အင်္ဂလိပ်စကားပြောကို အခြေခံကနေ ယုံကြည်မှုရှိရှိ စပြောကြမယ်! —
Basecamp I (A1) ၃ လသင်တန်း
အင်္ဂလိပ်စာ လေ့လာချင်ပေမယ့် အခြေခံမရှိလို့ စိုးရိမ်နေလား?
Basecamp I အတန်းက သင့်ကို ၃ လအတွင်းမှာ သိသိသာသာ ပြောင်းလဲပေးသွားမှာပါ။ အိမ်စာတွေနဲ့ ဖိအားပေးတာမျိုးမဟုတ်ဘဲ အတန်းထဲမှာတင် ပျော်ပျော်ပါးပါးနဲ့ တန်းပြောနိုင်အောင် အနီးကပ် လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။
၃ လတာအတွင်း ဘာတွေ ပြောင်းလဲသွားမလဲ?
ပထမလ: အင်္ဂလိပ်လို ကိုယ့်အကြောင်းကို အသံထွက် (Pronunciation) မှန်မှန်နဲ့ ယုံကြည်မှုရှိရှိ မိတ်ဆက်တတ်လာမယ်။ ကိုယ့်အလုပ်၊ ခံစားချက်၊ မိသားစုအကြောင်းကို Grammar နည်းစနစ်မှန်မှန်နဲ့ ပြောတတ်၊ ရေးတတ်လာမယ်။
ဒုတိယလ: နေ့စဉ်လုပ်ဆောင်ချက်တွေ၊ အချိန်တွေကို အင်္ဂလိပ်လို ဖော်ပြလာနိုင်မယ်။ နိုင်ငံခြားသားတွေနဲ့ စကားပြောဖို့ မကြောက်တော့ဘဲ မေးခွန်းမေးတာ၊ ဖြေတာ၊ ခွင့်တောင်းတာတွေကို စိတ်တိုင်းကျ ဝါကျတည်ဆောက်လာနိုင်မယ်။
တတိယလ: အတိတ်က ကိုယ့်အတွေ့အကြုံတွေကို ထိထိရောက်ရောက် ပြောတတ်လာမယ်။ အခြေအနေအပေါ် မူတည်ပြီး အကြံပေးတာ၊ လမ်းညွှန်တာတွေကို ရှုထောင့်အမျိုးမျိုးကနေ ကျွမ်းကျင်စွာ ပြောဆိုတတ်လာမှာပါ။
သင်တန်းရဲ့ ထူးခြားချက်:
Speaking ကို အဓိကထားပြီး Games, Activities, Quizzes, Group Work တွေနဲ့ ပျော်ပျော်ပါးပါး သင်ရမှာပါ။
ဘယ်သူတွေတက်ရောက်သင့်လဲ?
ဘယ်သူတွေတက်ရောက်သင့်လဲဆိုရင် အင်္ဂလိပ်စာကို အချိန်တိုအတွင်း လျှင်မြန်စွာတိုးတက်စေချင်သူတွေ၊ ကျောင်းတစ်ခုမှာ အချိန်ကို အကျိုးရှိရှိ အသုံးချချင်သူတွေ၊ ကျောင်းတက်နေတဲ့သူတွေ၊ အလုပ်တစ်ဖက်နဲ့သူတွေ၊ လုပ်ငန်းခွင်မှာ အင်္ဂလိပ်စာကို လိုအပ်နေသူတွေအတွက် ရည်ရွယ်ပါတယ်။
Listening, Reading, Writing လေ့ကျင့်ခန်းတွေလည်း ပါဝင်ပြီး လတိုင်း ဆရာကိုယ်တိုင် သုံးသပ်ချက် (Feedback) ပေးမှာမို့လို့ တိုးတက်မှုမရှိမှာ စိုးရိမ်စရာမလိုပါဘူး။
အချိန်: စနေ + တနင်္ဂနွေ (ညနေ ၅:၀၀ မှ ၆:၃၀ ထိ) - ၁ နာရီခွဲ
ပုံစံ: Zoom Online Class
သင်တန်းကြေး: တစ်လချင်းစီ ၆၅,၀၀၀ ကျပ် / ၃ လစာ တစ်ခါတည်းသွင်းရင် ၁၅၉,၀၀၀ ကျပ်
အင်္ဂလိပ်စာ စကားပြောစွမ်းရည်ကို Level Up ဖို့ အဆင်သင့်ပဲလား? —
Basecamp II (A2) ၃ လသင်တန်း
အင်္ဂလိပ်စာ အခြေခံ ရှိပြီးသားပေမယ့် လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ပညာရေးမှာပဲဖြစ်ဖြစ် ဒီထက်ပိုပြီး အဆင့်မြင့်မြင့်၊ သွက်သွက်လက်လက် ပြောချင်တယ်ဆိုရင်တော့ Basecamp II အတန်းက အသင့်တော်ဆုံးပါပဲ။ ၃ လအပြီးမှာ ဘာသာစကားတင်မကဘဲ အတွေးအမြင်သစ်တွေကိုပါ ရရှိစေမှာပါ။
၃ လတာအတွင်း ဘာတွေ ထူးခြားမလဲ?
