Terms of Service
Effective: November 12, 2026
Welcome to LEO VPN. By using this app you agree to the following terms. If you do not accept them and our Privacy Policy, please do not use the app.
စတင်အသက်ဝင်သည့်ရက်: ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်
LEO VPN မှ ကြိုဆိုပါတယ်။ ဤ App ကို အသုံးပြုခြင်းဖြင့် အောက်ပါ စည်းကမ်းချက်များကို သဘောတူပါသည်။ ဤစည်းကမ်းချက်များနှင့် Privacy Policy ကို လက်မခံပါက App ကို အသုံးမပြုပါနှင့်။
1. Purpose of the App / App ၏ ရည်ရွယ်ချက်
LEO VPN is made mainly for students, to support learning and education, and to help users access information on the internet.
LEO VPN ကို ကျောင်းသားများအား အဓိက ရည်ရွယ်ပြီး သင်ကြားရေးတွင် အထောက်အကူပြုရန်နှင့် User များအား ကူညီရန်သာ ရည်ရွယ်ပါသည်။
2. Who may use it / အသုံးပြုခွင့်
You must be at least 13 years old. If you are under 18, you need the permission of a parent or guardian.
အသက် ၁၃ နှစ်နှင့်အထက် ဖြစ်ရပါမည်။ အသက် ၁၈ နှစ်အောက်ဖြစ်ပါက မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ ခွင့်ပြုချက် လိုအပ်ပါသည်။
3. Free plan and Premium / အခမဲ့ပလန်နှင့် Premium
Free plan: one shared server. Each connection lasts up to 30 minutes on every device. This version does not show ads. When the time ends you are disconnected and can connect again.
Premium: unlimited data, limited by time (days). Each key can be used on one device only. When the time ends, the connection stops until the plan is renewed.
အခမဲ့ပလန်: မျှဝေသုံးစွဲသော ဆာဗာတစ်ခု။ စက်တိုင်းတွင် ချိတ်ဆက်မှုတစ်ကြိမ်လျှင် အများဆုံး ၃၀ မိနစ် ဖြစ်ပါသည်။ ဤဗားရှင်းတွင် ကြော်ငြာ မပါပါ။ အချိန်ကုန်ပါက ချိတ်ဆက်မှု ပြတ်သွားပြီး ပြန်လည်ချိတ်ဆက်နိုင်ပါသည်။
Premium: ဒေတာ အကန့်အသတ်မရှိဘဲ ရက်ဖြင့်သာ ကန့်သတ်ထားပါသည်။ Key တစ်ခုကို စက်တစ်လုံးတွင်သာ အသုံးပြုနိုင်ပါသည်။ သက်တမ်းကုန်ဆုံးပါက သက်တမ်းမတိုးမချင်း ချိတ်ဆက်မှု ရပ်တန့်ပါမည်။
4. Acceptable use / သင့်လျော်သော အသုံးပြုမှု
You are fully responsible for how you use LEO VPN. Do not use it for anything illegal, including fraud, hacking, spam, attacks on other systems, or content that harms or exploits children. Do not share, resell or publish Premium keys, and do not try to copy, break or tamper with the app or our servers. Any activity that does not comply with the law is your own responsibility and is not related to the app.
LEO VPN ကို မည်သို့အသုံးပြုသည်ဆိုသည်မှာ အသုံးပြုသူ၏ တာဝန်ဖြစ်ပါသည်။ လိမ်လည်မှု၊ hacking၊ spam၊ အခြားစနစ်များကို တိုက်ခိုက်ခြင်းနှင့် ကလေးများကို ထိခိုက်စေသော သို့မဟုတ် ခိုင်းစေသော အကြောင်းအရာများ အပါအဝင် တရားမဝင်သည့်အရာများအတွက် မသုံးပါနှင့်။ Premium key များကို မျှဝေခြင်း၊ ပြန်လည်ရောင်းချခြင်း၊ ထုတ်ပြန်ခြင်း မပြုပါနှင့်။ App သို့မဟုတ် ဆာဗာများကို မိတ္တူကူးခြင်း၊ ဖောက်ထွင်းခြင်း၊ ပြင်ဆင်ခြင်း မပြုပါနှင့်။ ဥပဒေနှင့် မကိုက်ညီသော လုပ်ဆောင်ချက်များသည် App နှင့် မသက်ဆိုင်ဘဲ မိမိနှင့်သာ သက်ဆိုင်ပါသည်။
5. Payments / ငွေပေးချေမှု
Premium keys are sold through our official Telegram account (@leovpnoffice). Please check the plan and price before you pay. Refund requests are handled case by case through support.
