Lucky Omar 4U Page သည် ပညာရေးဝန်ထမ်းများ နှင့် ကျောင်းသာကျောင်းသူများ အတွက် ဖွင့်ရုံးခြင်း ဖြစ်ပါတယ်။ ယခု Website ကနေ ပညာရေးသတင်းများ ကို တင်ဆက်သွားမည် ဖြစ်ပါသည်။ ကျောင်းသားများအတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ နှင့် တက္ကသိုလ်တက္ကသိုလ်ဝင်ခွင့် မေဂျာများကိုလည်း တင်ဆက်သွားမည် ဖြစ်ပါသည်။
၂၀၂၅ – ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လျှောက်လွှာ တင်သွင်းခြင်းအတွက် အသိပေးကြေညာချက်
🔹 ကျောင်းဖြေအဖြစ် ဖြေဆိုမည့်သူများ
မိမိ တက်ရောက်နေသည့် ကျောင်းမှ တဆင့်သာ လျှောက်လွှာ တင်သွင်းရမည်။
🔹 ပြင်ပဖြေအဖြစ် ဖြေဆိုမည့်သူများ
မိမိ ဖြေဆိုမည့် မြို့နယ်ပညာရေးမှူးရုံးမှ တဆင့်သာ လျှောက်လွှာ တင်သွင်းရမည်။
📌 လျှောက်လွှာ တင်သွင်းရမည့်ကာလ
၁-၉-၂၀၂၅ မှ ၃၀-၉-၂၀၂၅ ရက်နေ့အထိဖြစ်ပါသည်။
📌 အရေးကြီးသတိပေးချက်များ
ဖြေဆိုခွင့်ကတ်ပြားနှင့် လျှောက်လွှာများကို ဖြေဆိုသူကိုယ်တိုင်သာ ဖြည့်စွက် လျှောက်ထားရမည်။
အချက်အလက်များဖြည့်စွက်ရာတွင် အမည်စာလုံးပေါင်း၊ မွေးသက္ကရာဇ် စသည့် အချက်အလက်များကို ပြည့်စုံမှန်ကန်အောင် ထည့်သွင်းရမည်။
သက်ဆိုင်ရာ ကျောင်းအုပ်ကြီးမှ အတည်ပြုပြီး၊ စာစစ်ဦးစီးဌာနတွင် မှတ်တမ်းတင်ထားသည့်အတိုင်းသာ အောင်လက်မှတ်ထုတ်ပေးမည် ဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးနောက်တွင် ဖြေဆိုသူ၏ အချက်အလက်များကို လုံးဝ ပြင်ဆင်ခွင့်မပြုပါ။
➡ ထိုကြောင့် ဖြေဆိုသူများသည် မိမိအချက်အလက်များကို တိကျမှန်ကန်၊ ပြည့်စုံအောင် ကိုယ်တိုင် ဂရုပြု ဖြည့်သွင်းရန် တိုက်တွန်းအပ်ပါသည်။တိုက်တွန်းအပ်ပါသည်။
တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ချက်များကို အချိန်မှီ ယခု Websideကနေတစ်ဆင့် တင်ဆက်သွားပါမည် ဖြစ်ပါသည်။
၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူများကို သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးမှ လက်ဆောင်ငွေ ပေးအပ်လျက်ရှိပါသည်။
၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူများကို သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးမှ လက်ဆောင်ငွေ ပေးအပ်
ပညာရေးသတင်း ကြိုတင် အသိပေးအပ်ရန် အတွက် ယခု Website ကို ဖွင့်ရုံးပါပဲ။ ပညာရေးနဲ့ ပက်သတ်ပြီ အချိန်မရွေး အကူအညီ တောင်းဆိုနိုင်ပါသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာချက်
နေပြည်တော် ဩဂုတ် ၂၂
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက် မိမိတို့စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူး များ (အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများ)ထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ်ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့်ပုံစံစာအိတ်ကို စက်တင်ဘာလ ၂ ရက် (အင်္ဂါနေ့) မှစ၍ ကိုယ်တိုင်ထုတ်ယူကြရန်ဖြစ်သည်။
အဆိုပါတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအိတ်ကို စက်တင်ဘာလ ၂ ရက်မှ စက်တင်ဘာ လ ၁၉ ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များအပါအဝင် (ပိတ်ရက် မရှိ) အောက်ပါတက္ကသိုလ်များတွင် လက်ခံမည်ဖြစ်ပါသည်-
၁)မြစ်ကြီးနားတက္ကသိုလ်
(၂)လွိုင်ကော်တက္ကသိုလ်
(၃) ဘားအံတက္ကသိုလ်
(၄)ဟားခါးတက္ကသိုလ်
(၅)မုံရွာတက္ကသိုလ်
(၆)ရွှေဘိုတက္ကသိုလ်
(၇)စစ်ကိုင်းတက္ကသိုလ်
(၈)ထားဝယ်တက္ကသိုလ်
(၉)တောင်ငူတက္ကသိုလ်
(၁၀)ပြည်တက္ကသိုလ်
(၁၁) ပဲခူးတက္ကသိုလ်
(၁၂) မကွေးတက္ကသိုလ်
(၁၃) ပခုက္ကူတက္ကသိုလ်
(၁၄) မန္တလေးအဝေးသင်တက္ကသိုလ်
(၁၅) မိတ္ထီလာတက္ကသိုလ်
(၁၆) ကျောက်ဆည်တက္ကသိုလ်
(၁၇) မော်လမြိုင်တက္ကသိုလ်
(၁၈) စစ်တွေတက္ကသိုလ်
(၁၉) ရန်ကုန်အဝေးသင်တက္ကသိုလ်
(၂၀) တောင်ကြီးတက္ကသိုလ်
(၂၁) ကျိုင်းတုံတက္ကသိုလ်
(၂၂) ပုသိမ်တက္ကသိုလ်
(၂၃) ဟင်္သာတတက္ကသိုလ်
(၂၄) မအူပင်တက္ကသိုလ်
သတ်မှတ်ရက်ကျော်လွန်မှ လျှောက်ထားသူများသည် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရမည်။ အသေးစိတ်သိရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖုန်း- ၀၁၇-၅၀၃၁၄၇ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းရရှိသည်။
#luckyomar_4upag