Restaurant တွေ Barတွေမှာ အသုံးပြုနေကြတဲ့ KOT ထုတ်တဲ့ printer တွေဖြစ်တဲ့ Network Slip Printer တွေမှာ IP address ကိုဘယ်လိုကြည့်ရမလဲ၊ self test print ဘယ်လိုထုတ်ရမလဲဆိုတာကိုတစ်ချက်ရှင်းပြပေးသွားပါမယ်ခင်ဗျာ။
IP self test ထုတ်တဲ့အကြောင်းလေး မပြောခင် အရင်ဆုံး "Network Printer တွေမှာ ဘာလို့ IP Address ရှိတာလဲ/သူက ဘယ်လိုအလုပ်လုပ်လဲ" ဆိုတာကိုအတိုချုံးလေးတစ်ချက်ရှင်းပြချင်ပါတယ်။ Printer မှမဟုတ်ဘဲ network ချိတ်ဆက်အသုံးပြုနိုင်တဲ့ Device (Computer, printer, tablet, . . . )တိုင်းမှာ IP Address ဆိုတာရှိပါမယ်။ အလွယ်ပြောရရင် ဒီ Device ရဲ့ အိမ်လိပ်စာ ဘယ်လောက်ဖြစ်ပါတယ် ဘယ်လမ်း/ဘယ်မြို့ကဖြစ်ပါတယ် စတဲ့သဘောမျိုးပေါ့။ Network Printer ဖြစ်တဲ့အတွက် သူနဲ့ချိတ်ဆက်ရမဲ့ connection က network ကြိုးကနေတဆင့် အသုံးပြုရမှာဖြစ်ပြီး မိမိရဲ့ Device တွေဖြစ်တဲ့ Computer/ Tablet ကနေတစ်ဆင့် print လှမ်းထုတ်ဖို့အတွက် ၎င်း Deviceတွေ (Computer, Tablet, Printer, ...) အချင်းချင်း connection အပြန်အလှန်ရရှိဖို့လိုအပ်ပါတယ်။ Connection ရရှိဖို့ဆိုရင်တော့ မိမိတို့အသုံးပြုတဲ့ Device တွေကြားမှာ ဆက်သွယ်ဖို့အတွက် Network တစ်ခုရှိရမှာဖြစ်ပြီး Device တိုင်းရဲ့ IP Address ကလည်း Series တစ်ခုတည်းမှာရှိနေမှရပါမယ်။ ဥပမာပေးရရင် Printer ရဲ့ IP Address က 192.168.1.11 ဖြစ်တယ်ဆိုရင် Computer မှာလည်း သူနဲ့ series တူဖြစ်တဲ့ 192.168.1.10 ဖြစ်ရမှာဖြစ်ပြီး သူတို့အချင်းချင်း ချိတ်ဆက်ထားဖို့လည်းအတွက် Network တစ်ခုရှိဖို့လည်းလိုအပ်ပါတယ်။ ၎င်း network ဆိုတာကတော့ internet (wifi) ရနေတာကို မဆိုလိုဘဲ private network တစ်ခုဖြစ်နေရင်လည်းအဆင်ပြေပါတယ်။ အောက်ကပုံလေးကတော့ Device တွေ တစ်ခုနဲ့တစ်ခု အကြား ချိတ်ဆက်ထားတဲ့ Network System လေးတစ်ခုပဲဖြစ်ပါတယ်။
Slip Printer တွေကို computer တွေနဲ့မချိတ်ဆက်ခင် (Network မချိတ်ခင်) ဒီ Printer ရဲ့ IP Address က ဘယ်လောက်ရှိတယ်/ မိမိတို့အခု Setting ချထားတဲ့ Network ရဲ့ Address တွေနဲ့ကိုက်ညီမှုရှိလားဆိုတာကိုသိရဖို့အတွက် ၎င်း printer ရဲ့ IP Address ကိုသိရှိဖို့လိုအပ်ပါတယ်။ IP Address ကို ထုတ်ကြည့်မယ်ဆိုရင်တော့ Printer ကနေပဲ self test ဆိုတာကိုထုတ်ရမှာဖြစ်ပြီး self test ဆိုတာကတော့ ဒီ printer နဲ့သက်ဆိုင်တဲ့ settingတွေ/ properties တွေကို ထုတ်လိုက်တဲ့ စာရွက်မှာပြပေးထားတာပဲဖြစ်ပါတယ်။
များသောအားဖြင့် Slip Printer တွေမှာ self test တစ်ချက်စမ်းထုတ်ကြည့်မယ် (IP Address ကြည့်မယ်)ဆိုရင် အရင်ဆုံး Printer မှာရှိတဲ့ Power ခလုတ်ကိုတစ်ချက်ပိတ်ထားပေးရပါမယ်။ ပြီးရင်တော့ Feed ခလုတ် (စာရွက်ထွက်တဲ့ခလုတ်) ကိုဖိထားပေးရပါမယ်။ ပြီးရင်တော့ Power ခလုတ်ကိုဖွင့်ပြီး 3sec/5sec လောက်နေမှ Feed ခလုတ်ကို တစ်ချက်လွှတ်လိုက်မယ်ဆိုရင် Printer ကနေ Self test ဆိုတဲ့ ခေါင်းစဉ်နဲ့စာရွက်ထွက်လာမှာဖြစ်ပါတယ်။
Procedure အားဖြင့် အကျဉ်းချုပ်ရမယ်ဆိုရင်
Close the Power Button (Printer ပါဝါကိုပိတ်ထား)
Hold press the Feed Button (Feed ခလုတ်ကိုဖိ)
Open the Power Button (Printer ပါဝါကိုဖွင့်)
Relese the Feed Button after 3/5 sec (3/5 sec ကြာရင် Feed ခလုတ်ကိုလွှတ်)
Feed ခလုတ်နဲ့ Power ခလုတ်ကိုတစ်ခုတည်းထားတဲ့ တချို့ Printer တွေမှာဆိုရင်တော့ Power ခလုတ်ကိုပိတ်ထားပြီ ပြန်ဖွင့်ပြီဆိုတာနဲ့ ၎င်း ခလုတ်ကိုနှိပ်ထားပြီး Printer မှာ မီးလေးလင်းပြီး signal ပြမှလွှတ်လိုက်ရင်တော့ selftest လေးထွက်လာမှာဖြစ်ပါတယ်။
Self-test print on X Printer from YouTube