Hello, thank you for visiting our website.
Myth: ဆံပင်စည်းပြီး ညအိပ်ရင် ဆံပင် ပျက်စီးတယ်
Truth: စည်းနည်းနဲ့ အသုံးပြုတဲ့ ပစ္စည်းမမှန်လို့ပါ
မပျက်ဆီးတဲ့အပြင် အကောက်သမားဆို ပုံတောင် သွင်းလို့ရပါတယ် အဖြောင့်သမားလဲ အငြိသက်သာတာမို့ အကျွတ်သက်သာပါမယ်
နာနတ်သီး (ခ) Pineapple Hairstyle
အနောက်နိုင်ငံတွေမှာ အသုံးများတယ်
ဆံသားတွေကို ခေါင်းထိပ်မှာ စုပြီး ချည်လို့ Pineapple hairstyles လို့ခေါ်ပါတယ်
ဘလိုလုပ်ရမလဲ
ဆံပင်သေချာဖြီးပါ
ဆံသားကောက်သူ/ ကောက်ထားသူဆို Hair curl cream/ Leave in conditioner ထည့်ထားလို့ရပါတယ်
ခေါင်းထိပ်မှာ အသာလေး စုချည်ပါ (သံပါတာ အလှပစ္စည်းပါတာ Rubber bands မသုံးရပါ ဆံသာပြတ်ထွက်တတ်ပါတယ်) scrunchies သုံးတာကတော့ ဒီနေရာမှာ အခရာကျပါတယ် ဆံသားညှိ/ အရာထင်မှာ မဟုတ်ပါ
အဆင်ပြေရင် hair products/ skincare products စုပ်ယူမှုနည်းတဲ့ Silk pillowcases နဲ့ အိပ်လို့ရပါတယ်
မနက်ကျရင်တော့ ပုံကျ အကျွတ်သက်သာနေမှာပါ
ပုံကို comment section မှာ ကြည့်လဲရပါတယ်