Random Burma
နောက်ဆုံးရသတင်းများ၊ဗဟိုသုတများ၊နိုင်ငံတကားသတင်းများကို နေ့စဉ်တင်ဆက်ပေးနေပါသည်။
Random Burma
နောက်ဆုံးရသတင်းများ၊ဗဟိုသုတများ၊နိုင်ငံတကားသတင်းများကို နေ့စဉ်တင်ဆက်ပေးနေပါသည်။
UBlock Origin ကို အသုံးပြု ပြီး YouTube ads များ ကို ပိတ်နည်း
May 14,2021 Admin
YouTube မှသီချင်းကြည့်နေတာတို့ သတင်းကြည့် နေတာတို့ စိတ်ဝင်တစားကြည့်နေပီဆို ads တွေဝင်ဝင်လာတာ လူတိုင်းကြုံဖူးကြမှာပါ တော်တော်အာရုံနောက်စရာကောင်းပါတယ် ဟီး... UBlock origin ကိုသုံးပီး ads တွေ လုံးမလာအောင် လုပ်နိုင်ပါတယ်။ ublock ဟာဆိုတစ်ခြားဘာတွေလုပ်နိုင်သေးလဲ ဆိုရင် ကိုယ်တိုင် Trust site တွေသက်မှတ်နိုင်မယ်၊ ကိုယ်မကြိုက်တဲ့ site တွေကို ကြိုတင် filter လုပ်ထားနိုင်မယ်၊ ကိုယ်တိုင် Permanent rules တွေသက်မှတ်ထားနိုင်ပါသေး တယ် ။ ဒီpost မှာ တော့ YouTube ads ပိတ်နည်းကိုပဲ တစ်ဆင့်ချင်းတင်ပြလိုက်ပါတယ်။ copy link - http://fumacrom.com/MaW9
ပုံ-၁
Download Link ကို နိုပ်လိုက်ရင် chrome မှာသုံးဖို့ ublock origin ကို တွေ့ရမှာပါ add to chrome ကိုနိုပ်လိုက်ရုံပါပဲ ပီးရင် ပုံ(၁) မှာပြထားတဲ့အတိုင်း extensions ကနေ ublock origin ကို pin လုပ်လိုက်ပါ။
ပုံ-၂
pin လုပ်ပီးသွားရင်တော့ ပုံ-၂ မှာပြထားတဲ့အတိုင်း right click နိုင်ပီး on youtube.com ကို ရွေးလိုက်ပါ ၊ ဒါဆိုရင်တော့ YouTube တစ် site ထဲကိုပဲ ads block ပေးပါလိမ့်မယ်၊ On all sites ကိုရွေးလိုက်ရင် တော့ ကိုယ် ဝင်သမျှ site တွေအကုန်လုံးမှာ ရှိတဲ့ ads တွေအကုန်လုံးကို block ပေးပါလိမ့်မယ် အားလုံးအဆင်ပြေကြပါစေဗျာ။