ကျောင်းသားနှင့် ဖေဖေရဲ့ ရင်တွင်းစကားသံ
ဖေဖေရဲ့ မျှဝေမှု
သားက ကျောင်းမှာ လူနည်းလို့ ပိုပျော်တယ်လို့ ပြောတယ်။ ကျနော်ဆို အံ့ဩနေတာ သားက မျက်မှန်ကြီးတပ်ပြီး စက်ဘီးတွေလည်း ပတ်စီးနေတာ။ အရင်ကဆို အဲ့လိုမဟုတ်ဘူး။သားမှာ စာကြိုးစားလိုစိတ်လည်း ရှိတယ်။ သူ့မွေးနေ့တုန်းကလည်း သူ့ သူငယ်ချင်းတွေကို ဟော့ပေါ့ ကျွေးချင်တယ်ဆိုလို့ အရမ်းအံ့ဩမိတယ်။ အရင်ကဆို သားက အရမ်း ကပ်စေးနည်းတာ။ကျနော့်ကိုလည်း ဂီတာတီးခိုင်းပြီး သီချင်းတွေဆိုတာမျိုးတွေလည်း ရှိတယ်။ကျောင်းအနေနဲ့ အရမ်းပြည့်စုံလွန်းလို့ ဘာမှပြောစရာမရှိလို့ Meeting မှာတောင် ထပြောစရာမရှိပါဘူး (အကုန်ပြည့်စုံနေလို့ပါ)။ ဆရာ/မ တို့ကို တကယ် ကျေးဇူးတင်ပါတယ်။
ကျောင်းသားရဲ့ မျှဝေမှု
ကျောင်းမှာ စာပေပိုင်း တိုးတက်လာတယ်။ ဆရာ/မ တိုင်း စိတ်ရှည်တယ်။ ကျောင်းကလည်း လူနည်းတယ်ဆိုတော့ ဆရာ/မတွေရဲ့ attention ကို ရတယ်။ အချိန်ပေးပြီး စာသင်ပေးတယ်။ကျောင်းရဲ့ ပတ်ဝန်းကျင်ကောင်းတယ်။ ဥပမာ - library မှာ စာအုပ်တွေစုံတယ်။ ကျောင်းတက်ချိန်မှာ မြန်မာစာအုပ်တွေနဲ့ ပုံပြင်တွေ ဖတ်ဖြစ်တယ်။ ဆရာ/မတွေက စိတ်ရှည်ရှည်နဲ့ စာသင်ပေးတယ်။ ဥပမာ - သင်္ချာ သင်တဲ့အချိန်ဆို ဆရာတွေက နားလည်တဲ့အထိ ပြန်ရှင်းပေးတယ်။ စာသင်တဲ့အချိန်မှာ မသိတဲ့ စကားလုံးတွေ ရှိရင် ဆရာကို မေးလို့ရတယ်။ အိမ်မှာတစ်ခုခု ဖြစ်ရင်လည်း ဆရာ/မတွေက မေးပေးတယ်။ ဖျားနေရင် ဆရာ/မ တွေက ဂရုစိုက်မေးတယ်။ရောက်စက သူငယ်ချင်းတွေနဲ့ သိပ်မခင်သေးဘူး။ အခုတော့ အရမ်း ပေါင်းလာတယ်။ဒီကျောင်းမှာ လာမတက်ခင်က English လို ကောင်းကောင်း မပြောတတ်ဘူး။ ဆရာ/မ တို့ ပြောတာလည်း သိပ်နားမလည်ဘူး။အခုတော့ ဆရာ/မတို့ English ပြောတာတွေ သား နားလည်လာတယ်။Weekend class မတက်ခင်က သား English တစ်ခွန်းမှ မပြောတတ်ဘူး။ Weekend class တက်နေတဲ့ အချိန်မှာ ပြောတတ်လာတယ်။ ဆရာက စိတ်ရှည်တယ်။ ကောင်းကောင်း သင်ပေးတယ်။ သိပ်မမြန်ဘူး။ ဆရာကလည်း သားတို့ကို မပျင်းအောင် သင်ပေးတယ်။သား ကျောင်းကို စလာတုန်းက ရှက်တတ်တယ်။ အခု နောက်ပိုင်း မရှက်တတ်တော့ဘူး။သားက နား နည်းနည်း သေးနေတော့ သူများပြောတာမျိုး ရှိခဲ့ဖူးတယ်။ ဒီကျောင်းမှာ သူငယ်ချင်းတွေက မပြောဘူး။Teacher တွေအားလုံးက စာသင်တာ ကောင်းတယ်။ ဒီကျောင်းမှာ သား ပျော်တယ်။
KG အတန်းမှ Mega လေးရဲ့တိုးတက်ပြောင်းလဲမှု
သောကြာနေ့မနက်ခင်းတစ်ခုမှာ ကျွန်တော် KG တန်းထဲကိုရောက်ခဲ့တယ်။ အချိန်အားဖြင့် နံနက် ၈နာရီဝန်းကျင်လောက်ပေါ့။ KG အတန်းပိုင်ဆရာမနှစ်ယောက်က သူတို့ကလေးလေးတွေကို နွေးထွေးစွာ စီးကြိုကြဖို့ အသင့်ဖြစ်နေကြပုံပဲ။ဆရာမနှစ်ယောက်စလုံးရဲ့ ပျူငှာလှတဲ့အပြုံးလေးတွေနဲ့ ထိုနံနက်ခင်းလေးကို အလှဆင်လိုက်တော့ မင်္ဂလာပိုရှိသွားစေခဲ့တယ် ။
