Love Myself
Tomorrow
안녕
See you in a moment
안녕하세요 여러분,
ဒီနေ့ ပထမဆုံးအနေနဲ့ TOPIK အတွက်လည်း အထောက်အကူဖြစ်တဲ့အပြင် နေ့စဉ်စကားပြောရာမှာလည်း လိုအပ်ရင်အသုံးပြုနိုင်ဖို့အတွက် အာရုံငါးပါး(오감)ရဲ့ အသုံးအနှုန်းလေးတွေကို ပြောပြပေးမယ်နော်။
နောက်ပိုင်း TOPIK စာမေးပွဲဖြေရတဲ့အခါ တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေတဲ့ ကိုဗစ်အကြောင်းပါလာခဲ့ရင် အနံ့အရသာပျောက်တဲ့အကြောင်းလည်း ပါလာတော့မှာလေ။
အဲဒီအခါ ကိုယ်က ဒီလို 고급 단어 အသုံးလေးတွေ ရွေးသုံးနိုင်ဖို့ ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်နော်
✨오감 - အာရုံငါးပါး✨
미각 - အရသာအာရုံ
시각 - အမြင်အာရုံ
청각 - အကြားအာရုံ
후각 - အနံ့အာရုံ
촉각 - အထိအတွေ့အာရုံ
#mykoreanarchive #나의한국어기록 #korean #myanmar #한국어 #미얀마어 #언어 #배우기 #learntogether #topik
안녕하세요 여러분, 오늘도 찾아왔습니다!🤗
✨ဒီနေ့ကတော့ TOPIK writing မှာပဲဖြစ်ဖြစ်၊ စကားပြောတဲ့အခါမှာပဲဖြစ်ဖြစ် အသုံးဝင်မယ့် grammar လေးတစ်ခု ပြောပြချင်ပါတယ်။
🔹 동사(Verb) + 서 နဲ့ 동사(Verb) + 고 ရဲ့ ကွာခြားချက်ကလေးကို ရှင်းပြသွားမှာဖြစ်ပါတယ်။
🔹 서 ကို သုံးတဲ့ဝါကျတွေမှာ action ၂ ခု, condition ၁ ခု ရှိတတ်ပါတယ်။
ex) 친구를 만나서 밥 먹었어요.(သူငယ်ချင်းနဲ့ တွေ့ပြီး ထမင်းစားခဲ့တယ်။) ဆိုတဲ့ ဝါကျမှာ သူငယ်ချင်းကို တွေ့ပြီး သူနဲ့ အတူတူသွားပြီး ထမင်းစားတဲ့ အခြေအနေမျိုးပါ။ သူငယ်ချင်းကို တွေ့တာရယ်၊ ထမင်းစားတာရယ် action က ၂ ခုဆိုပေမယ့် condition ကတော့ ထမင်းစားတာ တစ်ခုပဲရှိပါတယ်။
🔹 고 ကို သုံးတဲ့ဝါကျတွေမှာတော့ action ၂ ခု, condition ၂ ခု ရှိတတ်ပါတယ်။
ex) 친구를 만나고 밥 먹었어요.(သူငယ်ချင်းနဲ့ တွေ့ပြီးတော့ ထမင်းစားခဲ့တယ်။) ဆိုတဲ့ ဝါကျမှာ သူငယ်ချင်းကို တွေ့ပြီးတော့မှ တစ်ယောက်တည်းဖြစ်စေ၊ မိသားစုနဲ့ဖြစ်စေ ထမင်းစားတဲ့ အခြေအနေမျိုးပါ။ ဒီမှာတော့ သူငယ်ချင်းကို တွေ့တာရယ်၊ ထမင်းစားတာရယ် action က ၂ ခုရှိသလို condition ကလည်း သူငယ်ချင်းကို တွေ့တာရော ထမင်းစားရော ပါ ပါတယ်။
သာဓကနောက်တစ်ခုထပ်ပြရရင် -
ex) 밥 먹고 과제했어요. (ထမင်စားပြီး အိမ်စာလုပ်ခဲ့တယ်။) ဆိုတဲ့ ဝါကျမှာလည်း ထမင်းစားလို့ ပြီးသွားမှ အိမ်စာလုပ်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။
💜 여러분들 이런 사소한 문법들 까지 완벽하게 하시면 토픽 쓰기 시험 볼 때 점수 잘 받고, 말할 때도 원어민 수준이 되는 거죠 😍
오늘도 우리 모두 수고 많으셨어요🤗
#mykoreanarchive #나의한국어기록 #TOPIK #한국어 #미얀마어 #미얀마 #언어 #배우기
여러분 오늘 하루도 잘 보내셨나요?🤩
🟣 ဒီနေ့လည်း ကိုရီးယားစာအခြေခံ စပြီးသင်ကတည်းက ရောတတ်ကြတဲ့ 자동사(Intransitive Verb/သုဒ္ဓကြိယာ) နဲ့ 타동사(Transitive Verb/ကာရိုက်ကြိယာ) ခွဲခြားတဲ့ နည်းလမ်းလေး ပြောပြသွားမယ်နော်။
🟣 자동사(Intransitive Verb) ဆိုတာက object မရှိတဲ့ verb ကို ဆိုလိုတာဖြစ်တဲ့အတွက် object မပါတဲ့ ဝါကျမှာ 자동사 ကို သုံးပါတယ်။
🟣 타동사(Transitive Verb) ဆိုတာကတော့ object ရှိတဲ့ verb ကို ဆိုလိုတာဖြစ်တဲ့အတွက် object ပါတဲ့ ဝါကျမှာ 타동사 ကို သုံးတာဖြစ်ပါတယ်။
⭐️ဒါကြောင့် ဒီ verb ၂ ခုရဲ့ အဓိက ကွာခြားချက်ကတော့ object ကို သက်ရောက်မှု ရှိ/မရှိနဲ့ သက်ဆိုင်တာဖြစ်ပါတယ်။
သူ့ကိုအလွယ်ခွဲခြားပြီး မှတ်နည်းကတော့ ‼️
>>> အဲ့စကားလုံးတွေကို ဝါကျတွေမှာထည့်ပြီး သုံးပါများသွားရင် မှတ်မိသွားပါလိမ့်မယ် 😁
အောက်မှာ သိထားသလောက် စကားလုံးလေးတွေရယ် အသုံးပြုပုံ ဝါကျလေးတွေပါ ထည့်ပေးထားလို့ လေ့လာထားတာ မမှားဘူးနော်
자동사 VS 타동사
~~~~~~~~~~~~~~~~~~~~~~
끝나다(ပြီးသည်) 끝내다(အပြီးသတ်သည်)
오르다 (မြင့်/တက်သည်) 올리다(မြှင့်/တင်သည်)
떨어지다 (လဲ/ပြုတ်ကျသည်) 쓰러뜨리다(လှဲ/ဖြုတ်ချသည်)
앉다(ထိုင်သည်) 앉히다(ထိုင်ခိုင်းသည်)
열리다(ပွင့်သည်) 열다(ဖွင့်သည်)
#mykoreanarchive #나의한국어기록 #한국어 #미얀마어 #언어 #배우기 #korean #myanmar #myanmarlanguage #learntogether #topik #koreanclass
척하다/체하다
토픽 문법
관용어
"맞다"표현
속담
🎓 Graduation 🎓