လူ့အသက် ကျန်းမာရေးနှင့်ပတ်သက်သောအသက်မွေးဝမ်းကျောင်းပညာရပ်ဖြစ်သည့်အတွက်ဆေးရုံ ဆေးခန်းများတွင်အလုပ်ဝင်ကြသော မည်သူမဆို အထူးသတ်မှတ်ထားသော ကြပ်မတ်သော စည်မျည်းစည်းကမ်းများကို လိုက်နာရသည်မှာ ထုံးစံဖြစ်ပါသည်။
လူနာအကျိုးအတွက်ရှေးရှုသောမည်သည့်စည်းမျည်းစည်းကမ်းကိုမဆို လိုက်နာကြရပါမည်။
မိမိကသာအလုပ်နှင့်အံဝင်ခွင်ကျဖြစ်အောင်ကြိုးစားရမှာဖြစ်ပါတယ်အလုပ်က မိမိနှင့်အံဝင်ခွင်ကျဖြစ်အောင်လိုက်ပြောင်းပေးရန်မလိုပါ
လုပ်ငန်းခွင်တွေမှာ....System နှင့်လည်ပတ်နေသောကြောင့်ထိုsystem ရဲ့ အစိတ်အပိုင်းတခုအဖြစ်ကောင်းစွာဆောင်ရွက်နိုင်ဖို့လိုပါတယ်(တကယ် စနစ်ကောင်းတွေနဲ့ဖွဲ့စည်းထားသော လုပ်ငန်းခွင်ကိုဆိုလိုသည်)
အလုပ်ဝင်နေကြသော StepOneတို့လည်းဒီသဘောတရားကို ကောင်းစွာနားလည်ထားရပါမည်။
On Job training သွားနေစဥ်ကတည်းကလုပ်ငန်းခွင်သဘောတရားများကို
ကောင်းစွာသိရှိနားလည်အောင်လေ့လာထားမှာသာအလုပ်အကိုင်ရရှိဖို့ လွယ်ကူပါမည်။
မိမိရဲ့ လူနာပြုစုမှုအရည်အချင်းတွေလည်းပြည့်ဝနေရပါမယ်အရည်အချင်းမရှိသူကို ဘယ်အလုပ်ခွင်ကမှမကြိုဆိုပါဘူး
ဤအချက်တွေကို ကောင်းစွာသဘောပေါက်နားလည်ပြီးလူနာပြုစုမှုနယ်ပယ်မှာ အောင်မြင်ကြပါစေ။