ပထမလ: မိမိအကြောင်း၊ မိသားစုနဲ့ သူငယ်ချင်းအကြောင်းကို ရိုးရိုးတင်မဟုတ်ဘဲ အသေးစိတ်နဲ့ စိတ်ဝင်စားစရာကောင်းအောင် Level မြင့် Vocabulary & Grammar တွေသုံးပြီး ယုံကြည်မှုအပြည့်နဲ့ စတင်လေ့ကျင့်သွားပါမယ်။ ကိုယ့်ရဲ့အားလပ်ရက်တွေမှာ ဘာတွေလုပ်ရတာကြိုက်တာတာလဲ၊ ဘယ််နေရာတွေသွားရတာကြိုက်တာလဲ ဆိုတာတွေကိုလည်း ယုံကြည်မှုအပြည့်နဲ့ အသေးစိတ်ပြောလာနိုင်စေမှာဖြစ်ပါတယ်။
ဒုတိယလ: ကိန်းဂဏန်းတွေ၊ အတိုင်းအတာတွေအပြင် မိမိရဲ့ အမြင်ကို နေရာ/အချိန်အလိုက် ဘယ်လို တောင်းပန်မလဲ၊ အကူအညီတောင်းမလဲဆိုတာ သိလာမယ်။ Grammar Tenses တွေကို ထဲထဲဝင်ဝင် လေ့ကျင့်ပြီး Reading & Writing ကိုပါ အစပျိုးပေးပါမယ်။
တတိယလ: အတိတ်နဲ့ အနာဂတ်အကြောင်းတွေကို Tense မှန်မှန်နဲ့ ယုံကြည်မှုရှိရှိ ပြောနိုင်လာမယ်။ Tenses တွေကြားက မတူညီမှုတွေကိုလည်း ခေါင်းစဥ်များစွာနဲ့ အတန်းထဲမှာပဲ လေ့ကျင့်သွားနိုင်မှာဖြစ်ပါတယ်။ နေ့စဉ်ဘဝ ကျန်းမာရေး၊ အကူအညီတောင်းခြင်း၊ အကြောင်းပြန်ခြင်း၊ ဖုန်းပြောဆိုခြင်း လေ့ကျင့်ခန်းတွေကို Role Play တွေနဲ့ လက်တွေ့ကျကျ လေ့ကျင့်သွားမှာပါ။
ဘယ်သူတွေ တက်ရောက်သင့်လဲ?
အချိန်တိုအတွင်း စကားပြော ပိုကျွမ်းကျင်ချင်သူများ၊ ကျောင်းတက်နေသူများ၊ နိုင်ငံခြားပညာရေး ရည်မှန်းထားသူများနှင့် လုပ်ငန်းခွင်မှာ အင်္ဂလိပ်စာ လိုအပ်နေသူများအတွက် အထူးရည်ရွယ်ပါတယ်။
အချိန်: စနေ + တနင်္ဂနွေ (ညနေ ၇:၀၀ မှ ၈:၃၀ ထိ) - ၁ နာရီခွဲ
ပုံစံ: Zoom Online Class
သင်တန်းကြေး: တစ်လချင်းစီ ၈၀,၀၀၀ ကျပ် / ၃ လစာ တစ်ခါတည်းသွင်းရင် ၁၉၉,၀၀၀ ကျပ်
Basecamp Teachers
Basecamp I (A1)
Basecamp II (A2)
Schedule & Fee