Search this site
Embedded Files
Skip to main content
Skip to navigation
နွေးအိမ်
Nway Eain
(နွေးအိမ်)
Youversion သမ္မာကျမ်းစာအက်ပ်ရှိ နွေးအိမ်စားရေသော
အစီစဉ်များကို ဖတ်ရန်
ထာဝရရှင်သန်ခြင်းလမ်း
ထာဝရရှင်သန်ခြင်းလမ်းအစီအစဉ်တွင် ထာဝရရှင်သန်နိုင်သည့် နည်းလမ်းကို ရနိုင်သည့် အခြေခံအကြောင်းအရာများကို သမ္မာကျမ်းစာအတိုင်း ဖော်ပြထားသည်ကို ဖတ်ရှုတွေ့ရှိလျက် ယုံကြည်လက်ခံခြင်းဖြင့် ရှောက်လှမ်းနိုင်သည့် အစီအစဉ် ဖြစ်ပါသည်။
နှုတ်ကပတ်တော်၌ပါရှိသော ပါဠိ ဝေါဟာရများ
ဆရာကြီးယုဒသန်သည် သမ္မာကျမ်းစာကို မြန်မာဘာသာအားဖြင့် ဘာသာပြန်သောအခါ နက်နဲလှသော ပါဠိဝေါဟာရများစွာကို အသုံးပြုခဲ့သည်။ ယနေ့ခေတ်ခရစ်ယာန်များသည် ပါဠိဘာသာစကား၏ အနက်ကို ဂဃနဏ မသိကြပေ။ သမ္မာကျမ်းစာကို အပြည့်အဝ သိကျွမ်းစေရန် နှုတ်ကပတ်တော်၌ပါရှိသော ပါဠိဝေါဟာရများကို သိစေဖို့ ရည်စူးပါသည်။
မဟာနာမ
မဟာနာမ အစီစဉ်သည် မြန်မာလူမျိုးများအတွက် အထူးရေးသားထားပြီး ဘုရားကို ရှာဖွေသူများ၊ ယုံကြည်သူအသစ်များ (သို့) ကိုယ်တော်မြတ်နှင့် သူ၏ဧဝံဂေလိတရားကို နက်ရှိုင်းစွာ နားလည်သဘောပေါက်လိုသူတိုင်းအတွက် ရှင်းလင်းစွာ ပြုပြင်စီရင်ထားပါသည်။ ဤမရှိမဖြစ် အစီစဉ်သည် ကိုယ်တော်၏ မဟာနာမအားဖြင့် ရရှိခံစားစေသော ကယ်တင်ခြင်းအကျွတ်တရားနှင့်ပတ်သက်၍ ဖော်ပြထားသည်။ ယခုစတင်လိုက်ပါ။
ဗမာစကားပုံများ၏ နှိုးဆော်သံ
ဤ (၃) ရက်တာ အစီစဉ်တွင်၊ မြန်မာစကားပုံများ ကိုးကားသော ဧဝံဂေလိတရားဝေငှနည်းကို လေ့လာလျက် ဧဝံဂေလိတရား၏ သမ္မာတရားများဖြင့် မိမိဝိညာဉ်အဖို့ ခွန်အားရယူပါ... တစ်ချက်ခုတ် နှစ်ချက်ပြတ်။
အသိနဲ့သတိရဲ့အလွန်
အသိနဲ့သတိဆိုသည့်စကားကို မြန်မာတို့ နားရည်ဝကြသည်။ အလေးထားပြောဆိုတတ်ကြသည်။ ဤအစီအစဉ်တွင် အသိနဲ့သတိဆိုသည်ထက်၊ ထိုအသိနဲ့သတိရဲ့အလွန်ကို ကြည့်တတ်မြင်တတ် ယုံကြည်တတ်ဖို့ တိုက်တွန်းရေးသားထားခြင်းဖြစ်သည်။
ယုံကြည်သူများနှင့် ငွေကြေးသုံးစွဲမှု အနုပညာ
