RestaurantPOS သုံးတဲ့ Tablet/ Phone တွေမှာ Software Register လုပ်နည်း (step by step) လေးကိုတစ်ချက်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ပထမဦးဆုံးအနေနဲ့ Tablet ကဘယ်လိုအလုပ်လုပ်လဲ/ Server စက်နဲ့ဘယ်လိုချိတ်ဆက်ထားလဲ/ ဘယ်လိုအခြေအနေတွေမှာ Registerလုပ်ရတာလဲဆိုတာလေးတွေကိုတစ်ချက်ရှင်းပြပေးချင်ပါတယ်။ (အကယ်၍ Register လုပ်နည်းလေးပဲသိချင်တာဆိုရင်တော့ အောက်မှာရှိတဲ့ content link ကနေတစ်ဆင့်တန်းပြီးတော့ သွားကြည့်နိုင်ပါတယ်ခင်ဗျာ)
Tablet Software သည် Client Computer နှင့်ပုံစံတူပြီး Client သည် Server စက်ကို Network ကြိုးဖြင့်ချိတ်သကဲ့သို့ Tablet သည်လည်း Server စက်နှင့်ချိတ်ဆက်နိုင်ရန် Wifi ကိုချိတ်ဆက်ပြီး Software ကိုအသုံးပြုပါသည်။ ထို့ကြောင့် Tablet တွင် Software သုံးနိုင်ရန် ဦးစွာ Server စက်ချိတ်ထားသော Network ရှိ Wifi (POS အတွက် ဆင်ထားသော Network) ကိုချိတ်ထားရန်လိုအပ်ပါသည်။ အောက်ပါပုံလေးကိုကြည့်ပြီး Tablet ချိတ်ဆက်ထားပုံကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်ပါသည်။
Tablet/phone ထဲကို Software installation လုပ်ပြီးနောက် Software ကို ချက်ချင်းအသုံးပြုလို့မရနိုင်သေးပါ။software ကို Main Server မှာရှိသော Computer နှင့် wifiကနေချိတ်ဆက်ပြီး register အဆင့်ဆင့်လုပ်ပြီးမှသာ software ကိုအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ Register ကို ပထမဆုံးတစ်ကြိမ်ပြုလုပ်ပြီးတာနဲ့ နောက်တစ်ခေါက်ထပ်လုပ်စရာမလိုပဲ ဆက်တိုက်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ အလွယ်ရှင်းပြမယ်ဆိုရင် ဒီ Tablet/phone ကို Software စပြီးအသုံးပြုမယ်ဆိုပြီးတော့ အရင်ဆုံး register လုပ်လိုက်တဲ့သဘောပါ။ နောက်တစ်ကြိမ် Reset Data မချခင်အထိ Register ထပ်လုပ်စရာမလိုပဲဆက်တိုက်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ Reset Data အကြောင်းကို Step By Step Registration အပိုင်းမှာဆက်ပြီးတော့ ပြောပြပေးသွားပါမယ်။
Register လုပ်နည်းကို Step by step အလိုက် ပုံနှင့်တကွရှင်းပြပေးသွားပါမယ်။