Premium key များကို ကျွန်ုပ်တို့၏ တရားဝင် Telegram အကောင့် (@leovpnoffice) မှ ရောင်းချပါသည်။ ငွေမပေးမီ ပလန်နှင့် ဈေးနှုန်းကို စစ်ဆေးပါ။ ငွေပြန်အမ်းရန် တောင်းဆိုမှုများကို ကူညီရေးမှတစ်ဆင့် အမှုတစ်ခုချင်းစီအလိုက် ဆောင်ရွက်ပေးပါမည်။
6. Ads / ကြော်ငြာများ
This version of LEO VPN does not show ads.
LEO VPN ၏ ဤဗားရှင်းတွင် ကြော်ငြာ မပါဝင်ပါ။
7. Service and Security Disclaimer / ဝန်ဆောင်မှုနှင့် လုံခြုံရေး တာဝန်မယူခြင်း
LEO VPN is provided "as is" and "as available". Speed, coverage and server availability can change. We do not take responsibility for any security problems, data loss, damage or service interruption that may happen while using the app or any server added to it. Servers you add yourself are your own responsibility.
LEO VPN ကို "ရှိသည့်အတိုင်း" ပေးအပ်ပါသည်။ အမြန်နှုန်း၊ လွှမ်းခြုံမှုနှင့် ဆာဗာရရှိမှုတို့ ပြောင်းလဲနိုင်ပါသည်။ App ကို အသုံးပြုစဉ် ဖြစ်ပေါ်လာနိုင်သော လုံခြုံရေး ပြဿနာများ၊ ဒေတာ ဆုံးရှုံးမှုများနှင့် ဝန်ဆောင်မှု ပြတ်တောက်မှုများအတွက် တာဝန်ယူမည် မဟုတ်ပါ။ မိမိကိုယ်တိုင် ထည့်သော ဆာဗာများသည် မိမိ၏ တာဝန်ဖြစ်ပါသည်။
8. Suspension / ရပ်ဆိုင်းခြင်း
We may suspend or end access, without refund where the law allows, if you break these terms or abuse the service.
ဤစည်းကမ်းချက်များကို ဖောက်ဖျက်ပါက သို့မဟုတ် ဝန်ဆောင်မှုကို အလွဲသုံးစားလုပ်ပါက ဥပဒေက ခွင့်ပြုသလောက် ငွေပြန်အမ်းခြင်းမရှိဘဲ အသုံးပြုခွင့်ကို ရပ်ဆိုင်း သို့မဟုတ် ပိတ်ပင်နိုင်ပါသည်။
9. Ownership / ပိုင်ဆိုင်မှု
The LEO VPN name, logo, design and software belong to LEO VPN. You may use the app for personal, non-commercial use. Open-source parts of the app stay under their own licenses.
LEO VPN အမည်၊ logo၊ ဒီဇိုင်းနှင့် software များသည် LEO VPN ပိုင်ဆိုင်ပါသည်။ ကိုယ်ရေးကိုယ်တာ၊ စီးပွားရေးမဟုတ်သော အသုံးပြုမှုအတွက်သာ အသုံးပြုနိုင်ပါသည်။
10. Privacy Policy / ကိုယ်ရေးလုံခြုံမှု
You may use LEO VPN only after accepting our Privacy Policy: https://sites.google.com/view/leovpn
Privacy Policy ကို လက်ခံမှသာ App ကို အသုံးပြုခွင့် ရှိပါသည်။
11. Changes / ပြင်ဆင်ပြောင်းလဲခြင်း
LEO VPN may update, suspend or stop its services, or change these terms, at any time. You may be asked to accept the new terms again. These terms are governed by the laws that apply where the operator of LEO VPN is based.
ဝန်ဆောင်မှုများနှင့် ဤစည်းကမ်းချက်များကို အချိန်မရွေး ပြင်ဆင်နိုင်ပြီး စည်းကမ်းချက်အသစ်ကို ထပ်မံ သဘောတူရန် တောင်းဆိုနိုင်ပါသည်။ ဤစည်းကမ်းချက်များသည် LEO VPN ကို လည်ပတ်သူ တည်ရှိရာနေရာတွင် သက်ရောက်သော ဥပဒေများအောက်တွင် ရှိပါသည်။
12. Contact / ဆက်သွယ်ရန်
Email: fastestteam27@gmail.com
Telegram: @leovpnoffice
By using LEO VPN, you confirm that you have read and agreed to these Terms of Service.
LEO VPN ကို အသုံးပြုခြင်းဖြင့် ဤစည်းကမ်းချက်များကို ဖတ်ရှုပြီး သဘောတူကြောင်း အတည်ပြုပါသည်။