We proudly show up some of our beneficiaries who have been changed by PEC!
"Our Great Happiness or Success Story"
PECကိုသူငယ်ချင်းတွေခေါ်လို့ ရောက်ခဲ့တော့ ညီမအတွက် တော်တော်လေး အဆင်ပြေသွားတယ်။ PECရဲ့ activities တွေကလာပြီး join ကြတဲ့ လူငယ်တွေကို အချင်းချင်း ရင်းနှီးလာစေတယ်။ ကိုယ်ပြောချင်တဲ့စကားတွေ၊ ideaတွေကို English လိုပြောပြနိုင်စေခဲ့ပါတယ်။ ညီမဆယ်တန်းပြီးကတည်းက English စာသင်တန်းတွေ လက်လှမ်းမီရာ တက်ပီး တိုးတက်အောင်လုပ်ခဲ့တာပါ။
ပြီးခဲ့တဲ့ တစ်နှစ်ကတည်းက စင်ကာပူက Nursing scholar ကိုဖြေချင်ခဲ့တဲ့အတွက် တက္ကသိုလ်တက် နေချိန်မှာ အပြင်ကEnglish စာသင်တန်းတွေလိုက်တက်ပြီးကြိုးစားခဲ့တယ်။ အဲ့မှာ ညီမ Grammar ပိုင်းရော အရေးအသားပိုင်းပါ ကိုယ့်ကိုယ်ကို အတော်အသင့်ရှိပီလို့ ထင်ခဲ့ပေမဲ့ speaking ပိုင်းကျတော့ စကားပြောဖို့ကနှုတ်လည်းမသွက်ဘူး။ တစ်ခုခုပြောဖို့ဆို English လို စကားလုံးတွေကစုစည်းမရဖြစ်နေရော။
English စကားကပြောဖို့အတွက် ညီမလို အခြေခံရှိပေမယ့်၊ စကားပြောဖို့ကျ confidence မရှိတဲ့သူတွေအတွက် သင့်တော်တဲ့ စကားပြောဖို့ environment တစ်ခုရှိမှ အဆင်ပြေမှာ။ PEC မှာ ပါဝင် ပြီးစကားပြောလေ့ကျင့်ပြီးတဲ့ နောက် တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကို English စကားပြောဖို့ ယုံကြည်မှုလည်းရှိလာတယ်။ နှုတ်လည်းသွက်လာတယ်။
အဲ့တာကြောင့် ဒီနှစ် Nursing scholarမှာ written အောင်ပီးတော့ interview ကိုလည်း confidence ရှိရှိနဲ့ သွက်သွက်လက်လက် ပြုံပြုံးရွှင်ရွှင်နဲ့ လုံးဝ anxiety မတက်ဘဲဖြေနိုင်ခဲ့လို့ အောင်ပီး Scholorship ရခဲ့ပါတယ်။
ညီမကိုအခုလို Interview မှာ Confidence ရှိအောင်ကူညီပေးခဲ့တဲ့PECကို လာjoin ကြည့်ကြပါ။ ပျော်စရာလည်းကောင်းပီး ကိုယ့်အတွက် လည်းအကျိုးရှိတာတခုခုရသွားမှာပါလို့ ပြောချင်ပါတယ်။ PECက volunteers အစ်ကိုအစ်မတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်လို့. . .