Register လုပ်ရတော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ reset data ကို တစ်ချက်လုပ်ပေးရပါမယ်။ ဒီအဆင့်က reset data လုပ်ပြီးသားဆိုရင်တော့ထပ်လုပ်စရာမလိုပေမယ့် register မလုပ်ခင် အရင်က register လုပ်ထားပြီး Connection ချိတ်ဆက်ထားတာမျိုးရှိရင်တစ်ခါတည်း software ကို reset လုပ်လိုက်တာပဲဖြစ်ပါတယ်။ Reset Data လုပ်ဖို့အတွက်ဆိုရင် Tablet Software ရဲ့ Login Form မှာရှိတဲ့ ညာဘက်အပေါ်ထောင့်က Setting ကိုနှိပ်ပြီးကျလာတဲ့ Menu ကနေ reset ဆိုတာကိုနှိပ်ပေးရပါမယ်။ (password တောင်းလာရင်တော့ "reset" ဆိုပြီးရိုက်ထည့်ပြီး OK နှိပ်ပေးလိုက်ပါ)
Reset Data ချပြီးသွားရင်တော့ SVR Status ဆိုတာလေးက နီနေပါလိမ့်မယ်။ SVR Status ဆိုတာကတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ tablet software က Server Computer နဲ့ ချိတ်ဆက်မှုရှိ/မရှိ Signal ပြပေးတာဖြစ်ပြီး Connection မရှိလို့ နီနေတာဖြစ်ပါတယ်။ ဒါကြောင့် Server နဲ့ Connect ဖြစ်ဖို့အတွက် Set URL မှာ Computer ရဲ့ IP Address (IP No.) လေးကိုရိုက်ထည့်ပေးရပါမယ်။ Set URL မှာ ရိုက်ထည့်ဖို့အတွက် Setting ကနေ Set URL ဆိုတာကိုနှိပ်ပြီး IP No. ရိုက်ထည့်ပြီးတော့ OK နှိပ်လိုက်ပါမယ်။ ပြီးရင် SVR Status ဘေးကနီနေတာလေးကို နှိပ်လိုက်လို့ စိမ်းသွားရင်တော့ Set URL ထည့်တဲ့အဆင့်ကအောင်မြင်သွားပါပြီ။ နောက်တစ်ဆင့်ကိုဆက်သွားလို့ရပါပြီ။
Server Status စိမ်းသွားပြီးရင်တော့ Tablet Software သည် Server Computer နှင့် connection ချိတ်ဆက်မှုရှိသွားပြီဖြစ်တဲ့အတွက် Register စပြီးလုပ်လို့ရပါပြီ။ Register ဆိုတာကတော့ ဒီ Tablet/phone ကို Software မှာအသုံးပြုမယ်ဆိုပြီးတော့ Register key တစ်ခုကို သတ်မှတ်ပေးပြီး Server မှာ add(register) လုပ်လိုက်တာဖြစ်ပါတယ်။ Register key သတ်မှတ်မယ်ဆိုရင် အသုံးပြုမဲ့ Tablet တိုင်းမှာ name တစ်ခုစီရှိရမှာဖြစ်ပြီး ထပ်လို့မရပါဘူး။ (ဥပမာ - Tablet တစ်လုံးကို 'A' နဲ့ Register လုပ်ပြီးသွားရင် နောက်တစ်လုံးကို 'A' နဲ့လုပ်လို့ရတော့မှာမဟုတ်ဘဲ 'B','C','D','E',... စသဖြင့် register လုပ်ပေးသွားရမှာပဲဖြစ်ပါတယ်)
Register key သတ်မှတ်ပြီးသွားရင်လည်း လုပ်လိုက်တဲ့ Tablet နှင့်တွဲပြီး ပုံသေအမြဲမှတ်ထားပေးရပါမယ်။ ဒါမှသာ နောက်ပိုင်းအကြောင်းအမျိုးမျိုးကြောင့် Register ပြန်လုပ်ရတဲ့အချိန် မိမိ မှတ်ထားသော Register key ကိုထည့်လို့ရမှာဖြစ်ပါတယ်။ အကောင်းဆုံးအကြံပေးချင်တာကတော့ Register လုပ်ပြီးပြီးဆိုတာနဲ့ လုပ်လိုက်တဲ့ Register key ကို Tablet ရဲ့နောက်ကျောမှာ စာရွက်နဲ့ပုံသေကပ်လိုက်တာမျိုးဆို နောက်တစ်ခါ register လုပ်မဲ့အချိန် Tablet ရဲ့ key ကို အလွယ်တကူသိရှိနိုင်မှာပဲဖြစ်ပါတယ်။ အကယ်၍ Register လုပ်တဲ့အချိန် Register Key မမှတ်မိတော့ဘူးဆိုရင်လည်း Computer ရဲ့ Software ထဲမှာရှိတဲ့ System Setting > Unregister Tablet ကနေလည်းတစ်ဆင့်ဝင်ပြီးကြည့်လို့ရပါတယ်။
