About Us
NICO Japanese Language School သည် ဂျပန်နိုင်ငံသို့ သွားရောက်ပညာသင်ယူလိုသူများနှင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရှာဖွေနေသူများအတွက် ခိုင်မာသော လမ်းစတစ်ခုဖြစ်စေရန် ရည်ရွယ်၍ တည်ထောင်ထားသော သင်တန်းကျောင်းဖြစ်ပါသည်။ ဘာသာစကားကို ကျွမ်းကျင်စွာ တတ်မြောက်အောင် သင်ကြားပေးရုံသာမက ဂျပန်လူမျိုးတို့၏ ယဉ်ကျေးမှု၊ လုပ်ငန်းခွင် စည်းမျဉ်းစည်းကမ်းများနှင့် နေထိုင်မှုပုံစံများကိုပါ စနစ်တကျ လေ့ကျင့်သင်ကြားပေးနေသော သင်တန်းကျောင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင်သာမက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်လည်း စာသင်ကျောင်းများဖွင့်လှစ်ထားပြီး Thailand ED Visa လျှောက်ထားပြီးနောက် ဂျပန်ဘာသာစကားကိုပါ အဆင်ပြေပြေ သင်ယူနိုင်ရန် ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။
ထို့အပြင် တရား၀င် အလုပ်အကိုင်ရှာဖွေရေး Agency များဖြင့်လည်း NICO Language School မှ ချိတ်ဆက်ထားပြီး ဂျပန်ဘာသာစကားသင်ယူရင်း ဂျပန်နိုင်ငံ၌ ပညာသင်ယူခြင်း နှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးလျက်ရှိပါသည်။