#Success Story
#Work For English, English will work for you
"PECကိုကောင်းကောင်းအသုံးချပြီးအောင်မြင်မှုအတွက်တစ်ဆင့်လှမ်းခဲ့တဲ့လူငယ်လေးတစ်ယောက်အကြောင်း"
PEC ဟာလူငယ်တွေရဲ့ တက်လမ်းအတွက် ကောင်းစွာ အသုံးချလို့ရမယ့် နေရာတွေထဲက တစ်ခုဆိုတာ ပြောစရာတောင်မလိုဘဲ အမျိုးတို့ သိပြီးဖြစ်မှာပါ။ ကဲ… ဒီတစ်ယောက်ကရော PEC ကို ဘယ်လိုအသုံးချပြီးဘယ်လို အောင်မြင်သွားလဲ ကြည့်လိုက်ရအောင် အမျိုးတို့ရေ! ပထမဆုံး သူ့ရဲ့နာမည်လေးကို အရင်မိတ်ဆက်ပါရစေ။
နာမည်လေးကတော့ဖူးငုံပြည့်ဦး(ခရမ်းမြို့သူလေးပေါ့) ယခင်က University of Nursing (Yangon)မှာဒုတိယနှစ်အထိ တတ်ရောက်ခဲ့ပြီး၊ ယခု Asean Nursing Scholarship (ANS) ကို ရရှိထားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။Scholarship တစ်ခုရရှိအောင်လုပ်ဖို့ဆိုရင် English skillကလည်း အရေးပါတယ့်နေရာမှာပါပါတယ်။( ဟုတ်တယ်ဟုတ် )
ဒါကြောင့် E skill ( speaking ပိုင်း )ကို PECမှာ ဘယ်လိုတွေ လေ့ကျင့်ခဲ့လဲ? PEC ကို ဘယ်လိုတွေစသိခဲ့လဲ?PEC အပေါ်ထားတယ့် သူ့ရဲ့အမြင်က ဘာဖြစ်မလဲ? PEC မှာ မလေ့ကျင့်ခင်နှင့် လေ့ကျင့်ပြီး Speakingပိုင်းမှာ ဘယ်လိုတွေတိုးတတ်လာလဲ? စတယ့် အကြောင်းအရာတွေကို သူ့ကိုမေးမြန်းထားတာလေး ရှိပါတယ်။ ကဲ သူမဘယ်လိုတွေဖြေထားလဲ ဆက်ကြည့်လိုက်ရအောင် "ငယ်ငယ်လေးထဲက ညီမက အင်္ဂလိပ်စကားကို အရမ်းကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ချင်တာပါ။
ဒါပေမဲ့အစက ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိခဲ့ဘူး။ ပြောနိုင်မယ်လို့လဲမထင်ခဲ့ဘူး။ မနှစ်က မေလလောက်မှာ သူငယ်ချင်းတစ်ယောက်က PECဆိုတဲ့ Practical English Club လေးအကြောင်းပြောပြလို့ zoom နဲ့ စjoinဖြစ်ခဲ့တယ်။ စစချင်းjoinတုန်းကဆို ညီမမှာကြောက်လွန်းလို့ ခြေဖျားလက်ဖျားတွေတုန် ဘာမှမပြောနိုင်ပဲဖြစ်နေတာ အဲ့တာတောင် PEC က facilitator တွေကမရှက်ဘဲ ပြောထွက်အောင်လို့ ဘေးကနေမိသားစုလို ကူညီပေးပါတယ်။
အဲ့တာနဲ့ပဲ နောက်ပိုင်းဒီ club ကို ဆက်joinဖြစ်သွားတာပါ။ သုံးခါလောက်joinပြီးတော့ ညီမကengလိုဘယ်လောက်ထိ ပြောနိုင်တယ်ဆိုတာသိလာတယ်။ကိုယ့်ကိုကိုယုံကြည်ချက်လဲပိုရှိလာတယ်။ နောက်နေ့ club ထပ် join ရင် vocabအသစ်တွေ သုံးလို့ရအောင် ကိုယ့်ဘာသာ အင်္ဂလိပ်စာကို self learning လုပ်ဖြစ်လာတယ်။အဲ့ဒီအကျိုးကျေးဇူးတွေကြောင့် Asean Nursing Scholarship interview ကို အောင်အောင်မြင်မြင်နဲ့ ယုံကြည်မှုရှိရှိဖြေဆိုနိုင်ခဲ့တယ်။ အခုလဲ ANS scholar ကိုရရှိခဲ့ပါပြီ။
