မင်္ဂလာပါဗျ . . . .
ကျွန်တော်နာမည် စောထိုဆာဖေါ ပါ။ ဂျက်ကီချန်း လို့ နာမည်ပြောင် ခေါ်ကြပါတယ်။
၁၃ . ၆ . ၁၉၉၃ မွေးပါတယ်။ အဖေက ကရင်၊ အမေက ရှမ်း လူမျိုးပါ။
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ဇာတိပါ။
၁၉၉၈ မှ ၂၀၀၉ အထိ ဖားကန့်မြို့ နယ်ရဲ့ ကျေးရွာများဖြစ်သော ဆန်ခါ၊ လုံးခင်း၊ ကုဋေမှော် ကျေးရွာတွေရဲ့ ကျောင်းတွေမှာ အခြေခံပညာအထက်တန်းထိ သင်ယူခဲ့ပါတယ်။
၂၀၁၀ - ၂၀၁၅ နှစ်ကုန်အထိ ရွှေလုပ်ငန်းလုပ်သား၊ ကျောက်ကုမ္ပဏီလုပ်သား၊ မြေကော်စက်(ဘက်ဖိုး) မောင်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပါတယ်။
၂၀၁၆ - ၂၀၂၀ အထိ မြန်မာနိုင်ငံခရစ်ယာန်ဓမ္မတက္ကသိုလ်တွင်(MICT) တွင် ဓမ္မပညာဆည်းပူးခဲ့ပါသည်။
၂၀၂၁ - ၂၀၂၅ အထက်မြန်မာပြည်ကရင်သာသနာ၏ အသင်းတော်တစ်ပါးဖြစ်သော ဆိုင်းတောင်အသင်းတော်၏ လုံးခင်းတပည့်တော်စုတွင် လူငယ်တာဝန်ခံ ဓမ္မဆရာအဖြစ် ဆက်ကပ်ခဲ့ပါသည်။
၂၀၂၆ - ယခုချိန်တွင် ရန်ကုန်ကရင်သာသနာနယ်၏ အသင်းတော်တစ်ပါးဖြစ်သော ပလောနယ်မူးအသင်းတော်၏ လောခေါပလောတပည့်တော်စု(လှည်းလမ်းကူး) တွင် တာဝန်ခံ ဓမ္မဆရာအဖြစ် ဆက်ကပ်ပါဝင်နေပါသည်။