RestaurantPOS သုံးတဲ့ Tablet/ Phone တွေမှာ Software ဖွင့်မရတော့တဲ့အချိန် / SVR Status အနီရောင်Sign ဖြစ်နေတဲ့အချိန် စစ်ကြည့်ရမဲ့အရာများနဲ့ ဖြေရှင်းနိုင်မဲ့ Troubleshoot များကိုတစ်ချက်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ စစ်ကြည့်ရမဲ့အရာလေးတွေမပြောခင် ပထမဦးဆုံးအနေနဲ့ Tablet ကဘယ်လိုအလုပ်လုပ်လဲ/ Server စက်နဲ့ဘယ်လိုချိတ်ဆက်ထားလဲ/ ဘယ်လိုအခြေအနေတွေမှာ Tablet Software မပွင့်တာမျိုးဖြစ်တတ်လဲဆိုတာလေးတွေကိုတစ်ချက်ရှင်းပြပေးချင်ပါတယ်။
Tablet Software သည် Client Computer နှင့်ပုံစံတူပြီး Client သည် Server စက်ကို Network ကြိုးဖြင့်ချိတ်သကဲ့သို့ Tablet သည်လည်း Server စက်နှင့်ချိတ်ဆက်နိုင်ရန် Wifi ကိုချိတ်ဆက်ပြီး Software ကိုအသုံးပြုပါသည်။ ထို့ကြောင့် Tablet တွင် Software ပွင့်ဖို့ရာ ဦးစွာ Server စက်ချိတ်ထားသော Network ရှိ Wifi (POS အတွက် ဆင်ထားသော Network) ကိုချိတ်ထားရန်လိုအပ်ပါသည်။ အောက်ပါပုံလေးကိုကြည့်ပြီး Tablet ချိတ်ဆက်ထားပုံကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်ပါသည်။
Tablet တွင် Software သုံးလို့မရနိုင်တဲ့အခြေအနေတွေက အမျိုးမျိုးရှိနိုင်ပြီးတော့ အများဆုံးဖြစ်တတ်တဲ့အရာလေးတွေကို တစ်ချက်ပြောပြပေးသွားပါမယ်။
(1) POS Network မှာရှိတဲ့ Wifi ကိုမချိတ်ထားသောအချိန်
(2) Computer ရှိ IP ပြောင်းသွားသောအချိန်
(3) Computer မှာ Network Connection မရသောအချိန်
(4) Reset Data မှား၍ချထားမိသောအချိန်
(5) Computer/ Tablet မှာ IP Address ထပ်နေသောအချိန်
အထက်ပါပြောထားတဲ့ case များအလိုက် စစ်ကြည့်သွားပြီးတော့ဖြေရှင်းရမှာဖြစ်ပါတယ်။
Tablet Software တွင် SVR Status နီနေပါက ပထမဦးဆုံးအနေဖြင့် Tablet ချိတ်ထားသော Wifi သည် မိမိတို့ ပုံမှန်ချိတ်နေကျ POS Network ရဲ့ Wifi ဟုတ်/ မဟုတ်ကို တစ်ချက်စစ်ကြည့်ရမည်ဖြစ်ပြီး ချိတ်ဆက်ထားခြင်းမရှိပါက wifi ကိုပြန်ချိတ်ရန်လိုအပ်ပါသည်။
Computer ရှိ Network IP သည်များသောအားဖြင့် Static (ပုံသေ) အနေအထားဖြင့်ရှိနေနိုင်သော်လည်း တပ်ဆင်ထားသည့် Network Setting အရ Static ပေးမရဘဲ IP ချိန်းသွားသည့်အခါတွင်လည်း Tablet မှာ Register လုပ်ခဲ့သော IP Address နှင့်မတူသည့်အခါ SVR Status နီ၍ Software သုံးမရတာမျိုးဖြစ်တတ်ပါသည်။ ထိုအခါ Tablet နဲ့ချိတ်ထားသည့် Computer ရဲ့ IP နှင့် Tablet Software ရဲ့ Set URL မှာထည့်ထားသည့် IP တူ/မတူကိုစစ်ကြည့်ရန်လိုအပ်ပါသည်။ Computer တွင် ip စစ်ကြည့်ရန် keyboard ကနေ Window+R တွဲနှိပ်ပြီး Run box ပေါ်လာရင် 'cmd' လို့ရိုက်ပြီးတော့ Enter (သို့) OK ကိုတစ်ချက်နှိပ်ရပါမယ်။ command box (Black screen)ပေါ်လာပြီဆိုရင် အရင်ဆုံး မိမိစက်ရဲ့ IP ကိုစစ်ဖို့အတွက် 'ipconfig' ဆိုတာလေးကိုတစ်ချက်ရိုက်ထည့်ပြီး Enter ခေါက်ကြည့်ပေးပါ။ IPv4 Address ဆိုတဲ့နေရာမှာ မိမိစက်ရဲ့ IP address ကိုမြင်ရမှာဖြစ်ပါတယ်။ ၎င်း IPv4 address နှင့် Tablet တွင် တိုက်စစ်ကြည့်ပြီး မတူလျှင် Computer ရှိ IP No. အတိုင်း Tablet မှာ ထည့်ပေးရန်လိုအပ်ပါသည်။ ထိုအခါတွင် SVR Status စိမ်းသွားပါက Load Data ဆွဲ၍ ပုံမှန်အတိုင်း Software ကိုပြန်၍အသုံးပြုလို့ရနိုင်ပါသည်။