ဒါကြောင့်မို့လို့ အင်္ဂလိပ်စကားကို ယုံကြည်မှုရှိရှိ ပြောတတ်ချင်ရင် PEC ကိုအရင်ဆုံး join ကြပါလို့ပြောချင်ပါတယ်။ Facilitator တွေအကုန်လုံးက သဘောကောင်းပြီးမိသားစုတွေလိုပါပဲ။" ဆက်လက်ပြီး " Interview ဖြေတဲ့အချိန်မှာ Speakingပိုင်းနဲ့ ပက်သက်ပြီး ဘယ်နေရာမျိုးကို အားရလဲ" မေးကြည့်တယ့် အခါမှာတော့….."ဟုတ်ကဲ့...သူတို့က confidence ရှိတာကို ကြိုက်တာဆိုတော့ Interview ပါတာက English ကောင်းလို့ ဆိုတာထက် English လိုရဲရဲပြောသွားလို့ပါအမ" ဆိုပြီး ပြန်ဖြေထားပါတယ်။(သူမကတော့ PECကို ၇ ကြိမ်အထက် join ထားဖူးတယ့် PECရဲ့ အမာခံပရိသတ်လေးပါနော်။)
အခုသူမကတော့ Singapore နိုင်ငံရဲ့ ထိပ်သီးဖြစ်တဲ့ Ngee Ann Polytechnic မှာPublic Health Science ထဲက Nursingအထူးပြုနဲ့ (၃)နှစ်သင်တန်း တတ်ရောက်ဖို့အတွက် Singapore နိုင်ငံကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။( အစစ အရာရာ အဆင်ပြေပါစေ ညီမလေးရယ် )
PECရဲ့ Success Story of the Day မှာ ညီမလေး ဖူးငုံပြည့်ဦး ရဲ့အောင်မြင်မှုကို မှတ်တမ်းတင်ထားလိုက်ပါပြီနော်။ အပေါ်က ဖော်ပြခဲ့တယ့် ညီမလေးလိုပါပဲ PEC ရဲ့အရိပ်မှာ ခဏတာ လာခိုလှုံရင်း အောင်မြင်သွားတယ့် လူငယ်လေးတွေအကြောင်းကြားရ၊ သိရ၊ မြင်ရတာကလည်း PEC Team အတွက် ပင်ပန်းရကျိုးနပ်စေမယ့်၊၊ အမောပြေစေမယ့် ရေအေးလေးတစ်ခွက် လို့ဆိုရင်လည်းမမှားနိုင်ပါဘူး။ကဲ…..ဒါဆို ကိုယ့်ရဲ့ English skills တွေကိုမြှင့်တင်ဖို့အတွက် PEC ကို join ဖို့စဉ်းစားနေတုန်းပဲလား? မစဉ်းစားနေပါနဲ့တော့!!! PEC ရဲ့ weekly club တွေကို ဒီအပတ်အတွင်း လာ Join လိုက်တော့နော်!!!
#Work_for_English__English_will_work_for_you
"တကယ်လုပ်လို့ အဟုတ်ဖြစ်ခဲ့တဲ့ လူငယ်တစ်ဦးရဲ့အောင်မြင်မှု"
အင်္ဂလိပ်စကားပြောတတ်ဖို့ သိန်း (၃၀/၄၀)မကုန်ပါဘူး။လေ့လာ၊လေ့ကျင့် ရင်ကျွမ်းကျင်ပါတယ်။ဒါကြောင့်တကယ်လုပ်ရင် အဟုတ်ဖြစ်တယ်ပြောကြတာပေါ့။Practice makes Perfect ဆိုတဲ့ ဆိုရိုးစကားကိုသက်သေပြလိုက်တာကတော့ PECer တစ်ဦးဖြစ်တဲ့ မြင့်မြတ်မူးဇင်ပါ။ သူမဟာ သူနာပြု တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ဒုတိယနှစ် ကျောင်းသူတစ်ဦးပါ။
သူမရဲ့ ဇာတ်လမ်းလေးကို စိတ်ဝင်စားဖွယ် အခုလိုပြောပြထားပါတယ် "ညီမကအင်္ဂလိပ်လို မြန်မြန် သွက်သွက်လက်လက်လေးပြောတတ်ချင်တာ..PEC Page မှာတင်တဲ့ ကျောင်းက Senior အစ်မတစ်ယောက် PEC ကို Recommend ပေးနေတဲ့ Video ကိုတွေ့ပြီး PEC က အဲ့လို ပြောတတ်အောင် Practice လုပ်ပေးတဲ့နေရာလေးဆိုတာ 2018 ကတည်းကသိခဲ့တယ်။
