Who We Are
Pyinya Sanyae since 2007, has trained over 350 teachers who actively serve in the field of education throughout Myanmar.
A collaboration between Archdiocese of Yangon and Infant Jesus Mission, Pyinya Sanyae collaborates with parish communities, monastic centres and schools to improve education especially for the disadvantaged, vulnerable children and youths in Myanmar.
"ပညာစမ်းရေ" ဟာ ၂၀၀၇ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးက ပညာရေးနယ်ပယ်အသီးသီးမှာ တက်တက်ကြွကြွ ပေးဆပ်နေကြတဲ့ ဆရာ၊ ဆရာမပေါင်း ၃၅၀ ကျော်ကို ပြုစုပျိုးထောင်ပေးခဲ့ပြီးပါပြီ။
Archdiocese of Yangon နဲ့ Infant Jesus Missions တို့ ပူးပေါင်းတည်ထောင်ထားတဲ့ "ပညာစမ်းရေ" ဟာ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အခြေခံလိုအပ်ချက်ရှိသူတွေ၊ ထိခိုက်လွယ်တဲ့ ကလေးသူငယ်တွေ၊ လူငယ်တွေရဲ့ ပညာရေးကဏ္ဍ မြင့်မားလာစေဖို့အတွက် ခရစ်ယာန်ဘာသာရေးအသိုက်အဝန်း (Parish communities) တွေ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ လက်တွဲပြီး အားသွန်ခွန်စိုက် လုပ်ဆောင်နေတာတဲ့အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
Our Vision
A Christ – centred community of competent educators serving
with humility, compassion, courage,
justice, integrity and in freedom
"ခရစ်တော်ကို ဗဟိုပြု၍ နှိမ့်ချခြင်း၊ သနားဂရုဏာထားခြင်း၊ ရဲရင့်ခြင်း၊ တရားမျှတခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းနှင့် လွတ်လပ်ခြင်းတို့ဖြင့် လူထုကို အကျိုးပြုအလုပ်အကျွေးပြုမည့် အရည်အချင်းပြည့်ဝသော ပညာရေးအသိုက်အဝန်း"
Our Mission
To nurture competent educators
To facilitate a holistic education, especially for children from disadvantaged and vulnerable backgrounds.
To respond with moral courage when the need arises;
To be life-long learners.
အရည်အချင်းပြည့်ဝသော ဆရာမ/ဆရာမ များကို ပြုစုပျိုးထောင်ပေးရန်။
အထူးသဖြင့် နွမ်းပါးချို့တဲ့ပြီး ထိခိုက်လွယ်သောပတ်ဝန်းကျင်မှ ကလေးငယ်များအတွက် ဘက်စုံလွှမ်းခြုံသော ပညာရေးစနစ်ကို ကူညီပံ့ပိုးပေးရန်။
လိုအပ်ချက် ပေါ်ပေါက်လာသည့်အခါတိုင်း ကိုယ်ကျင့်တရားတို့နှင့် ရဲရင့်ပြတ်သားစွာ တုံ့ပြန်ဆောင်ရွက်ရန်။
တစ်သက်တာလုံး စဉ်ဆက်မပြတ် လေ့လာသင်ယူနေသူများ ဖြစ်လာစေရန်။