What is Khan Academy?
Discord Server for self learners is now opened!
What is Khan Academy?
Khan Academy အကြောင်း ကို Learner တို့ သိရှိပြီးကြပြီလား?🧐
Khan Academy ဆိုတာကတော့ မတူညီတဲ့ ခေါင်းစဉ်ပေါင်း ၅၀၀၀ ကျော်ကို ပညာရေးဆိုင်ရာ ဗီဒီယိုတိုတွေအဖြစ် လုပ်ဆောင်ပေးပြီး ဖန်တီးပေးတဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ Khan Academy မှာဆိုရင် ဗီဒီယိုတွေနဲ့ သင်ယူမှုကို မြှင့်တင်ပေးတဲ့ ပညာရှာဖွေသူတွေအတွက် အလေ့အကျင့် ပြဿနာများနဲ့ လေ့ကျင့်ခန်းတွေ အပါအဝင် ပညာရေးဆိုင်ရာအထောက်အကူတွေလည်း ပါရှိပါတယ်နော်။
Khan Academy ကကျောင်းသားတွေကို ၎င်းတို့ရဲ့ လက်ရှိနားလည်မှုအဆင့်ကနေ အတိုင်းအတာတစ်ခုအထိ သင်ခန်းစာတွေကနေမှတစ်ဆင့် ကိုယ့်ကိုယ်ကို အရှိန်အဟုန်မြှင့်တင်နိုင်ဖို့ အခွင့်အရေးပေးကာ သင်ခန်းစာတစ်ခုအတွင်းမှာ အကြောင်းအရာတစ်ခုကို ကျွမ်းကျင်ပြီးမှ သင်ယူသူတွေကို နောက်သင်ခန်းစာတွေဆက်လုပ်နိုင်ဖို့ ပို့ဆောင်ပေးပါတယ်။ Khan Academy ကိုတော့၂၀၀၄ ခုနှစ်မှာ စစ်မှန်ပြီး နှိမ့်ချတဲ့ အရင်းမြစ်အဖြစ်နဲ့ တည်ထောင်ခဲ့ပြီးတော့ ၎င်းရဲ့ ဝမ်းကွဲတွေထဲက တစ်ယောက်ကို သင်ကြားပေးဖို့ ကနေအစပြုပြီးတော့ ဗီဒီယိုတွေကို အသုံးပြုခဲ့တဲ့ Salman Khan ကတည်ထောင်ခဲ့တာဖြစ်ပါတယ်။ Khan Academy ရဲ့အကောင်းဆုံးအပိုင်းမှာဆိုရင် မည်သူမဆိုနှင့် လူတိုင်းအတွက် လုံးဝအခမဲ့ဖြစ်ပြီးတော့ အဲ့ဒီ Policy ကို အမြဲထိန်းသိမ်းထားဖို့လည်း သန္နိဋ္ဌာန်ချထားပါတယ်နော်။ 🤯
အခုလို Educational Website တစ်ခုဖြစ်တဲ့ Khan Academy အကြောင်းကို Learner တို့သိရှိစေဖို့မျှဝေပေးလိုက်ပါတယ်နော်😉။ Khan Academy အကြောင်း ထပ်မံသိရှိချင်တယ် ဒါမှမဟုတ် အခြားသော Educational Websites တွေကိုပါသိရှိချင်လိုမယ်ဆို အောက်မှာပေးထားတဲ့ Survey form link မှာပြောပြပေးနိုင်ပါတယ်နော်။ Form link ကအမြဲဖွင့်ထားတာမို့လို့ ကြိုက်တဲ့အချိန်တိုင်းပြောပြပေးနိုင်ပါတယ်နော်။
Survey form link : https://forms.gle/U8EY9mJTTEhcKfDFA
Anything you would like to suggest to Learners Platform: https://forms.gle/aMQ6TxG8J7uvGMjr5
အသစ်သစ်သော အကြောင်းအရာများကို အချိန်နဲ့ တပြေးညီ သိရှိစေဖို့ page ကို Like & Follow လုပ်ထားနိုင်ပါတယ်။