2019 မေလကစပြီး PEC ကသာကေတမှာ လာလုပ်တော့ ညီမနဲ့နီး သွားတယ်။May လ 11 ရက်မှာဘဲ PEC ကို စပြီးလာJoin ဖြစ်သွားတာပါ..."အရင်က ညီမက ကိုယ်ပြောတာ မှားမှာ ကြောက်ပြီး
မပြောခင် အတွေးထဲမှာ Sentence တွေစီနေခဲ့တာပါ။ "၇ခါလောက် join ပြီးတဲ့နောက်မှာ အင်္ဂလိပ်လိုတစ်ခါတည်း လက်တန်းပြောတတ်လာတယ်။ အရင်ကလို ကိုယ်ပြောမယ့်စကားတွေကို အကြာကြီးစဉ်းစားပြီး Plan ချနေရတာမျိုး ၊ Sentense တွေစီနေရတာမျိုး မရှိတော့ဘူး။
Listening Skill လည်းတက်လာတယ်။ မြန်မာလို တောင်သိပ်စဉ်းစားစရာ မလိုတော့ဘူး။ စကားလုံးတွေ Auto ထွက်လာတယ်။" "English စကားကို ပြောဖို့တုံ့ဆိုင်းမနေတော့ဘဲ Confident အပြည့်နဲ့ပြောနိုင်တော့ Asian Nursing Scholarship အတွက် Interview မှာ အကောင်းဆုံး ဖြေနိုင်ခဲ့တယ်။ အခု Interview အောင်လို့ Scholarship လည်း ရရှိခဲ့ပါပြီ။
"ဒါကြောင့် လူငယ်တွေကို ညီမပြောချင်တယ်.... ညီမအခုလို အင်္ဂလိပ်စကားပြောတိုးတက်လာတာ Practice ကြောင့်ပါ ။ပုံမှန် နေထိုင်မှုဘဝမှာ အင်္ဂလိပ်လိုကပြောနေကျ မဟုတ်တော့ တိုးတက်ဖို့ဆိုတာ မရှိဘူး။သင်တန်းတွေ တက်ရင် ပြောရတာထက် သင်ယူရတာ ပိုများတယ်။ ကိုယ်တိုင်တက်ချင်ရင် ကိုယ်တိုင်ပြောကြည့်မှ ရမယ်။အဲ့လိုပြောမယ်ဆို ကိုယ်နဲ့ ပြောပေးမယ့်အဖော်လည်း လိုတယ်လေ ။PEC မှာ အဲ့တာတွေအကုန်ရှိတယ်။ပြောပါများတဲ့အခါ ပိုကျွမ်းလာပါလိမ့်မယ်။"
"နောက်ပြီး PEC မှာဆို မပျင်းရဘူး။ပေါ့ပေါ့ပါးပါး ပြောနိုင်အောင် Facilitator တွေက ကူညီပေးတယ်။ကျွန်မလိုဘဲ အကျိုးခံစားရအောင် PEC မှာ လာပြီး Practice လုပ်ကြပါ။"လို့ PEC ကိုသူမက ပြောပြခဲ့ပါတယ်။မြင့်မြတ်မူးဇင်ဟာ အခုလက်ရှိမှာ Singapore နိုင်ငံကို ပညာတော်သင်သွားဖို့အတွက် ပြင်ဆင်နေပါပြီ။
သူမရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ စတင်တဲ့ ပထမခြေလှမ်းမှာ PEC က တစ်ဖက်တစ်လမ်းကနေ အကူအညီပေးနိုင်ခဲ့လို့ ပီတိဖြစ်ရပါတယ်။ PEC ကို run နေတာလည်း အခုလိုလူငယ်တွေကိုအကျိုးပြုချင်လို့ပါ။ PEC မှာ ပါဝင်အားဖြည့််ကြတဲ့ Volunteer လူငယ်တွေ အတွက်လည်း ပင်ပန်းရကျိုးနပ်ခဲ့ပြီ...မြင့်မြတ်မူးဇင်ရဲ့ အကြောင်းလေးကို PEC ရဲ့ သမိုင်းမှာ Success Story တစ်ပုဒ် အဖြစ် ဂုဏ်ယူစွာမှတ်တမ်းတင်ထားလိုက်ပါတယ်။
#Success Story
#Work For English,English will work for you