုရအောင်ကိုဆိုင်ခန်းပေါင်းက၈၀၀၀ကျော်တောင်ရှိတာတဲ့။ကိုယ့်အတွက်အင်္ကျီလေးနဲနဲပါးပါး ဘာညာကွိကွအသေးလေးတွေဝယ်ချင်ရင်အဲမှာဝယ်လို့ရတယ် စျေးမများဘူးရယ်။ကိုယ်ဘန်ကောက်လာတဲ့ရက် ကweekendဖြစ်နေရင်လည်း လေဆိပ်က A1 bus စီးပီး Chatuchakစျေးရှိတဲ့MoChit ထိစီးလာလို့ရတယ်။စျေးတစ်ခါထဲဝင်လည်ပီး Mochit stationကနေSiam stationကို BTS skytrain စီးပီးသွားလို့ရတယ်။Siam ရောက်ရင်အဲနီးနီးနားနားမှာဟိုပတ်ဒီပတ်ပီးတည်းတဲ့ပတူနမ်ကိုလမ်းလျှောက်သွားလို့ရတယ်
မြန်မာပြည်ကလူတွေဘန်ကောက်သွားရင်မသွားမဖြစ်သွားကြတဲ့Dream World,Safari World,Siam Water park,Siam discovery ,မဒမ်တူးဆော့ပြတိုက်အဲဒါတွေကိုပါဝင်လည်လို့ရပါသေးတယ်။ဝင်ကြေးတော့မြင့်တာပေါ့လေ။ကိုယ်ကတော့အဲလိုမျိုးTheme parkတွေကိုသိပ်စိတ်မဝင်စားတာကြောင့်တစ်ခါမှတော့မသွားဖြစ်ပါဘူး။ဘန်ကောက်လာရင် ကော်ဖီဆိုင်လေးထိုင် Streetfoodတွေလျှောက်စား shoppingလေးနဲနဲပါးပါးပတ် အနှိပ်လေးခံ ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတွေလျှောက်သွား အဲလိုတွေပဲလုပ်ဖြစ်တော့စရိတ်ကတော့သိပ်မထောင်းပါဘူး။အကယ်၍ကိုယ်ကtheme parkတွေ ပြတိုက်တွေဝင်ချင်ရင်တော့ပိုက်ဆံနည်းနည်းပိုထည့်စေချင်ပါတယ်။နောက်ကျမှဟိုမဝင်လိုက်ရလေခြင်း ဒီမဝင်လိုက်ရလေခြင်းဆိုပီးဂျင်းမိတယ်ထင်မှာစိုးလို့ပါနော်
Tips
-ပထမဆုံးသွားတဲ့သူဆိုရင်visa cardလေးလုပ်ထားပါ
တစ်ခါတရံshowmoney တွေပြခိုင်းတတ်တာမို့ ငါဒီကဒ်နဲ့သုံးမှာလို့ ကဒ်ကလေးပြလိုက်ရင်ရပါပီ ကဒ်ထဲပိုက်ဆံမပါလည်းရတယ်
-အဝတ်အစားအများကြီးမယူပါနဲ့ မဝယ်နဲ့တားရင်တောင်ဘန်ကောက်ရောက်ရင်ဝယ်ကျမှာဆိုတော့မထူးပါဘူး
-ကျောပိုးအိတ်တစ်လုံးနဲ့ပဲလာပါ
-Maps.me ဆိုတဲ့ offline mapကိုသုံးပါ။အဲမှာဘန်ကောက်သွားမယ်ဆိုရင်ဘန်ကောက်မြေပုံကိုဒေါင်းရမှာပါ
-busကားတွေစီးတာထက် BTS skytrain နဲ့ မြေအောက်ရထားစီးတာပိုအားပေးပါတယ်
-ဘန်ကောက်ရဲ့streetfoodကဘယ်မှာစားစားအားလုံးအတူတူပဲမို့ဘာnight market ညာnight marketထက်ပတူနမ်တစ်ဝိုက်shoppingmallတွေအောက်ကnight marketတွေမှာစားရင်တောင်ယူလို့မကုန်ပါဘူးနော်
-မနက်စာကိုသူတို့ရဲ့လမ်းဘေးခေါက်ဆွဲဆိုင်လေးတွေမှာစားပီး7/11ကcoffeeလေးသောက် အဲဒါတောင်မှအရမ်းစားလို့သောက်လို့ကောင်းနေပါပီ
-နေ့လည်စာစားချင်ရင်shopping mallတိုင်းရဲ့အပေါ်မှာfood courtရှိပါတယ် အဲမှာစားပါ။
-ဘန်ကောက်မှာကtourist attractionတိုင်းကိုpublic transportationရောက်တာမို့ဘယ်ပဲသွားချင်ချင် BTS ,MRT stationတွေမှာမေးပီးသွားပါနော် သူတို့သေချာပြောပြပေးပါတယ်
-သိချင်တာအကုန်လုံးကိုတည်းတဲ့hostelကstaffကိုမေးပါ တစ်ခုခုဆိုရင်သူတို့ဆီကအကြံအဉာဏ်ယူတာအကောင်းဆုံးပါပဲ
အဲဆိုအားလုံးပဲဘန်ကောက်ကိုလစ်ခနဲလစ်ခနဲသွားနိုင်ကြမှာ
ပါနော်။