MYANPAN Japanese School
ミャンパン日本語学校
Yangon, Myanmar
ミャンパン日本語学校
Yangon, Myanmar
MYANPAN Japanese School တည်ထောင်ရခြင်း ရည်ရွယ်ချက် -
ယနေ့ခေတ်မှာ ဂျပန်ဘာသာစကားဟာ နိုင်ငံတကာအဆင့်တွင်အရေးပါလာပြီး၊ မြန်မာလူငယ်များအတွက်လည်း ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းများကို ဖွင့်ပေးနိုင်သော တန်ဖိုးရှိသောအခန်းကဏ္ဍတစ်ခုဖြစ်လာပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံသားလူငယ်များအတွက် ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရန်၊ အထူးသဖြင့် ဂျပန်နိုင်ငံတွင် ပညာသင်ကြားလိုသူများ၊ ဂျပန်နိုင်ငံသို သွားရောက် အလုပ်လုပ်ကိုင်ချင်သူများ နဲ့ ဂျပန်ဘာသာစကား ကိုအသုံးပြုကာ အသက်မွေးဝမ်းကျောင်း ပြုလိုသူများအတွက် လိုအပ်သော ဂျပန်ဘာသာစကားကျွမ်းကျင်မှု၊ ယဉ်ကျေးမှု၊ Manner၊ General Knowledge များကို အခြေခံမှ စတင်၍ ကျောင်းသားတစ်ဦးချင်းရဲ့လိုအပ်ချက်နဲ့ အထူးကိုက်ညီအောင်ရေးဆွဲထားသော Course တွေနဲ့ နားလည်လွယ်အောင် စနစ်တကျသင်ကြားပေးကာ ကျောင်းသားတွေရဲ့ ခမ်းနားသောအနာဂတ်အိမ်မက်တွေကို တည်ဆောက်ပေးနိုင်တဲ့ ပညာရေးဗိမ္မာန်တစ်ခုဖြစ်စေရန် ရည်ရွယ်ပါသည်။
ဆရာ/ဆရာမများ
ဂျပန်စာ N1/ N2 Level ရှိသူများ
ကျွမ်းကျင်ပြီး၊ သင်ကြားမှုအတွေ့အကြုံရှိသူများ
တာဝန်ယူမှု၊ တာဝန်ခံမှု ရှိခြင်း
စိတ်ရှည်ပြီး နွေးထွေးမှုရှိခြင်း
သင်ကြားမှုပုံစံ
စိတ်ဝင်စားစရာကောင်းတဲ့ သင်ကြားမှုပုံစံ
နားလည်လွယ်ပြီး ရှင်းလင်းတိကျသော course
သင်တန်းသားတစ်ဦးချင်းစီရဲ့ အားနည်းချက်နဲ့ ကိုက်ညီအောင် သင်ကြားပေးခြင်း
Reading, Writing, Listening & Speaking Pratice များလုပ်ပေးခြင်း
Old Questions များ လေ့ကျင့်ပေးခြင်း
ကျောင်းကစစ်တဲ့ Final Exam ကို ဖြေဆိုအောင်မြင်တဲ့အခါ အမှတ်တရ certificate ပေးခြင်း