ကျနော်နဲ့ စကားစမြည်ပြောနေစဉ်မှာပဲ ဆရာမနှစ်ယောက်လုံးရဲ့ "Good morning , Mega" ဆိုတဲ့လှိုက်လှဲလှတဲ့အသံကိုကြားတော့ ကျနော်နောက်ကိုတစ်ချက်လှဲ့ကြည့်လိုက်တယ် ၊ ရှမ်းဘောင်းဘီလေးဝတ်ဆင်ပြီး ၊ ကျောပိုးအိတ်လေးကိုလွယ် ၊ ရေဘူးလေးကိုကိုင်ကာ ၊ ခြေလှမ်းသွက်သွက်နဲ့ KG အခန်းထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ဝင်ရောက်လာတဲ့ Mega လေးကိုတွေ့ခဲ့ရတယ်။သူ့ဆရာမတွေကိုလည်း "Good morning, Trs" ဆိုပြီး ချစ်စရာကောင်းစွာ နှုတ်ဆက်ခဲ့သေးတယ်။"ဆရာမ "Mega" လေးက အရင်ကအဲ့လိုပြုံးတာ၊ ရယ်တာမျိုးသိပ်မတွေ့ဖူးသလိုပဲနော်" လို့ကျနော်ကမေးတော့ ဆရာမနှစ်ယောက်လုံးက "ဟုတ်တယ် Mega လေးက ဒီကျောင်းဖွင့်စ ၃ လအတွင်းမှာကိုပဲ သိသိသာသာ တိုးတက်ပြောင်းလဲလာတဲ့ကလေးလေးပါ ။ကျွန်မတို့ဆို သူ့ရဲ့တိုးတက်ပြောင်းလဲမှုလေးတွေနဲ့ ပီတိဖြစ်ပြီး motivation ရနေခဲ့တာ"။
" အရင်ကဆို ကျောင်းစတက်တဲ့အချိန်တွေမှာ KG အခန်းထဲကိုလာဖို့ ကလေးက လှေကားအတက်အဆင်းကောင်းကောင်းမလုပ်နိုင်ဘူး။ကျောင်းကိုလည်း သိပ်မလာချင်ရှာဘူး။လာတဲ့အချိန်တွေဆိုလည်း အောက်ဆုံးထပ်မှာရှိတဲ့ဆရာမတွေက Mega လေးကို အခန်းရှေ့အရောက်လာပို့ပေးကြရတာ။အဲ့လိုမှမဟုတ်ရင် အောက်ဆုံးထပ်ကဆရာမက Mega လာပြီလို့ Walkie Talkie နဲ့အော်လိုက်တာနဲ့ ကျွန်မတို့က ဆင်းခေါ်ပေးရလေ့ရှိတယ် ။ ထမင်းစားချိန်တွေဆို ထမင်းချည်းပဲကျွေးလို့ရတာ တစ်ခြားဘာဟင်းမှကျွေးမရဘူး။ စာသင်ချိန်တွေဆိုလည်း အာရုံစူးစိုက်မှု အင်မတန်နည်းပြီး စာရွက်တွေကို ဆုတ်ဖြဲ လွှင့်ပစ်တတ်ပြီး စိတ်ဆိုးစိတ်ကောက်လုပ်တတ်တာကလည်း မကြာခဏပဲ။ စိတ်ဆိုးပြီးအခန်းထောင့်တွေမှာ ကပ်နေတတ်တာမျိုးတွေ၊ အိမ်ကမေမေဆူလိုက်တဲ့အခါမျိုးမှာ ကျောင်းမှာ တစ်နေကုန်စိတ်ဆိုးပြနေတာမျိုးလေးတွေရှိခဲ့တယ်။
ကလေးအခြေအနေနဲ့ပတ်သက်ပြီး ကျောင်းအုပ်ဆရာနဲ့ ဆရာမကြီးကိုတင်ပြပြီး မိဘခေါ်ဆွေးနွေးတာမျိုးတွေလုပ်ခဲ့တယ်။ အတန်းပိုင်အနေနဲ့ ကလေးကိုကျောင်းဆင်း gate ပေါက်လိုက်ပို့တဲ့အခါမျိုးတွေဆို ကလေးအမေ (သို့) ကလေးလာကြိုပေးလေ့ရှိတဲ့ ကလေးရဲ့ အဒေါ်ကိုတော့ ကလေးရဲ့ တစ်နေ့တာ လှုပ်ရှားမှုလေးတွေ မကြာခဏပြောပြပေးလေ့ရှိခဲ့တယ်။ Viber မှာလည်း Privately ကလေးအမေနဲ့ ကလေးရဲ့တစ်နေ့တာ အခြေအနေလေးတွေ ပြောပြဆွေးနွေးလေ့ရှိတယ် ။ မိဘကိုယ်တိုင်ကလည်း တက်ကြွစွာမေးမြန်းဆွေးနွေးပြီး ဆရာမကြီးနဲ့ အတန်းပိုင်ဆရာမ ပေးတဲ့အကြံဉာဏ်လေးတွေကို လက်ခံရှာတယ်။ အိမ်မှာလည်း အရင်ကထက်ပို ဂရုစိုက်ပေးလာတယ်လို့သိခဲ့ရတယ်။
August လ ကနေစပြီး Mega လေးက သိသိသာသာ တိုးတက်ပြောင်းလဲလာတာတွေ့ရတယ်။စာသင်ချိန်တွေမှာ တက်ကြွစွာ ပါဝင်လာတယ်။ Art&Craft အချိန်တွေမှာဆို ပေးလိုက်တဲ့ task တွေကို အရင်ဆုံးပြီးစီးလာတာမျိုးတွေ့ရတယ်။ ဆရာမတွေနှုတ်ဆက်ရင်လည်း ပြုံးရွှင်ပြီး ပြန်နှုတ်ဆက်လာတယ်။ တစ်ခြားသူ့အတန်းဖော်တွေကိုလည်း ဦးစွာနှုတ်ဆက်ပြီး စကားတွေပိုပြောလာတယ်။ အတန်းထဲကသူငယ်ချင်းတွေနဲ့လည်း ကလေးသဘာဝ ခိုက်ရန်ဖြစ်ပွားတာမျိုးတွေလည်း မရှိတော့ဘူး ။ အိမ်ရောက်ရင်လည်း အိမ်စာလုပ်ပြီးမှ ဆော့မယ်လို့ပြောကြောင်း ကလေးမေမေကပြောလို့သိခဲ့ရတယ်။ ကျောင်းသွားကျောင်းပြန်လမ်းတစ်လျှောက်မှာလည်း တွေ့သမျှ ကားနံပါတ်တွေကို သူဖတ်တတ်တယ်လို့ပြောပြီး တစ်လမ်းလုံးဖတ်လာတယ်လို့ သူ့မေမေက ကျွန်မတို့ကို ပြန်ပြောပေးလို့ သိခဲ့ရတယ်။ အရင်က ဘာဟင်းမှကျွေးလို့မရတဲ့ကလေးက အခု ထမင်းဟင်းတွေကို အားပါးတရစားတတ်လာတာကိုလည်းတွေ့ရတယ်"။ ဆရာမတွေရဲ့ ဝမ်းသာအားရပြောတာလေးကိုကြားပြီး ကျနော်လည်း အပျော်တွေကူးစက်ခဲ့ပါတယ်။ ဒါမျိုးဖြစ်ရပ်လေးက ကလေးအတွက်ရော မိဘအတွက်ရော ဆရာ/ဆရာမတွေအတွက်ရော တကယ့်ဝမ်းသာဂုဏ်ယူစရာမျိုးပါ။
P = A× M× O
Performance = Ability × Motivation × Opportunity လူတစ်ယောက်ရဲ့စွမ်းရည် ၊ သူ့ကိုတွန်းအားဖြစ်စေတဲ့အရာ နဲ့ သူ့အတွက်အခွင့်အလမ်း တို့သည် balance ဖြစ်မှသာလျှင် လူတစ်ယောက်ရဲ့ Performance ကောင်းတစ်ခုကိုရတယ်ဆိုတာမျိုးလို
Student' Progress = Teachers + Parents + Student
ဆရာ ၊ မိဘ ၊ ကျောင်းသား ၃ မျိုးလုံး ၃နားညီတြိဂံကဲ့သို့ အချိုးညီညီ ပူးပေါင်းခြင်းသည်သာ ကျောင်းသားတစ်ယောက်ရဲ့ တိုးတက်ပြောင်းလဲမှုကို မြင်တွေ့ရလိမ့်မည်မှာ မုချဧကန်ပင် ။
မှတ်ချက်။ ။ ကလေးများ အနာဂတ် တိုးတက်ပြောင်းလဲဖို့အတွက် မိဘတိုင်းရဲ့ အချိန်နှင့်မေတ္တာများဖြင့် အားပေးထောက်ပံ့မှု အကူအညီကို အထူးလိုအပ်ပါသည်။
Mega's Remarkable Progress in KG
One Friday morning, I found myself in the KG class. It was around 8 AM, and both KG teachers were preparing warmly to greet their little students. Their gentle smiles added more joy to that lovely morning.
While I was chatting with the teachers, I heard them warmly saying, “Good morning, Mega,” and I turned around. There he was—Mega, walking into the classroom with a lively stride, dressed in Shan traditional pants, carrying his school bag and holding a water bottle. He sweetly greeted his teachers back with, “Good morning, Teachers.” I asked, “Has Mega always been this cheerful? I don’t remember seeing hid smile and laugh like this before.” Both teachers responded, “No, actually, Mega has shown noticeable improvement over the past three months since school started. We’ve been motivated and proud of his progress.”
"At the beginning, he had difficulty climbing stairs to the KG classroom. He didn’t really want to come to school, and even when he did, teachers from the lower floors would have to walk him to our classroom. If not, they’d use a walkie-talkie to inform us that Mega was on his way, and we’d go fetch him. During lunchtime, he would only eat rice, refusing any other side dishes.”
