About Us
ဖြိုးအောင်ကျော် ပိုက်နှင့် ပိုက်ဆက်ပစ္စည်း၊ ရေခေါင်းနှင့် ဆက်စပ်သော ပစ္စည်းများ အသုံးအဆောင် ပစ္စည်းများ လက်ကားစင်တာကို ၂၀၀၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းနှင့်အတူ ဖြိုးအောင်ကျော်ဝက်ဆိုဒ်တွင် ဖော်ပြထားသော လက်ကားစင်တာတွင် ရရှိနိုင်သည့် ပစ္စည်းအမျိုးအစား(items) တစ်ခုချင်းစီကို မိတ်ဟောင်းမိတ်ဆွေသစ်များအတွက် ကြည့်ရှုနိုင်စေရန်နှင့် အလွယ်တကူ မှာယူရလွယ်စေရန် ထည့်သွင်းပေးထားပါသည်။ ဖြိုးအောင်ကျော်ဧ။် ပင်ရင်းမှာ ရန်ကုန်တိုင်း၊ သင်္ဃကျွန်းမြို့နယ်၌ တည်ရှိပြီး လက်ခွဲ လက်ကားစင်တာများမှာ ရန်ကုန်တိုင်း သင်္ဃကျွန်းမြို့နယ် ဇဝန ကားမှတ်တိုင်အနီးနှင့် မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်တွင် ဖွင့်လှစ်ထားပါသည်။
Mission
စိုက်ပျိုးရေးသုံး ပိုက်အမျိုးမျိုး၊ ရေစီးရေလာကောင်းမွန်စေရန် လုပ်ငန်းသုံး ဆိုဒ်စုံ ပိုက်အမျိုးမျိုးနှင့် ပိုက်ဆက်ပစ္စည်း အမျိုးမျိုး၊ ဆောက်လုပ်ရေးသုံး ပိုက်အမျိုးမျိုး၊ ရေခေါင်းနှင့် မော်တာအမျိုးမျိုး၊ ရေချိုးခန်းသုံးနှင့် အိမ်သာသုံး ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်းရှိ မြို့များနှင့် အနယ်နယ်အရပ်ရပ်သို့ လက်ကား ဖြန့်ဖြူးရောင်းချလာသည်မှာ ၁၆ နှစ် ကျော်တိုင် ရှိခဲ့ပြီဖြစ်ပါသည်။ လူကြီးမင်းတို့ လိုအပ်သော ပစ္စည်းများကို စျေးနှုန်း အနည်း၊ အများပေါ် မူတည်၍ အမျိုးမျိုးသော ပစ္စည်းများကို စုံစုံလင်လင် ဖြန့်ဖြူးလျက်ရှိပြီး အချိုသာဆုံး စျေးနှုန်း၊ အကောင်းဆုံး အရည်အသွေး၊ ဝန်ဆောင်မှုများ ပေးနိုင်ရန် ဖြိုးအောင်ကျော် ကုမ္ပဏီလီမိတက် မှ ကြိုးစားလျက်ရှိပါသည်။