Case 2 တွင်ဖော်ပြထားသည့်အတိုင်း IP စစ်ကြည့်သောအခါ IP Address ကျမလာဘူးဆိုရင်တော့ Computer ရှိ Network Connection လွတ်နေ၍ Tablet မှာ Software သုံးမရတာမျိုးဖြစ်နိုင်ပါသည်။ Computer တွင် Network ကြိုး မိ/မမိ စစ်ဖို့အတွက် Keyboard ကနေ Window+R တွဲနှိပ်ပြီး Run box ပေါ်လာရင် 'ncpa.cpl' လို့ရိုက်ပြီးတော့ Enter (သို့) OK ကိုတစ်ချက်နှိပ်ပြီး စစ်ကြည့်နိုင်ပါတယ်။ Server / Client ၂ခုစလုံးမှာ စစ်ကြည့်ရမှာဖြစ်ပြီးတော့ လိုအပ်ရင် Network ခေါင်းကိုအဖြုတ်အတပ်လုပ်ကြည့်ပေးရပါမယ်။
သက်ဆိုင်ရာ Connection များရနေသော်လည်း Tablet တွင် Reset Data မှားနှိပ်မိသောအခါမျိုးတွင် အရင်က Register လုပ်ထားသော Device သည် reset ကျသွားပြီး SVR Status နီနေ၍ Software အသုံးပြုမရတာမျိုးဖြစ်တတ်ပါသည်။ Tablet Software ရှိ Setting ကိုဝင်လိုက်လျှင် Load Data မပေါ်တော့ဘဲ Set URL တွင် အရင်ကချိတ်ထားခဲ့သော IP no. မရှိတော့ဘူးဆိုလျှင် Reset Data ခလုတ်ကို မှားနှိပ်မိပြီး Reset ကျသွားသည်ဟုယူဆနိုင်ပါသည်။ Reset ဖြစ်သွားပြီဆိုလျှင် Tablet Software သုံးနိုင်ရန် ပြန်၍ register လုပ်ရန်လိုအပ်ပါသည်။ Register လုပ်ရန်အတွက် အောက်ပါ Step အတိုင်းဆက်လက်လုပ်ဆောင်ရန်လိုအပ်ပါသည်။
(1) Reset Data
(2) Set URL > (Computer IP) > SVR Status စိမ်း
(3) Register > (Register Key) > Complete Registration
(4) Load Data
P.S : Tablet Register လုပ်နည်းအပြည့်အစုံကို ဒီ Link ကနေတစ်ဆင့်လေ့လာနိုင်ပါတယ်။
အပေါ်ကပြောထားသည့် case များအားလုံးအဆင်ပြေနေရင်တော့ Computer / Tablet ၂ခုစလုံးရဲ့ IP Address ကိုစစ်ကြည့်ရမှာဖြစ်ပြီး နှစ်ဖက်စလုံးကို အပြန်အလှန် data transfer(connection) ရှိ/မရှိ cmd ကနေ ping ကြည့်ရမှာဖြစ်ပါတယ်။ Tablet ရဲ့ IP ကိုသိရှိနိုင်ရန် Wifi Setting ကနေ မိမိချိတ်ဆက်ထားသော wifi name ကိုနှိပ်ပြီး IPv4 address နေရာတွင် ကြည့်နိုင်ပါသည်။
cmd ကနေ connection ရ/မရ စစ်ကြည့်ဖို့အတွက် Computer တွင် keyboard ကနေ Window+R တွဲနှိပ်ပြီး Run box ပေါ်လာရင် 'cmd' လို့ရိုက်ပြီးတော့ Enter (သို့) OK ကိုတစ်ချက်နှိပ်ရပါမယ်။ command box (Black screen)ပေါ်လာပြီဆိုရင် အရင်ဆုံး မိမိစက်ရဲ့ IP ကိုစစ်ဖို့အတွက် 'ipconfig'လို့ရိုက်၍စစ်နိုင်ပါသည်။ IP Address ကျနေရင်လည်း Computer/Tablet ၂ခုစလုံးရဲ့ IP Address ကိုယှဉ်၍ Series တူ/မတူ တစ်ချက်စစ်ပေးရပါမယ်။ Example: Computer မှာ 192.168.110.10 ဆိုရင် Tabletမှာ 192.168.110.__ ရှိနေပြီး 110- series တူနေတာမျိုးဖြစ်ရပါမယ်။ series လည်းတူနေရင်တော့ နှစ်ဖက်စလုံးကို တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန် ping ကြည့်ပေးရပါမယ်။ Example : Tablet က 192.168.110.20 ဆိုရင် Computer ရဲ့ cmd ကနေပဲ ping 192.168.110.20 ဆိုပြီးရိုက်၍ Enter ခေါက်ကြည့်ရပါမယ်။ ထိုအခါမှာ Reply ပြန်ရင်တော့ connection မိနေတာဖြစ်ပြီး Request Time Out ဆိုရင်တော့ Tablet နဲ့ Connection မရဘဲဖြစ်နေပါတယ်။
အကယ်၍ Server စက်မှာ IP Address က မိမိတို့ Network ရဲ့ IP series (192.168.110._) မဟုတ်ဘဲ ' 169.254._._ ' လို့ပြနေရင်တော့ Server စက်မှာ IP မကျတာ/ IP Address ထပ်နေတာမျိုးဖြစ်နိုင်ပါတယ်။ အဲ့ဒီအခါကျရင် Server စက်ကနေ Network ကြိုးထိုးထားတဲ့ Switch / Router ကိုပါဝါအဖွင့်/အပိတ်လုပ်တာ ကြိုးအဖြုတ်/အတပ်လုပ်ကြည့်တာမျိုးလုပ်ပေးရပါမယ်။ IP ကို Static (ပုံသေ) ပေးထားခဲ့ရင်လည်း DHCP (Dynamic) ပြောင်းပြီး ipconfig နဲ့ပြန်စစ်ကြည့်တာမျိုးလုပ်ပေးရပါမယ်။