Register လုပ်ဖို့အတွက်ဆိုရင် Setting ကနေ Register ကိုနှိပ်ပြီး သက်ဆိုင်ရာ Tablet ၏ Register key ကိုရိုက်ထည့်ပြီး OK ပေးလိုက်ပါမယ်။ Complete Registration ဖြစ်သွားရင်တော့ Register လုပ်တာအောင်မြင်ပြီပဲဖြစ်ပါတယ်။ (အကယ်၍ Duplicate ပြနေမယ်ဆိုရင် တခြား Device ရဲ့ Register Key ကို ထည့်မိတာမျိုးဖြစ်နိုင်ပါတယ်။)
Set URL ချိတ်ပြီး Server Computer နဲ့လည်း Connection ရပြီ/ Register လည်းလုပ်ပြီးသွားပြီဆိုရင်တော့ Load Data ကိုဆွဲပြီး Software ကို စတင်အသုံးပြုလို့ရပြီပဲဖြစ်ပါတယ်။ Load Data ဆိုတာကတော့ Computer မှာရှိတဲ့ နောက်ဆုံး up-to-date data တွေကို Tablet software ထဲရောက်အောင် Download ဆွဲပေးတာဖြစ်ပါတယ်။ Load Data ကို Register လုပ်သည့်အချိန်မှာမဟုတ်ဘဲ နောက်ပိုင်း Software ကိုဆက်တိုက်အသုံးပြုနေသည့်အချိန်တွင်လည်း အမြဲတမ်း Load Data ကိုဆွဲနေရမှာပဲဖြစ်ပါတယ်။ Load Data ဆွဲဖို့အတွက် Setting မှာရှိတဲ့ Load Data ဆိုတာကိုတစ်ချက်နှိပ်ပေးရပါမယ်။ Reset Data ချ- Register လုပ်ပြီး ပထမဆုံး Load Data ဆွဲတာဖြစ်တဲ့အတွက် Computer မှာရှိတဲ့ Data အားလုံးကို download ဆွဲရတာဖြစ်တဲ့အတွက်ကြောင့် 100% ပြည့်ဖို့အတွက် အချိန်အတိုင်းအတာတစ်ခုစောင့်ပေးရပါမယ်။ နောက်ပိုင်း Load Data ဆွဲတဲ့အချိန်ကျရင်တော့ Update ဖြစ်သွားမဲ့ Data ကိုပဲယူမှာဖြစ်တဲ့အတွက်ကြောင့် မြန်မြန်နဲ့ ပြီးသွားပါလိမ့်မယ်။ Load Data ဆွဲပြီးရင်တော့ User icon လေးကိုတစ်ချက်နှိပ်လိုက်လို့ မိမိရဲ့ Software ထဲက User List ပေါ်လာပြီဆိုရင်တော့ Register လုပ်တဲ့အဆင့်အားလုံးအောင်မြင်ပြီး Software ကိုအသုံးပြုလို့ရပြီပဲဖြစ်ပါတယ်။
အပေါ်မှာရှင်းပြထားတဲ့ Step-By-Step မှာတစ်ခုချင်းစီနားလည်သွားအောင်အသေးစိတ်ရှင်းပြပေးထားတဲ့အတွက် ဖတ်ရတာရှည်နေရင် အခု Summary ပိုင်းလေးမှာ Step-By-Step အတိုချုပ်လေးကိုဖော်ပြပေးလိုက်ပါတယ်။
Reset Data >> [Password တောင်းရင် 'Reset' လို့ရိုက်] >> OK
Set URL >> [Computer ရဲ့ IP Address] >> OK >> SVR Status စိမ်း
Register >> သက်ဆိုင်ရာ Tablet ရဲ့ [Register Key] ရိုက်ထည့် >> OK >> Complete Registration
Load Data >> 100 ပြည့်ရင် ရပြီ။