Software ကနေ print order တင်လို့ဖြစ်ဖြစ်၊ Voucher ထုတ်လို့ဖြစ်ဖြစ်၊ printer ကနေ စာရွက်မထွက်တော့တဲ့အချိန်မှာ စစ်ပေးရမဲ့အရာများနဲ့ ဖြေရှင်းနိုင်မဲ့နည်းလမ်းများကို တစ်ချက်ရှင်းပြပေးသွားပါမယ်ခင်ဗျာ။
အရင်ဆုံး Printer က ဘာနဲ့ချိတ်ထားလဲဆိုတာကို သိဖို့လိုအပ်ပါတယ်။ Printer ကို USB ကြိုးနဲ့ ချိတ်ဆက်ထားနိုင်သလို Network ကြိုးနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။ ဒါကြောင့် print မထွက်တော့ဘူးဆိုရင် မိမိရဲ့ Printer က USB နဲ့လား Network နဲ့လားဆိုတာကို အရင်သိရှိဖို့လိုအပ်ပါတယ်။
USB နဲ့ချိတ်ဆက်ထားတာလား Network နဲ့ချိတ်ဆက်ထားတာလားဆိုတာသိရှိပြီးရင်တော့ အရင်ဆုံး Software ရဲ့အပြင်ဘက် Window ကနေ Print Test Page စမ်းထုတ်ကြည့်ဖို့လိုအပ်ပါတယ်။ Window ကနေစမ်းထုတ်ကြည့်ဖို့အတွက် keyboard ကနေ Window+R တွဲနှိပ်ပြီး Run box ပေါ်လာရင် 'control printers' လို့ရိုက်ပြီးတော့ Enter (သို့) OK ကိုတစ်ချက်နှိပ်လိုက်ပါ။ (အကယ်၍ Desktop မှာ Device & Printers ဆိုပြီး shortcut တင်ထားလျှင်လည်း double click နှိပ်ပြီးဖွင့်နိုင်ပါတယ်) Device and Printers ထဲရောက်သွားပြီဆိုရင်တော့ မထွက်တဲ့ Printer ကိုရှာပြီး Right Click နှိပ်ရပါမယ်။ ပေါ်လာတဲ့ Menu မှာ Printer properties ကိုနှိပ်ပြီး Test Page ကိုနှိပ်ပေးရပါမယ်။ Print ထွက်ခဲ့မယ်ဆိုရင်တော့ Printer က connection တွေလည်းအဆင်ပြေပြီး Software မှာ Setting တစ်ခုခုလွဲနေ၍ မထွက်နေတာမျိုးဖြစ်နိုင်ပါတယ်။ အကယ်၍ Print မထွက်ခဲ့ဘူးဆိုရင်တော့ Printer နဲ့ချိတ်ဆက်ထားတဲ့ USB (or) Network ကြိုးတွေကိုစစ်ကြည့်ရန်လိုအပ်ပါတယ်။
Step- 1
Step- 2
Step- 3
Solution-1
USB နဲ့ချိတ်ဆက်ထားတာဆိုရင်တော့ အရင်ဆုံး printer နဲ့ computer ချိတ်ထားတဲ့ cable ကြိုးကို လွတ်/မလွတ် စစ်ကြည့်ပေးရမှာဖြစ်ပြီး လိုအပ်ရင် အဖြုတ်အတပ်လုပ်ကြည့်ပေးရပါမယ်။
Solution-2
ကြိုးတွေစစ်ပြီးလို့အဆင်မပြေသေးဘူးဆိုရင်တော့ Computer မှာတပ်ထားတဲ့ printer ကြိုးရဲ့ USB port လွဲနေတာဖြစ်နိုင်ချေရှိသဖြင့် တခြား port တွေမှာ ပြောင်းထိုးကြည့်ဖို့လိုအပ်ပါတယ်။
Solution-3
Computer မှာရှိတဲ့ port တွေပြောင်းတပ်ကြည့်လို့အဆင်မပြေဘူးဆိုရင်တော့ Printer setting မှာချိတ်ထားတဲ့ port ကိုတစ်ချက်စစ်ကြည့်ပေးရပါမယ်။ Printer Setting မှာ ချိတ်ဆက်ထားတဲ့ပုံစံကိုစစ်ကြည့်ရန်အတွက် Device and Printers ထဲမှာ သက်ဆိုင်ရာ Printer ကို right click နှိပ်ပေးရပါမယ်။ ပေါ်လာတဲ့ Menu ကနေ Printer Properties ကိုနှိပ်ပြီး Port ဆိုတဲ့ Tab ကနေ port နေရာမှာ 'USB0001' or 'USB0002' , ... ကို အမှန်ခြစ်ထားလားဆိုတာကိုစစ်ကြည့်ပေးပြီး အမှန်မခြစ်ထားလျှင် ပြန်၍ရွေးပေးရပါမယ်။
Solution-4
အထက်ပါ အချက်များစစ်ကြည့်လို့အဆင်မပြေဘူးဆိုရင်တော့ Cable ကြိုးလွတ်နေတာမျိုး/ printer connection မရတာမျိုးဖြစ်နိုင်ပါတယ်။
***အကယ်၍ မိမိဆိုင်တွင်ရှိသော Network Printer (order slip ထုတ်တဲ့ Printer) အားလုံးထုတ်မရတာဆိုရင်တော့ သေချာပေါက် Computer မှာ Network ကြိုးလွတ်တာ/ IP ထပ်တာမျိုးဖြစ်နိုင်သလို Network System မှာရှိတဲ့ router/ AP/ Switch တွေလွတ်တာမျိုးလည်းဖြစ်နိင်ပါတယ်။***
Solution-1