လူတိုင်း၊ ငွေသုံးရ၊ ရှာရ၊ ကိုင်ရသလို ယုံကြည်သူများလည်း ရှာဖွေကိုင်တွယ် သုံးစွဲရသည်။ ထိုသို့ကိုင်တွယ်သုံးစွဲသည့်အခါ၊ ယုံကြည်သူဖြစ်လင့်ကစား၊ သမ္မာနည်းကျကျ ငွေကို မသုံးစွဲတတ်ခြင်းသည် ယုံကြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ အသက်တာတွင် ထိခိုက်မှုရှိသည်နည်းတူ၊ ယုံကြည်သူများနှင့်စပ်ဆိုင်သည့် အဖွဲ့အစည်း၊ လူမှုပတ်ဝန်းကျင်ကိုပင် များစွာ ထိခိုက်ပျက်စီးစေလျက် ဘုရားဘုန်းတော်ရှုံ့ချစေသည့် အရာများဖြစ်ပေါ်စေသည်။ ထိုကြောင့်၊ ယုံကြည်သူမည်သူမဆို၊ သမ္မာနည်းလမ်းကျကျ ငွေကြေးအကြောင်းကို နားလည်သဘောပေါက်လျက် သုံးစွဲမည်ဆိုပါက ပိုမိုအကျိုးရှိ ထိရောက်ပေလိမ့်မည်ဟု ယုံကြည်မျှော်လင့်၍ ရေးသားပြုစုလိုက်ပါသည်။
ထာဝရပရဟိတ
ဤ (၄) ရက်တာ အစီစဉ်တွင်၊ ဧဝံဂေလိတရားကို နားလည်စေရန် ထာဝရပရဟိတ ခေါင်းစဉ်ဖြင့်၊ ချဉ်းကပ်ဝေငှနည်းကို ကိုယ်တိုင်ခံယူလျက် သူတစ်ပါးအား ဝေငှတတ်စေဖို့ ရည်ရွယ်ပြုစုထားပါသည်။
ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်
ဤ (၅) ရက်တာအစီစဉ်တွင်၊ ဆရာဒေးဗစ်ဒင်း (Dave Deane) မှ အရှင်ယေရှုဘုရား၏ ဘုရားဇာတိတော်အကြောင်း အတည်ပြုသည့်အကြောင်းအရာ (၅) ရပ် ကို ရှင်းလင်းစွာ ဖော်ပြပါလိမ့်မည်။ မိမိဓမ္မဗဟိုသုတကို တိုးပွားစေဖို့၊ ဤအစီစဉ်ကို စတင်ကြပါစို့။
ဖတ်သောအရာကို နားလည်ပါသလား
ဤအစီအစဉ်သည် တမန်တော်ဝတ္ထု အခန်းကြီး (၈) မှ ဖိလပ္ပုနှင့် အဲသယောပိ အမတ်အကြောင်းပြုစုထားသည့် ဆရာကြီးချားလ်စပါးဂျင် (Charles Spurgeon) ၏ ဓမ္မဒေသနာတော်မှ ကျမ်းချက်များကို ကောက်နုတ်ထားပါသည်။ ဤအစီအစဉ်သည် ကျမ်းချက်များ၏ ပေးလိုသောအကြောင်းအရာကို နားလည်းသဘောပေါက်စေရန် လမ်းပြကူညီပါလိမ့်မည်။ နေ့စဉ်၊ မိတ်ဆွေသည် နှုတ်ကပတ်တော်တရားနှင့် ဆရာကြီးချားလ်စ်စပါဂျင်၏ အနက်ဖွင့်ခြင်းကို ဖတ်ရှုကျက်စားပြီး၊ ကျွန်တော်တို့၏ အပြစ်များကို ထမ်းဆောင်ခဲ့သော ကယ်တင်ရှင် အရှင်ယေရှုဘုရားကို ရှာဖွေလျက်၊ ယုံကြည်ခြင်းဖြင့် ဘုရား၏ နှုတ်ကပတ်တော်ကို မည်သို့ချဉ်းကပ်ရမည်ကို အာရုံစိုက်ရပါလိမ့်မည်။
Copyright 2025
Google Sites
Report abuse
Page details
Page updated
Google Sites
Report abuse