During lessons, his attention span was very short, and he often tore up his worksheets and threw them away out of frustration. He used to get upset frequently, sticking to the corners of the classroom. Sometimes, when his mom scolded him at home, he’d come to school and be in a bad mood for the entire day.”
"We discussed his situation with the principal and the head teacher and had a meeting with his parents. As his class teachers, we would give daily updates on Mega’s behavior and activities to his mother or his aunt, who usually picked him up from school. We also communicated privately through Viber, keeping his mom informed of his progress. His mom actively engaged with us, asking questions and accepting the advice we gave. We also learned that his parents had started paying more attention to him at home.”
"Since August, Mega has noticeably improved. During lessons, he participates more actively, and during Art & Craft sessions, he’s the first to finish his tasks. He now smiles and responds when we greet him, and he’s also initiating conversations with his classmates, something he didn’t do before. Conflicts between him and his friends have also reduced significantly. His mom told us that Mega even completes his homework before playing, which was a big change from before.”
''His mom also shared that on the way to and from school, Mega enjoys reading out loud the license plates of cars he sees along the road. This was another new development! Moreover, he’s now willing to eat different side dishes with his meals, something that was impossible before.”
Hearing the teachers share their joy and pride in Mega’s progress filled me with happiness as well. Stories like this are a source of joy for everyone involved—the child, the parents, and the teachers.
P = A × M × O
Performance = Ability × Motivation × Opportunity
For someone’s performance to truly excel, there needs to be a balance between their ability, motivation, and the opportunities they are given.
Student Progress = Teachers + Parents + Student
The collaboration of teachers, parents, and students, like a well-balanced triangle, is crucial for a student’s growth and progress. This principle holds true without exception.
Note: To foster children’s growth and development, the support, time, and love of parents are absolutely essential.