Network ကြိုးနဲ့ချိတ်ဆက်ထားတာဆိုရင်တော့ကြိုးထိုးထားသည့်နေရာမှာ မီး၂ခုလင်းနေလားဆိုတာစစ်ကြည့်ပေးရပါမယ်။ တစ်လုံးမှာအမြဲလင်းနေပြီးကျန်တစ်လုံးမှာ မှိတ်တုပ် မှိတ်တုပ် လင်းနေရပါမယ်။ အကယ်၍ လင်းမနေဘူးဆိုရင်တော့ Network ကြိုးလွတ်တာဖြစ်နိုင်ပြီး Network စစ်ကြည့်ပေးဖို့လိုအပ်ပါတယ်။ Network ကြိုးများထိုးထားတဲ့ Switch သို့မဟုတ် Router များတွင် ကြိုးလွတ်နေလားဆိုတာကိုစစ်ကြည့်ပေးရပါမယ်။ Switch နဲ့ Router ကိုလည်း power ဖွင့်ထားလားဆိုတာစစ်ကြည့်ပေးပြီး လိုအပ်လျှင် ပါဝါအဖွင့်အပိတ်/ ကြိုးအဖြုတ်အတပ် များလုပ်ကြည့်ပေးဖို့လိုအပ်ပါတယ်။
Solution-2
ကြိုးတွေစစ်ပြီးလို့အဆင်မပြေသေးဘူးဆိုရင်တော့ Computer မှာတပ်ထားတဲ့ Network ကြိုးကိုစစ်ကြည့် ပေးရပါမယ်။ Computer ရဲ့ Network port တွင်လည်း မီး၂ခုလင်းနေလားဆိုတာစစ်ကြည့်ပေးပြီး တစ်လုံးမှာအမြဲလင်းနေပြီးကျန်တစ်လုံးမှာ မှိတ်တုပ် မှိတ်တုပ် လင်းနေရပါမယ်။ အကယ်၍ လင်းမနေဘူးဆိုရင်တော့ Network ကြိုးလွတ်တာဖြစ်နိုင်ပြီး Network စစ်ကြည့်ပေးဖို့လိုအပ်ပါတယ်။
Solution-3
Printer ရော Computer မှာပါလိုအပ်တဲ့ Network ကြိုးများစစ်ပြီးလို့ အားလုံးပြေနေတယ်ဆိုရင်တော့ Server စက်နဲ့ Computer ကို network ကနေတစ်ဆင့် connection မိနေလားစစ်ဖို့အတွက် ping ကြည့်ရပါမယ်။ အရင်ဆုံး Printer ရဲ့ IP Address ကိုသိရှိရန်လိုအပ်ပါတယ်။ Printer ရဲ့ IP ကြည့်ဖို့အတွက် keyboard ကနေ Window+R တွဲနှိပ်ပြီး Run box ပေါ်လာရင် 'control printers' လို့ရိုက်ပြီးတော့ Enter (သို့) OK ကိုတစ်ချက်နှိပ်လိုက်ပါ။ (အကယ်၍ Desktop မှာ Device & Printers ဆိုပြီး shortcut တင်ထားလျှင်လည်း double click နှိပ်ပြီးဖွင့်နိုင်ပါတယ်) Device and Printers ထဲရောက်သွားပြီဆိုရင်တော့ မထွက်တဲ့ Printer ကိုရှာပြီး Right Click နှိပ်ရပါမယ်။ ပေါ်လာတဲ့ Menu မှာ Printer properties ကိုနှိပ်ပြီး Port ဆိုတဲ့နေရာမှာ ၎င်း Printer အမှန်ခြစ်ထားတဲ့ port မှာ IP ဘယ်လောက်နဲ့ချိတ်ထားလဲဆိုတာကိုသိရှိနိုင်ပါတယ်။ printer ရဲ့ IP Address ကိုသိရရင်တော့ Win+R > cmd ခေါ်ပြီး Blackscreen (cmd) ပေါ်လာပြီဆိုရင် ping <printer ip address> (e.g: 192.168.110.21) ကိုတစ်ချက်ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ။ reply ပြန်ရင်တော့ connection မိနေတာဖြစ်ပြီး reply မပြန်ပါက Printer ရဲ့ IP address က change သွားလား/ Computer မှာပဲ IP address လွဲနေလားဆိုတာ စစ်ပေးရပါမယ်။
Solution-4
Printer IP Address လွဲသွားသလားကြည့်ဖို့အတွက် သက်ဆိုင်ရာ Printer မှာ self test (IP Test) ထုတ်ကြည့်ရမှာဖြစ်ပြီး ခုနက printer setting မှာ ချိတ်ထားတဲ့ IP address နဲ့ မှန်/ မမှန် တိုက်စစ်ကြည့်ပေးရပါမယ်။ မှန်နေရင်တော့ IP Addreess ပြောင်းသွားခြင်းမရှိဘူးဟုယူဆနိုင်ပြီး တခြားအကြောင်းအရင်းကြောင့် Connection မမိတာမျိုးဖြစ်နိုင်ပါတယ်။ (e.g: Network ကြိုးမမိတာ/ Computer မှာ Network မရတာ/ Network လွဲနေတာ)
အကယ်၍ self test (IP Test) ထုတ်တဲ့အချိန် IP Address ချိန်းသွားပြီး အရင် Setting ချထားတဲ့ IP address မျိုးမဟုတ်တော့ဘူးဆိုရင်တော့ IP address ချိန်းသွားသောကြောင့် Printer ရဲ့ Default IP Address ဖြစ်သွားပြီး print မထွက်နိုင်တာဖြစ်ပါတယ်။
P.S : self test (IP Test) မထုတ်တတ်ဘူးဆိုရင်တော့ ဒီ Link ကနေတစ်ဆင်လေ့လာနိုင်ပါတယ်။