ဒုတိယတစ်ကိုယ်တော် စီးရီးကို ‘‘နည်းနည်းလေးမှ မဝေးချင်ဘူး’’ဟု အမည်ပေးထားပြီး အောက်တိုဘာ ၁၂ရက်တွင် စတင်ဖြန့်ချိပေးမည်ဖြစ်ကြောင်း နေနေက ပြောသည်။
‘‘အရင်က ၂၀၁၅ ထဲမှပဲ အေးအေးဆေးဆေးလုပ်မယ်ဆိုပြီး မှန်းထားတာ။ ဒါပေမဲ့ အကုန်လုံးက ဝိုင်းပြီး တိုက်တွန်းကြတယ်။ နောက်ပြီး ဂီတအလုပ်နဲ့လည်း အဆက်ပြတ်သွားမှာစိုးလို့ ဒီနှစ်ထဲမှာပဲ ထွက် အောင် လုပ်ဖြစ်သွားတာ’’ ဟု ၎င်းက ပြောသည်။
သီချင်းခေါင်းစဉ်အဖြစ် ရွေးချယ်ထားသော နည်းနည်းလေးမှ မဝေးချင်ဘူး သီချင်းကို ၎င်း၏ချစ်သူက ရေးပေးထားခြင်းဖြစ်ပြီး ယင်းသီချင်းအပါအဝင် စုစုပေါင်း သီချင်းငါးပုဒ် ရေးပေးထားကြောင်း နေနေက ပြောသည်။ ‘‘သူက အစ်မကို အရမ်းပံ့ပိုးပေးတယ်။ နောက်ပြီး သူက အနုပညာလည်း ဝါသနာပါတယ်။ Talent လည်း ရှိတယ်။ သူ့သီချင်းတွေဆိုရတာလည်း အရမ်းအားရတယ်’’ ဟု နေနေက ပြောသည်။
စီးရီးခွေတွင် သီချင်း ၁၂ ပုဒ် ပါဝင်မည်ဖြစ်ပြီး လွန်ခဲ့သည့် ငါးနှစ်ကတည်းက ကိုယ်တိုင်ရေးထား သော ကိုယ်ပိုင်သံစဉ်သီချင်း တစ်ပုဒ်လည်း ပါဝင်မည်ဟုဆိုသည်။